Home Knowledge Inspiration ကြီးကျယ် မြင့်မြတ်သော ခေါင်းဆောင်နှင့် ညံ့ဖျင်းသော ခေါင်းဆောင်တို့ အကြား ကွာခြားချက်(၈)ချက်

ကြီးကျယ် မြင့်မြတ်သော ခေါင်းဆောင်နှင့် ညံ့ဖျင်းသော ခေါင်းဆောင်တို့ အကြား ကွာခြားချက်(၈)ချက်

0
ကြီးကျယ် မြင့်မြတ်သော ခေါင်းဆောင်နှင့် ညံ့ဖျင်းသော ခေါင်းဆောင်တို့ အကြား ကွာခြားချက်(၈)ချက်

ယနေ့ခေတ်ကာလတွင် ပြည်သူလူထုအကြား ဆူညံနေတဲ့အသံတစ်သံက ခေါင်းဆောင်၊ခေါင်းဆောင်မှု၊ ခေါင်း ဆောင်ကတော်တာကိုး၊ခေါင်းဆောင်မှအသုံးမကျတာ စတဲ့အသံဗလံများပဲဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ ကျောက် ခေတ်ဂူနေလူသားဘဝကနေ ယနေ့ခေတ်ဆီသို့ လူ့အဖွဲ့အစည်းတစ်ခုလုံးကို တစ်ဆင့်ချင်း လက်တွဲ ခေါ်လာ တာလည်း ခေါင်းဆောင်နဲ့ ခေါင်းဆောင်မှုပါပဲ။ မိသားစုတစ်စုကနေ နိုင်ငံတစ်နိုင်ငံအဆုံး ဂုဏ်ကျက်သရေကို ရုပ်လုံးဖေါ်ပေးတာကလည်း ခေါင်းဆောင်နဲ့ ခေါင်းဆောင်မှုပင်ဖြစ်ပါတယ်။ တစ်ချို့ကပြောချင် ပြောပါမယ်။ ခေါင်းဆောင်ကောင်းပေမယ့် နောက်လိုက်မကောင်းရင် ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့။ ဒါလည်းမှန်ပါတယ်။ ဒီထက်မှန်တာပြောရရင် ကြီးကျယ်မြင့်မြတ်တဲ့ ခေါင်းဆောင်နဲ့ ခေါင်းဆောင်မှုဆိုတဲ့စကားလုံးတွေဟာ နောက်လိုက် ကောင်းတွေရှိနေလို့သာပေါ်ထွက်လာတဲ့ စကားလုံးတွေဖြစ်ပါတယ်။ ကဲဒါဆိုရင် ကြီးကျယ် မြင့်မြတ်တဲ့ ခေါင်းဆောင်နဲ့ ညံ့ဖျင်းတဲ့ခေါင်းဆောင်ကြား ဘာတွေကွာသလဲဆိုတာကြည့်ရအောင်ပါ။

(၁) ခေါင်းဆောင်ကောင်းတွေက ပြည်သူတွေအကြားက စွမ်းအားကို မြင်နိုင်ကြပေမယ့် ညံ့ဖျင်းတဲ့ခေါင်း ဆောင်တွေကတော့ အပြစ်အနာအဆာကိုပဲမြင်နိုင်ကြတယ်။

(၂) ခေါင်းဆောင်ကောင်းတွေက အကောင်းမြင်ကြပြီးသူတပါးကို အမြဲအားပေးအားမြှောက်ပြုတတ်ပါ တယ်။ ညံ့ဖျင်းတဲ့ခေါင်းဆောင်ကတော့ အဆိုးမြင်တတ်ပြီး ကိုယ့်အဖွဲ့ဝင်တွေကို အမြဲ အပြစ်တင်တတ်တယ်။

(၃) ခေါင်းဆောင်ကောင်းက ပြည်သူတွေ တိုးတက်အောင်မြင်ဖို့ စိတ်ဓာတ်ခွန်အားတွေ တက်လာ အောင်လှုံ့ဆော်ပေးပေမယ့် ညံ့ဖျင်းတဲ့ခေါင်းဆောင်ကတော့ ပြည်သူတွေကြီးပွားတိုးတက်ရေးကို ဂရုမစိုက်ပါဘူး။

(၄) ခေါင်းဆောင်ကောင်းက ပြည်သူတွေကို အကောင်းဆုံးအနေအထားမှာ ရွေးချယ်နေရာပေးပြီး ပြည်သူ တွေရဲ့စွမ်းဆောင်ရည်ကို အကောင်းဆုံးဖြစ်စေတယ်။ ညံ့တဲ့ခေါင်းဆောင်ကတော့ ပြည်သူတွေကို အသုံးချပြီး သူတို့အတွက်အမြတ်ထုတ်ကြတယ်။

(၅) ခေါင်းဆောင်ကောင်းတွေက ပွင့်လင်းတဲ့ ဆက်ဆံရေးကို တန်ဖိုးထားပေမယ့် ညံ့ဖျင်းတဲ့ခေါင်းဆောင်တွေက ပွင့်လင်းမြင်သာမှုကို တန်ဖိုးမထားကြပါဘူး။

(၆) ခေါင်းဆောင်ကောင်းတွေက ထူးဆန်းတဲ့ အတွေးအခေါ်တွေနဲ့ အသစ်အဆန်းတွေကို လမ်းဖွင့်ပေးပေမယ့် ညံ့ဖျင်းတဲ့ခေါင်းဆောင်တွေကတော့ ပြောင်းလဲခြင်းကိုရွှံ့မုန်းကြပြီး စွန့်စားမှုကိုလည်းမလုပ်ချင်ကြဘူး။

(၇) ခေါင်းဆောင်ကောင်းတွေက အလုပ်တာဝန်ခွဲဝေပေးရမယ့်အချိန်ကို သိကြပြီး ညံ့ဖျင်းတဲ့ခေါင်း    ဆောင်ကတော့ အသေးအဖွဲကအစ စီမံတယ်။

(၈) ခေါင်းဆောင်ကောင်းတွေက မိမိအဖွဲ့သားတွေရဲ့ အထောက်အပံ့အကူအညီတွေအတွက် ကျေးဇူးတင်ကြပြီး ညံ့ဖျင်းတဲ့ ခေါင်းဆေင်တွေကတော့ မိမိအဖွဲ့သားများကို တန်ဖိုးမထားတဲ့အပြင် အချိန်မရွေး အစားထိုးနိုင်တယ်လို့ တွေးကြတယ်။

ကဲ ဒါဆိုရင် သင်ဟာ အခြေခံကျတဲ့ ခေါင်းဆောင်တို့ရဲ့ အဓိက လိုအပ်တဲ့အရည်အချင်း (၈) ရပ်ကို နားလည်သဘောပေါက်ပြီလို့ ယုံကြည်ပါတယ်။ သင့်ရဲ့လုပ်ရပ်တွေကို ပြန်လည်ဆန်းစစ်ပြီး ပြောင်းလဲသင့်က ပြောင်းလဲလိုက်ပါ။ အချိန်တွေ ရှိပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: