Home News ၂၀၁၆ ခုနှစ်၏ ဒေါင်းလုပ်ဆွဲမှု အကြိမ်ရေ အများဆုံးအဖြစ် Super Mario Run ဂိမ်း တစ်ရက်ထဲနှင့် စံချိန်တင်

၂၀၁၆ ခုနှစ်၏ ဒေါင်းလုပ်ဆွဲမှု အကြိမ်ရေ အများဆုံးအဖြစ် Super Mario Run ဂိမ်း တစ်ရက်ထဲနှင့် စံချိန်တင်

0
၂၀၁၆ ခုနှစ်၏ ဒေါင်းလုပ်ဆွဲမှု အကြိမ်ရေ အများဆုံးအဖြစ် Super Mario Run ဂိမ်း တစ်ရက်ထဲနှင့် စံချိန်တင်

အားလုံးသိကြတဲ့အတိုင်း ပိုကီမွန်အကောင်လေးတွေကို ဖမ်းရတဲ့ Pokemon ဂိမ်းဟာ ၂၀၁၆ခုနှစ်ရဲ့ ဒေါင်းလုပ်ဆွဲမှုအများဆုံး စံချိန်တင်ခဲ့ ပေမယ့် ယခုမှာတော့ Super Mario Run ဂိမ်းက တစ်ရက်ထဲနဲ့တင် စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။ ဂျူလိုင် လမှာ ထွက်ရှိခဲ့တဲ့ ပိုကီမွန်ဂိမ်းဟာ တစ်ရက်ထဲနဲ့ ဒေါင်းလုပ်အကြိမ်အရေအတွက် ၉သိန်းနဲ့စံချိန်တင်ခဲ့ပြီး ယခု ထွက်ရှိတဲ့ Super Mario Run ဂိမ်းကတော့ တစ်ရက်ထဲနဲ့တင် ဒေါင်းလုပ်ဆွဲသူ အကြိမ်ပေါင်း ၂.၈၅မီလီယံ ရှိခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၆ခုနှစ်ရဲ့ နောက်ဆုံးလမှာ Super Mario Run ဂိမ်းက အားလုံးကို ကျော်ဖြတ်ပြီး စံချိန်တင် ခဲ့ပါပြီ။

ယခုဆိုရင် Super Mario Run ဂိမ်းထွက်ရှိတာ ၂ရက်မြောက်ဖြစ်ပါတယ်။  နောက်ဆုံးရသတင်းများအရ ၂ရက်အတွင်းမှာဆိုရင် ဒေါင်း လုပ်ဆွဲတဲ့အကြိမ်ပေါင်း ၅မီလီယံ ရှိနေပါပြီ။ လက်ရှိမှာတော့ Super Mario Run ဂိမ်းကို iOS အတွက် သာ ရရှိမှာဖြစ်ပြီး level တွေ အားလုံးကို ဖြတ်ကျော်ကစားနိုင်ဖို့ ၁ဝဒေါ်လာ သွင်းရမှာ ဖြစ်ပါတယ်။ Super Mario Run ဂိမ်းအောင်မြင်ရတဲ့ အကြောင်းရင်းကတော့ ကျနော်တို့ ငယ်စဉ်ဘဝက Family Game အနေနဲ့ ကစားခဲ့ရတဲ့ အရသာကို ယခု မိုဘိုင်းလ်တွေ အပေါ်မှာ အပြည့်အဝကစားနိုင်အောင် ရသတွေ ပေါင်းစွက်ထားလို့ဘဲ ဖြစ်ပါတယ်။ ဒါကြောင့် iOS အသုံးပြုသူများကို အကြံပေးချင်တာကတော့ ကိုယ့်ရဲ့ ငယ်ဘဝကို ပြန်တမ်းတမိစေတဲ့ အရသာကို ခံစားနိုင်ဖို့ Super Mario Run ဂိမ်းလေးကို ကစားကြည့်ပါလို့ ပြောချင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: