Home How To ရောဂါပိုး ကူးစက်မခံရအောင် ဘယ်လိုနေရာတွေကို ဂရုစိုက်သင့်သလဲ

ရောဂါပိုး ကူးစက်မခံရအောင် ဘယ်လိုနေရာတွေကို ဂရုစိုက်သင့်သလဲ

0
ရောဂါပိုး ကူးစက်မခံရအောင် ဘယ်လိုနေရာတွေကို ဂရုစိုက်သင့်သလဲ

ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ ရောဂါပိုးတွေက မျက်စိနဲ့မမြင်ရတဲ့ လေထုလိုနေရာမျိုးတွင်သာမက လက်နဲ့ကိုင် တွယ်လို့ရတဲ့ အရာဝတ္ထုတွေ အပေါ်မှာပါ ရောဂါပိုးတွေက ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ လှုပ်ရှားသွားလာနေသူတွေ အနေနဲ့ဘဲ ရောဂါပိုးကူးစက်မခံရအောင် အောက်ပါနေရာတွေကို ဂရုစိုက်ပေးပါ။

အားကစားခန်းမ

ချွေးထွက်တာ၊ ပူတာနဲ့ လူများစွာရှိနေတတ်တဲ့ ဒီနေရာမှာ လေ့ကျင့်ခန်းသုံးပစ္စည်းတွေကနေတစ်ဆင့် ဘက်တီးတီးရီးတွေ သင့်ကို ကူးစက်စေနိုင်ပါတယ်။ ဒါကြောင့် Fitness Centreတွေမှာ လေ့ကျင့်ခန်းသုံးပစ္စည်းတွေကို လူတစ်ယောက်အသုံးပြုပြီးတိုင်း နောက်တစ်ယောက်အသုံးမပြုမှီ သန့်ရှင်းရေးပြုလုပ်ပေးသင့်ပါတယ်။

ရေပိုက်ခေါင်း

ရေကူးကန်နဲ့ အများသုံးရေအိမ်သာက ရေပိုက်ခေါင်းတွေဟာ ဘက်တီးရီးယားများစွာရှိနေတတ်တဲ့ နေရာပါ။ သင်က လက်ကို ဆပ်ပြာနဲ့သေချာသန့်စင်ပြီးလို့ ရေပိုက်ခေါင်းကိုပြန်ပြီး ပိတ်တဲ့အချိန်မှာ သင်ဆေးထားတဲ့လက်ကို ပြန်ပြီးညစ်ပတ်သွားစေတယ်ဆိုတာ သင်ကိုယ်တိုင်တောင် သိလိုက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ရေဆေးပြီးတဲ့အချိန်မှာ ရေပိုက်ခေါင်းကို တစ်သျူး ဒါမှမဟုတ် လက်သုတ်ပဝါတစ်ထည်နဲ့ ခံပြီးမှ ပိတ်ပါ။

ဓာတ်လှေခါးခလုတ်

အထူးသဖြင့် ရုံးဝန်ထမ်းများစွာရှိတဲ့ အဆောက်အအုံနဲ့ Shopping Mallတွေမှာသုံးတဲ့ ဓာတ်လှေကားတွေမှာ ဘက်တီရီးယားတွေများစွာရှိနေတတ်ပါတယ်။ ဒါကြောင့် ဓာတ်လှေကားသုံးပြီး အလုပ်ကိုလာလို့ ရုံးကိုရောက်တာနဲ့ လက်ကို ဆေးကြောပါ။

တံခါးလက်ကိုင်

တံခါးလက်ကိုင်တွေမှာ ဘက်တီးရီးယားတွေရှိနေတတ်ပါတယ်။ အထူးသဖြင့် ရုံးအလုပ်၊ အလှပြင်ဆိုင်နဲ့ လူအများ သွားလာတတ်တဲ့နေရာတွေမှာ ပိုပြီးရှိနေတတ်ပါတယ်။ ဒါကြောင့် သင့်လက်ကို အစာတစ်ခုမစားခင် သေချာဆေးကြောပေးပါ။

ရေပန်း

ရေချိုးချိန်မှာ ရေပန်းကထွက်တဲ့ ရေကို သုံးသူတွေအနေနဲ့ ရေပန်းရဲ့ ထိပ်ခေါင်းမှာလည်း ဘက်တီးရီးယားတွေရှိနေနိုင်ပါတယ်။ ဒါကြောင့် သင့်အိမ်မှာ ရေပန်းတွေကို မကြာခဏဖြုတ်ပြီး ဆေးကြောပေးသင့်ပါတယ်။

လူသူထူထပ်တဲ့ နေရာ

အထူးသဖြင့် ရုပ်ရှင်ရုံလို၊ ရှော့ပင်းမောလို ၊ စားသောက်ဆိုင်လိုနေရာတွေမှာ လူတွေထူထပ်သလိုပဲ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေ လေထဲမှာ ပြန့်နှံ့နေတတ်ပါတယ်။ ပူနွေးပြီး စိုစွတ်တဲ့ အဆောက်အအုံနဲ့ ပတ်ဝန်းကျင်က ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အကောင်းဆုံးနေရာတစ်ခု ဖြစ်တာကြောင့်ပါ။ ဒါကြောင့် ဒီလိုနေရာတွေကို သွားရင် အထူးဂရုစိုက်ပါ။ လေထဲမှာရှိနေတဲ့ရောဂါပိုးတွေက ကိုယ်ခံအားနည်းနေသူတွေအတွက်တော့ အခွင့်ကောင်းပါပဲ။

ဘတ်စ်ကားပေါ်မှာ

လူဦးရေများပြားထူထပ်တဲ့ မြို့တွေမှာ ဘတ်စ်ကားပေါ်က လက်ကိုင်ကွင်းတွေ၊ ခုံတွေမှာ ဘက်တီးရီးယားများစွာရှိနေတတ်ပါတယ်။ ဒါကြောင့် ရေမလိုပဲဆေးရတဲ့ လက်ဆေးရည်တစ်မျိုးကို အပြင်သွားပြီး အလုပ်လုပ်နေရသူတွေအနေနဲ့ ဆောင်ထားသင့်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: