Home Lifestyle Health ကျန်းမာပျော်ရွှင်နေနိုင်ဖို့နေ့သစ်တိုင်းမှာ လုပ်ဆောင်သင့်သည့် အချက်များ

ကျန်းမာပျော်ရွှင်နေနိုင်ဖို့နေ့သစ်တိုင်းမှာ လုပ်ဆောင်သင့်သည့် အချက်များ

0
ကျန်းမာပျော်ရွှင်နေနိုင်ဖို့နေ့သစ်တိုင်းမှာ လုပ်ဆောင်သင့်သည့် အချက်များ

နေ့စဉ်ဘဝမှာ ကျန်းမာပျော်ရွှင်ဖို့ဆိုတာ ဆုတောင်းနေရုံနဲ့မရပါဘူး။ ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မူတည်ပြီး ရလဒ်တွေ ကွဲပြားတာ ဖြစ်ပါတယ်။ လုပ်ဆောင်ချက်မပါတဲ့ အရာဟာ ဆုတောင်းနေသလိုပါဘဲ။ ဒီလိုပါဘဲ လူတိုင်းကတော့ ကျန်းမာချင်ပေမယ့် လက်တွေ့မှာ အမှန်တစ်ကယ်လုပ်ဆောင်နိုင်တဲ့သူ ကိုယ့်ကိုကိုယ် ဂရုစိုက်တဲ့သူတွေဘဲ ကျန်းမာပျော်ရွှင်နိုင်တာ ဖြစ်ပါတယ်။ နေ့ရက် တိုင်းကို ကျန်းမာပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ဖို့ အောက်ပါ အချက်လေးတွေကို လေ့လာကြည့်လိုက်ပါ။

၁။ ခန္ဓာကိုယ်ကို ရေဓါတ်ဖြည့်ပါ။ တစ်ညတာလုံး ရေဓာတ်မရတာကြောင့် မနက်အိပ်ရာနိုးနိုးချင်း ရေတစ်ခွက်သောက်ပါ။

၂။ ခန္ဓာကိုယ်အကြောလျှော့ပါ။ မနက်အိပ်ရာထချိန်မှာ ၁၀ မိနစ်ခန့်အကြောလျှော့ခြင်းဟာ တစ်နေ့တာလုံးမှာ ညောင်းညာမှုတွေကို ကင်းဝေးစေပြီး တက်ကြွလန်းဆန်းစေနိုင်ပါတယ်။

၃။ တရားထိုင်ပါ။ တစ်နေ့တာလုံးရဲ့ လုပ်ငန်းဆောင်တာတွေအပေါ် အာရုံစူးစိုက်ပြီး ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေဖို့ မနက်ခင်းတိုင်းမှာ နာရီဝက်လောက် တရားထိုင်ပါ။

၄။ နံနက်ခင်းတိုင်း ဘာမှမစားရသေးခင် လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တစ်ခွက်သောက်ပါ။ ကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး အစာချေစနစ်ကို ကောင်းမွန်စေနိုုင်ပါတယ်။

၅။ အသားစားခြင်းထက် အသီးအနှံကိုပို၍စားသုံးသင့်ပါတယ်။ ဗီတာမင်ဘီတွဲလ် ( B 12 ) ကို ပုံမှန်မှီဝဲပါ။

၆။ ငြိ်မ့်ညောင်းသာယာတဲ့ တေးဂီတသံမျိုး နားထောင်ပါ။ အဲ့လို တေးဂီတမျိုးကလဲ လူတစ်ယောက်ရဲ့ အကြံဉာဏ်ကို ပေါ်ထွန်းစေနိုင်ပါတယ်။

၇။ တစ်နေ့တာအလုပ်တွေကို အစီစဉ်ဆွဲပါ။ ဒီနေ့မှာဘာတွေပြီးအောင်လုပ်မလဲ ဆိုတာကို မနက်ခင်းတိုင်းမှာ စဉ်းစားသုံးသပ်ပါ။

၈။ ရေနွေးကြမ်းသောက်ပါ။ လက်ဖက်ခြောက်မှာပါဝင်တဲ့ ကဖိန်းဓါတ်က တစ်နေ့တာလုံးကို တက်ကြွလန်းဆန်းစေပြီး အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

၉။ တစ်နေ့တာလုံး မောပန်းခဲ့သမျှကို ညဘက်တွင် ဟာသစာအုပ် (သို့) ဟာသဗီဒီရို ကြည့်ခြင်းဖြစ် အပန်းဖြေပါ။ ရယ်မောခြင်းသည် အစာချေဖျက်မူ စနစ်ကိုကောင်းစေပြီး စိတ်ဖိစီးမူကို လျော့ကျစေပါတယ်။

၁၀။ ညမအိပ်မှီ ခြေထောက် နှင့် လက်ကို ရေဖြင့် ဆေးကြောပါ။ ခြေထောက် နဲ့ လက်ကို ရေ ၃ခွက် (သို့) ၅ခွက် ဆေးကြောခြင်းသည် ခန္ဓာကိုယ်ရှိ အပူငွေ့များဖြေလျော့စေပြီး ညဘက်အိပ်စက်မူအတွက်ပိုမိုကောင်းစေတဲ့ အပြင် မျက်လုံးကျန်းမာရေးအတွက်လဲ ပိုမိုကောင်းမွန်စေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: