Home Entertainment သင်မသိသေးတဲ့ ဒေါ်နယ်ထရမ့်တို့ မိသားစု အကြောင်း

သင်မသိသေးတဲ့ ဒေါ်နယ်ထရမ့်တို့ မိသားစု အကြောင်း

0
သင်မသိသေးတဲ့ ဒေါ်နယ်ထရမ့်တို့ မိသားစု အကြောင်း

လာမယ့် ၂၀၁ရခုနှစ် ဇန်နဝါရီလ မှာ အမေရိကန်နိုင်ငံရဲ့ ၄၅ယောက်မြောက် သမ္မတအဖြစ် တင်မြှောက်ခြင်းခံရမယ့် ဒေါ်နယ်ထရမ့် ရဲ့ ရှုပ်ထွေးလှတဲ့ မိသားစုအကြောင်းကို Nickiswift website ကနေ ဘာသာပြန်တင်ဆက်လိုက်ရပါတယ်။ အားလုံးသိကြတဲ့အတိုင်း ဒေါ်နယ်ထရမ့် ဟာ သမ္မတအဖြစ်ရွေးချယ်တင်မြှောက် အနိုင်ရရှိခဲ့ပေမယ့် သူ့ကို မကျေနပ်တဲ့သူ၊ လက်မခံတဲ့ သူတွေလည်း အများကြီးရှိသလို မဲအနိုင်ရရှိတာက ရုရှားဟက်ကာတွေရဲ့ အကူအညီကြောင့်လို့လဲ သတင်းထွက်နေတာလဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတသမိုင်းကြောင်း တစ်လျှောက်မှာ ထူးခြားတဲ့သူ တစ်ယောက်လဲ ဖြစ်နေပါတယ်။

၁။ မိသားစု

ဒေါ်နယ်ထရမ့် ဟာ အမေရိကန် နိုင်ငံရဲ့ ထင်ရှားလှတဲ့ သူဌေးတစ်ယောက်ဖြစ်သလို သူ့မှာ တရားဝင် အမျိုးသမီး ၃ယောက်နဲ့ ကလေး ၅ယောက်ရှိပါတယ်။ ဒါ့အပြင် သတင်းများအရ မိသားစုအတွင်းပိုင်ဆိုင်မှုနဲ့အုပ်ချုပ်မှုမှာ အငြင်းပွားဖွယ်ရာကိစ္စများရှိနေပြီး အများရဲ့ အမြင်မှာ လည်း ရှုံ့ချဖွယ်ရာ ဖြစ်တယ်လို့ သိရပါတယ်။

၂။ အမျိုးသမီး ၂ဦးကို တရားဝင် ကွာရှင်းခဲ့တဲ့ ပထမဆုံးသော အမေရိကန်ရွေးကောက်ခံသမ္မတ

အမှန်တစ်ကယ်တော့ ထရမ့်မှာ မိန်းမ (၅) ယောက်ထိရှိခဲ့ပါတယ်။ ၂ဦးကို တရားဝင်ကွာရှင်းလိုက်တဲ့အတွက် လက်ရှိမှာတော့ တရားဝင် မိန်းမ (၃) ဦး ဖြစ်နေတာပါ။ ဒါ့အပြင် အမေရိကန် သမ္မတအစဉ်အဆက်မှာလဲ ပထမဆုံး အမျိုးသမီး (၂) ဦးကို ကွာရှင်းခဲ့တဲ့ သမ္မတအဖြစ် လည်း ပြောစမှတ်ဖြစ်နေအုံးမှာပါ။ ထို အမျိုးသမီး(၂) ဦးကို ကွာရှင်းခဲ့တဲ့အတွက် ဒေါ်နယ်ထရမ့်ဟာ စုစုပေါင်း ဒေါ်လာ ၂ရမီလီယံကျော် အလျော်ပေးလိုက်ရပါတယ်။

၃။ ထရမ့်ရဲ့ မယားကြီးကတော့ ၀ါရှင်တန်မှာ မနေဘူးလို့ပြောလိုက်ပါတယ်။

အမေရိကန်သမ္မတဖြစ်လာရင်တော့ ၀ါရှင်တန် မှာရှိတဲ့ အိမ်ဖြူတော်မှာ နေထိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ထရမ့်ရဲ့ မယားကြီးကတော့ လိုက်မနေဘူး ပြောသလို အချိန်ပိုင်းလောက်ဘဲ နေထိုင်မယ်လို့လဲ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ အသက် (၁၀) နှစ်သာ ရှိသေး တဲ့ ဘာရွန် လို့ အမည်ရတဲ့ ကလေးရဲ့ ကျောင်းတက်ရောက်မှုကြောင့် ဖြစ်ပါတယ်။ တစ်နှစ်လျှင် ဒေါ်လာ ၄၀၀၀၀ သွင်းရတဲ့ မူလတန်း ကျောင်းမှာ ဘာရွန်ကို ကျောင်းထားထား တာဖြစ်ပြီး ဘာရွန်ရဲ့ ပညာရေးကြောင့် ၀ါရှင်တန်ကို မပြောင်းဘဲ နယူးယောက်ခ် မြို့တော်မှာဘဲ နေလိုတယ်လို့ ပြောတာ ဖြစ်ပါတယ်။

