Home Lifestyle Health အလုပ်အကိုင်ရှိခြင်းက ကျန်းမာရေးအတွက် အထောက်အကူပြု

အလုပ်အကိုင်ရှိခြင်းက ကျန်းမာရေးအတွက် အထောက်အကူပြု

0
အလုပ်အကိုင်ရှိခြင်းက ကျန်းမာရေးအတွက် အထောက်အကူပြု

ရေရှည်အလုပ်မရှိခြင်း၊ အလုပ်လုပ်လုပ်နိုင်စွမ်းမရှိခြင်းတို့နဲ့ အလုပ်လက်မဲ့ဖြစ်ခြင်းတွေက လူသားတွေကို ဒုက္ခတွေ့စေနိုင်ပြီး အလုပ်ဟာ ကျန်းမာရေးအတွက်ကောင်းကြောင်း သြစတေးလျနှင့် နယူးဇီလန်မှ ဆရာဝန်များက ကြေညာခဲ့ပါတယ်။ သြစတေးလျ တော်ဝင်သမားတော်ကြီးများက ကောလိပ်နှင့် ဝယ်လင်တန်ရှိ အလုပ်အကိုင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဆေးဌာနတို့မှ အလုပ်နှင့် ပတ်သက်သော ကျန်းမာရေး အကျိုးကျေးဇူးများကို သုတေသနပြုခဲ့ခြင်း ဖြစ်သည်။

၎င်းတို့၏ သုတေသနပြုလုပ်ချက်အရ အလုပ်သည် ကျန်းမာရေးအတွက် ကောင်းပြီး အလုပ်လုပ်နိုင်စွမ်းမရှိခြင်းနှင့် အလုပ်နှင့် ရေရှည်ကင်းကွာမှုက ကျန်းမာရေးကို ထိခိုက်စေကြောင်း သူတို့၏ သုတေသနပြုလုပ်ချက်အရ သိရှိခဲ့ရသည်။ အလုပ်အကိုင် လုပ်ဆောင်ချက်များ၊ အလုပ်လုပ်သည့် နေရာ၏ ဓလေ့၊ အလုပ်နှင့် ဘဝ သဟဇာတ မျှတမှု၊ လုပ်ငန်းခွင်ထိခိုက်မှု ကာကွယ်ရေး စီမံချက် နှင့် လုပ်ငန်းခွင် ဆက်ဆံရေးတို့သည် ကျန်းမာရေးအပေါ်တွင်လည်း သက်ရောက်မှုရှိသည်ဟု ဆိုသည်။ လူတိုင်းလူတိုင်းသည် အလုပ်နှင့်ပတ်သက်သော ကျန်းမာရေး အကျိုးကျေးဇူးများကို ပိုမိုသိရှိပြီး မိမိ၏အနေအထားနှင့် ပတ်သက်၍ တာဝန်ယူနိုင်စွမ်းကြီးထွားလာပါက ကောင်းမွန်သောရလဒ်များ ပေါ်ထွက်လာလိမ့်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: