Home Lifestyle Health ဗီတာမင် (D) ဘယ်က ရလဲ

ဗီတာမင် (D) ဘယ်က ရလဲ

0
ဗီတာမင် (D) ဘယ်က ရလဲ

ဘီတာမင် ဒီ (vitamin D) ကိုဘယ်ကရမလဲဆိုတာ သိတဲ့သူရှိသလို မသိတဲ့လူတွေလဲအများကြီးပါ။ လူတော်တော်များများကတော့ ဆေးဝါးတွေကပဲ ရမယ်ထင်ကြပါတယ်။ မထင်မှတ်ထားတာက ကျွန်တော်တို့ နေ့တိုင်းမြင်နေကြ နေစွမ်းအင်ကနေရတယ်ဆိုလို့ အံ့သြကြမှာလား။ အမှန်တကယ်လဲ နေစွမ်းအင်ကနေ ဘီတာမင် ဒီ (vitamin D) ရရှိပါတယ်။ နေစွမ်းအင်ကနေ ဘီတာမင် ဒီ (vitamin D) တစ်နေကုန်ရလားပေါ့။

အမှန်တော့ နေစွမ်းအင်ကနေ တစ်နေကုန်မရရှိနိုင်ပါ။ အချိန်အကန့်အသတ်တော့ရှိပါတယ်။ အဲ့ဒီအချိန်တွေကတော့ မနက်နေထွက်ချိန်ကနေ ၉ နာရီ အထိ နှင့် ညနေ ၃ နာရီနောက်ပိုင်းနေဝင်ချိန်တွေပဲ ဘီတာမင် ဒီ (vitamin D) ကိုရရှိပါတယ်။ ကျန်တဲ့ကြားအချိန်တွေကတော့ နေစွမ်းအင်ကနေ ခရမ်းလွန်ရောင် ခြည်ထုတ်လွှတ်တာ ဖြစ်တဲ့အတွက်မရရှိပါဘူး။ ခရမ်းလွန်ရောင်ခြည် ထုတ်လွှတ်တဲ့အချိန် အပြင်တော်ရုံ မထွက်ပါနဲ့ အရေပြားတွေပျက်စီးစေပါတယ်။ အပြင်ထွက်ရင်လဲ အင်္ကျီလက်ရှည် ဘောင်းဘီရှည် တို့ဝတ်ပြီးထွက်တာ ပိုကောင်းပါလိမ့်မယ်။ ဆေးဝါးကရတဲ့ ဘီတာမင် ဒီ (vitamin D) ထက် နေစွမ်းအင်ကရတဲ့ ဘီတာမင် ဒီ (vitamin D) ကပိုမိုပြည့်ဝမူရှိပါတယ်။

ဘီတာမင် ဒီ (vitamin D) ချို့တဲ့လျှင်ဖြစ်ပေါ်လာနိုင်သောအကျိုးဆက်များမှာ ကယ်လ်စီယမ်ချို့တဲ့ခြင်း၊ အဝေးမှုန်ခြင်း၊ သွေးအားနည်းခြင်း၊ အရိုးအားပျော့ခြင်း၊ ငယ်ရွယ်စဉ် ချို့တဲ့လျှင် အရပ်ပုတက်ခြင်း၊ ခြေလက်ခွင်ခြင်း၊ ခါးရိုးပုံပျက်ခြင်း၊ နံရိုးတွင် အဖုလုံးလေးများဖြစ်ပေါ်ခြင်း၊ သွားများ မကောင်းခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း ရောဂါများဖြစ်ပေါ်စေနိုင်ပါတယ်။ ထိုရောဂါများမဖြစ်ရလျှင်အောင် ကြိုတင်ကာကွယ်မူအတွက် စားသုံးသင့်သည့် အစားအစားမှာ ကြက်ဥအနှစ်၊ မှို၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ငါးကြီးဆီ၊ တို့ဖူး၊ တူနာငါး၊ Orange Juice၊ အမဲအသည်း တို့ကိုစားသုံးသင့်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: