Home Knowledge အမြင့်တွင်နေထိုင်ခြင်းနှင့် ကိုယ့်ကိုယ်ကို သတ်သေခြင်းတို့ ဆက်နွယ်နေကြောင်းတွေ့ရှိ

အမြင့်တွင်နေထိုင်ခြင်းနှင့် ကိုယ့်ကိုယ်ကို သတ်သေခြင်းတို့ ဆက်နွယ်နေကြောင်းတွေ့ရှိ

0
အမြင့်တွင်နေထိုင်ခြင်းနှင့် ကိုယ့်ကိုယ်ကို သတ်သေခြင်းတို့ ဆက်နွယ်နေကြောင်းတွေ့ရှိ

အမေရိကန်ပြည်ထောင်စုမှ သုတေသနပညာရှင်များသည် ၄င်းတို့၏ လေ့လာချက်အသစ်အရ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းမြင့်မားခြင်းတွင် အခြားအရာများနှင့် အတူ အမြင့်တွင်နေထိုင်ခြင်းကည်း ပတ်သက်လျက်ရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ အမြင့်တွင်နေထိုင်သောအခါ အောက်ဆီဂျင် လုံလောက်စွာမရရှိမှုကြောင့် ခန္ဓာကိုယ်တွင်းဇီဝဖြစ်ပျက်မှုဆိုင်ရာ ဖိစီးမှုကိုဖြစ်ပေါ်စေပြီး မိမိကိုယ်ကို သတ်သေရန်လှုံ့ဆော်မှု ပေးသည်ဟုဆိုသည်။

အထူးသဖြင့် စိတ်ခံစားမှုပိုင်းဆိုင်ရာ မူမမှန်သည့် ရောဂါရှိသူများနှင့် စိတ်ကျရောဂါရှိနေသူများတွင် ပိုမိုဆိုးရွားစေနိုင်သည်ဟု အမေရိကန်ပြည်ထောင်စု စိတ်ပညာဂျာနယ်၌ ဖော်ပြသည်။ အမေရိကန်ပြည်ထောင်စုအတွင်း မြေမျက်နှာပြင်အမြင့်ပိုင်၌ နေထိုင်သူများတွင် မိမိကိုယ်ကို သတ်သေမှုနှုန်း အများဆုံးဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

အမေရိကန်ပြည်ထောင်စု ရောဂါကာကွယ်ရေးနဲ့ ကုသရေး ဗဟိုဌာနမှ စုဆောင်းထားသော နှစ် ၂ဝကြာ အချက်အလက်များကို လေ့လာရာမှ အဆိုပါ အကြောင်းအရာကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ မိမိကိုယ်မိမိ သတ်သေမှုနှုန်းအများဆုံးမှာ အမြင့်ပိုင်းတွင်ရှိသည့်ပြည်နယ်များဖြစ်ပြီး ယင်းတို့မှာ မွန်တာနာ၊ အီဒါဟို၊ ၀ိုမင်း၊ ယူတက်၊ ကော်လိုရာဒို၊ နီဘားဒါး၊ နယူးမက္ကဆီကို၊ အရီဇိုးနားနှင့် အော်ရီဂွန်တို့ဖြစ်ကြောင်း သိရသည်။

ပင်လယ်မျက်နှာပြင်အထက် ပေပေါင်း ၆၅ဝဝတွင်နေထိုင်ခြင်းက မိမိကိုယ်မိမိ သတ်သေမှုနှုန်း ပိုမိုမြင့်မားစေသည်ဟု ဆိုသည်။ သို့သော်လည်း အမြင့်တွေ နေထိုင်ခြင်းဆိုသည်မှာ တိုက်ခန်းများနှင့် နေထိုင် ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ သဘာဝကုန်းမြေမြင့် မှာ သဘာဝအတိုင်း ကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင်နိုင် ရင်တော့ နှလုံးရောဂါကြောင့် သေဆုံးခြင်းကိုလည်း လျော့ချပေးတယ်လို့ ဆိုထားပြန်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: