Home News iOS အတွက် Super Mario Run ဂိမ်းထွက်ရှိ

iOS အတွက် Super Mario Run ဂိမ်းထွက်ရှိ

0
iOS အတွက် Super Mario Run ဂိမ်းထွက်ရှိ

Super Mario Run ဂိမ်းကတော့ လူတိုင်းနီးပါး ကစားဖူးမယ်ထင်ပါတယ်။ ကလေးဘဝမှာတုန်းက Mario ဂိမ်းကို သဲကြီးမဲကြီး ကစားကြ သလို ယခုအချိန်ထိ လူတိုင်းကို ဆွဲဆောင်နိုင်တဲ့ ဂိမ်းဖြစ်နေတုန်းပါဘဲ။ အရင်တုန်းကတော့ Family Game အနေနဲ့ ထွက်ရှိခဲ့ပေမယ့် ယခုအခါမှာတော့ မိုဘိုင်းလ် ဂိမ်းအဖြစ် တစ်ကျော့ပြန်လည်ရောက်ရှိ လာပါပြီ။ လက်ရှိမှာတော့ iOS အတွက်ဘဲ ထွက်ရှိတာဖြစ်ပြီး Android အတွက် ဘယ်တော့ထုတ်မလဲဆိုတာကိုတော့ မကြေငြာရသေးပါဘူး။ ဒါကြောင့် လက်ရှိမှာ Super Mario Game ကို iOS အသုံးပြုသူ များသာ ကစားခွင့်ရအုံးမှာ ဖြစ်ပါတယ်။

Super Mario Run ဂိမ်းကို level တွေနဲ့ အဆင့်ဆင့် သတ်မှတ်ထားပြီး အဆင့်သတ်မှတ်ချက်တွေအားလုံး ကစားချင်ရင်တော့ ၁၀ ဒေါ်လာ လောက်ကုန်ကျမှာ ဖြစ်ပါတယ်။ Game mode ကို ၃မျိုး သတ်မှတ်ထားပြီး အဆင့်ပေါင်း ၂၄ ဆင့်ရှိပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် iOS အသုံးပြုသူများအတွက်တော့ ငယ်ဘဝကို ပြန်ရောက်သွားသလို ခံစားရစေမှာပါ။ အောက်ပါ လင့်မှာ ဒေါင်းလုပ် ဆွဲနိုင်ပါတယ်။

 

Super Mario Run for iOS: Download Here

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: