
ကလေးတွေ ကစားနေတာက သူတို့ရဲ့ လေ့လာစူးစမ်းစိတ်ကို အသုံးချနေကြတာပါ။ ဒါကြောင့် ကလေးက ဆော့လို့ ဘာညာတွေဖြစ်ရတာဆိုပြီး မငြိုငြင်နေပါနဲ့။ ကလေးတွေထိခိုက်ဒဏ်ရာရမှာကို မိဘတိုင်းက စိတ်ပူတတ်ကြတာကြောင့် ကလေးတွေ ဆော့ကစားတဲ့နေရာပြုလုပ်ရာမှာ အန္တရာယ်ကင်းပြီး ချစ်စရာကောင်းတဲ့နေရာတွေကို ဖန်တီးပေးသင့်ပါတယ်။ ကလေးက ဆော့ကစားနေတဲ့အချိန်မှာလည်း လူကြီးတစ်ယောက်ယောက်က အမြဲစောင့်ကြည့်နေဖို့ လိုပါတယ်။
ကလေး၏ အိပ်ယာ
ကလေးရဲ့အိပ်ယာက အမြဲသန့်ရှင်းသပ်ရပ်နေဖို့ အင်မတန်လိုအပ်ပါတယ်။ အထူးသဖြင့် ကလေးရဲ့ အိပ်ယာခင်းက သေးတစ်ခါ စိုသွားတိုင်း၊ ညစ်ပေသွားတိုင်း လျှော်ဖွတ်ပေးဖို့ လိုပါတယ်။ ကလေးဟာ အိပ်ရာထဲမှာ ဆော့ကစားတဲ့အခါ အိပ်ရာနဲ့ ခေါင်းအုံးတွေကြောင့် ဓာတ်မတည့်မှုဖြစ်နိုင်လို့ပါ။
ပြင်ပ ပတ်ဝန်းကျင်
ကလေးတွေက သစ်ပင်တွေ၊ သစ်ပင်တွေ၊ သစ်ရွက်တွေ၊ ပန်းပွင့်တွေကို ထိတွေ့ကိုင်တွယ်ပြီး ဆော့ကစားရတာကို သဘောကျနေတတ်ပါတယ်။ ကလေးတွေကို ပြင်ပပတ်ဝန်းကျင်နဲ့ ထိတွေ့ခွင့်ပေးလိုက်ပါ။ ကလေးတွေ ဆော့ကစားနေတဲ့အချိန်မှာ စောင့်ကြည့်ပေးနေဖို့တော့ မမေ့ပါနဲ့။
သဘာဝမြေကြီး
ကလေးတွေကို သဲတွေကို ကစားကိုင်တွယ်ပြီး ဆော့ကစားရတာကိုလည်း ကြိုက်တတ်ပါတယ်။ ကလေးက ဆော့ချင်ရင် တစ်ခါတစ်လေလောက်တော့ ဆော့ခွင့်ပေးလိုက်ပါ။ ကလေးဆော့ပြီးပါက လက်တွေကို သေချာဆေးကြောပေးဖို့ မမေ့ပါနှင့်။ ဒါအပြင် ကလေးက ဆော့နေစဉ် သဲတွေကို မြေကြီးတွေကို ပါးစပ်ထဲမထည့်မိစေဖို့ကလည်း အထူးအရေးကြီးပါတယ်။
ကလေး၏ အရုပ်များ
ကလေးက ပါးစပ်ထဲကို ပစ္စည်းတွေကို ဘုမသိဘမသိပဲ ထည့်တတ်တဲ့အရွယ်မှာ ကလေးရဲ့ ပါးစပ်ထဲထည့်မိစေနိုင်လောက်တဲ့ အရုပ်သေးသေးလေးတွေ မဝယ်ပါနဲ့။ ဂေါ်လီလုံးသေးသေးလေးတွေ၊ အရုပ်ပိစိလေးတွေ၊ ဓာတ်ခဲတွေကို ကလေးအနား ဘယ်သောအခါမှ မရှိပါစေနဲ့။ ကလေးတွေရဲ့ အရုပ်တွေ အမြဲသန့်ရှင်းနေစေဖို့ မကြခဏဆေးကြောသန့်စင်ပေးဖို့ကလည်း အရေးကြီးလှပါတယ်။