၄။ ထရမ့် ရဲ့ အိမ်တော်ဟာ ဒုတိယ အိမ်ဖြူတော်ဖြစ်လာပါမယ်။

ဒါဟာ နောက်ပြောင်နေတယ်လို့တောင် ထင်ရပါတယ်။ အမေရိကန် သမ္မတအဆက်ဆက် နေထိုင်ရတာက ၀ါရှင်တန် မှာရှိတဲ့ အိမ်ဖြူ တော်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ထရမ့်ကိုယ်တိုင် ကတော့ အိမ်ဖြူတော်မှာ အချိန်ပိုင်းဘဲ နေမှာဖြစ်ပြီး နယူးယောက်ခ် မြို့တော်မှာ ရှိတဲ့ ထရမ့်တာဝါမှာ ဘဲ အများအား ဖြင့် နေထိုင်လိုတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ သမ္မတလုံခြုံရေးအတွက် ဘယ်သူက ဘယ်လို ဆုံးဖြတ်မလဲဆိုတာ အသေးစိတ်မသိရသေးပါဘူး။ အကယ်၍များ ခွင့်ပြုခဲ့ရင်တော့ ထရမ့်တာဝါဟာ အမေရိကန်နိုင်ငံရဲ့ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာအချို့နဲ့ ဆုံးဖြတ်ချက်အချို့ကို လုပ်ကိုင်ခွင့်ရတဲ့ နေရာလို ဖြစ်လာမှာပါ။

၅။ ထရမ့်ရဲ့ စီးပွားရေး အတော်များများကို သားသမီးတွေကသာ စီမံ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့် ဟာ ကမ္ဘာကျော် သူဌေးကြီး ဖြစ်နေပေမယ့် သူ့ရဲ့ စီးပွာရေးတွေကို အသေးစိတ် တစ်ခုခြင်းဆီ စီမံတာ မဟုတ်ပါဘူး။ သူ့ရဲ့ နောက်ကွယ်မှာ သေချာသင်ကြားပျိုးထောင်ပေးထားတဲ့ သားသမီးတွေက စီမံဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါပေမယ့် အတော်များများကတော့ ထရမ့် ကိုယ်တိုင် လုပ်တယ်ထင်ကြပါတယ်။

၆။ ထရမ့်ရဲ့ သားနှစ်ယောက်မှာ အမဲလိုက်တဲ့ ၀ါသနာရှိကြတယ်။

ဒီဘက်ခေတ်ကြီးမှာ အမဲလိုက်လို့ရအုံးပါ့မလားလို့ အတော်များများက ထင်ကြေးပေးပါလိမ့်မယ်။ ဒါပေမယ့် ထရမ့်ရဲ့ သားနှစ်ယောက် ကတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ လိုင်စင်ဆောင်ပြီး အမဲလိုက်ကြတာဖြစ်ပါတယ်။ ကျားသစ်နဲ့ ဆင် ကို တောင်အမဲလိုက်ခဲ့ဖူးတာကြောင့် နာမည်ကြီး ခဲ့ပါသေးတယ်။ သွေးအလိမ်းလိမ်းနဲ့ သားကောင်တွေနဲ့အတူ ဓာတ်ပုံရိုက် မှတ်တမ်းတင်ရတာ သူတို့အတွက် ဂုဏ်ယူစရာ အလုပ် တစ်ခုလိုဖြစ်ပါတယ်။

၇။ ထရမ့်ဟာ သူ့ရဲ့ သားမက်ကို ပိုပြီးအလေးထားတယ်။

ထရမ့်ရဲ့ သမီးနဲ့လက်ထပ်ထားတဲ့ Jared Kushner ဟာ ဦးစားအလေးပေးခံရတဲ့သူ တစ်ယောက်လဲဖြစ်ပါတယ်။ ထရမ့်ရဲ့ အတွင်းရေးတွေ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာနဲ့ အရေးကြီးတဲ့ကိစ္စတွေကို တာဝန်ပေးတဲ့အခါ Jared Kushner ဟာ ထမ်းဆောင်ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းအချို့ကိုလဲ ထရမ့်ရဲ့ သားမက်ကဘဲ ဦးဆောင်တာဖြစ်ပါတယ်။

၈။ ထရမ့်ရဲ့ သမီး Tiffany Trump ဟာ အဆိုတော်လုပ်ခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ပါဘူး။

Tiffany Trump ကတော့ ထရမ့်ရဲ့ သမီး အငယ်ဆုံး ဖြစ်ပြီး သူမရဲ့ အဖြစ်ချင်ဆုံး ဆန္ဒကတော့ Pop Star တစ်ယောက် ဖြစ်လာဖို့ဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူမရဲ့ အသံကြောင့် ဘယ်လိုမှ အဆိုတော်ဖြစ်လာမှာတော့ မဟုတ်ပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: