Home Lifestyle Health လမ်းလျှောက်ခြင်းရဲ့ အံ့သြဖွယ်အကျိုးကျေးဇူးများ

လမ်းလျှောက်ခြင်းရဲ့ အံ့သြဖွယ်အကျိုးကျေးဇူးများ

0
လမ်းလျှောက်ခြင်းရဲ့ အံ့သြဖွယ်အကျိုးကျေးဇူးများ

လမ်းလျှောက်တာဟာ ကုန်ကျမှုအသက်သာဆုံး လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကျန်းမာရေးလိုက်စားသူတွေ၊ ခန္ဓာကိုယ် အလေးချိန်ကျချင်သူတွေဟာ လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းကို ပြုလုပ်လေ့ရှိပါတယ်။ ရိုးရှင်းလှတဲ့ လမ်းလျှောက်လေ့ကျင့်ခန်းမှာ တခြားကျန်းမာရေး အကျိုးကျေးဇူးတွေအများကြီးရှိနေတယ်။

နှလုံးရောဂါနဲ့ ရုတ်တရက် နှလုံးဖောက်ပြန်တာတွေကို လျော့ချပေးနိုင်တယ်။

သွေးပေါင်တက်တာကို လျော့ချပေးနိုင်တယ်။

ခန္ဓာကိုယ်အဝလွန်တာနဲ့ ကိုယ်အလေးချိန်ကို လျော့ကျစေတယ်။

စိတ်လှုပ်ရှားမှု၊ စိတ်ကျရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေအတွက် အကျိုးရှိပါတယ်။

စွမ်းအင်တွေကို ပိုမိုရရှိစေပါတယ်။

ရိုးဆစ်ရောင်ရမ်းမှုတွေနဲ့ နာကျင်မှုတွေကို သက်သာစေပါတယ်။

ပိုမိုအိပ်ပျော်စေပါတယ်။

အရိုးကို ကျစ်လစ်သန်မာစေပြီး အရိုးဖွံ့ဖြိုးမှုကို အားပေးပါတယ်။

ခန္ဓာကိုယ် ပို၍ကြည့်ကောင်းစေပါတယ်။

နာမကျန်းဖြစ်တာကို လျော့ကျစေပါတယ်။

လမ်းလျောက်လေ့ကျင့်ခန်းဟာ အားအင်တွေ အများကြီးသုံးစရာမလိုပဲ တစ်နေ့ကို မိနစ်၃၀ လောက်လျှောက်မယ်ဆိုရင် ခန္ဓာကိုယ် တက်ကြွလန်းဆန်းစေတဲ့ အကျိုးကျေးဇူးတွေရရှိစေပါတယ်။ နှလုံးနဲ့ သွေးလည်ပတ်မှုကို ကောင်းစေပြီး စိတ်ကျရောဂါ၊ ခန္ဓာကိုယ်စွမ်းအင်စနစ်၊ အရိုးအဆစ်ရောင်ရောဂါ၊ ဆီးချိုသွေးချိုရောဂါစတဲ့ ရောဂါတွေကိုပါ လျော့ချပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒါကြောင့် အချိန်မရွေး၊ နေရာမရွေးပြုလုပ်နိုင်တဲ့ ဒီလမ်းလျှောက်လေ့ကျင့့်ခန်းဟာ ပျော်ရွှင်စရာကောင်းတဲ့ အားကစားနည်းတစ်ခုပဲ ဖြစ်ပါတယ်။

သင်ဟာ ကျန်းမာရေးပြဿနာတစ်ခုကြောင့် ဆေးကုသမှုခံယူနေရရင်ပဲဖြစ်ဖြစ်၊ အဝလွန်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ပဲဖြစ်ဖြစ်၊ အသက်၄ဝထက် ကြီးနေသူတွေနဲ့ တစ်ခါမှ လေ့ကျင့်ခန်း မပြုလုပ်ဖူးတဲ့သူတွေဆိုရင်တော့ လေ့ကျင့်ခန်းပြုလုပ်မယ့် အစီအစဉ်နဲ့ လေ့ကျင့်မှုပုံစံတွေ မပြုလုပ်ခင် ဆရာဝန်နဲ့ ဆွေးနွေးပြီးမှ သင့်နဲ့ သင့်တော်ပြီး သင့်ခန္ဓာအတွက်လည်း အမှန်တကယ်အကျိုးပြုနိုင်မဲ့ လေ့ကျင့်ခန်းတစ်ခုကို ရအောင်တည်ဆောက်သင့်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: