Home Lifestyle Health လိင်စိတ်ဆန္ဒပိုကဲခြင်းက အောင်မြင်မှု ပိုရစေတဲ့ အကြောင်းရင်း(၃)ချက်

လိင်စိတ်ဆန္ဒပိုကဲခြင်းက အောင်မြင်မှု ပိုရစေတဲ့ အကြောင်းရင်း(၃)ချက်

0
လိင်စိတ်ဆန္ဒပိုကဲခြင်းက အောင်မြင်မှု ပိုရစေတဲ့ အကြောင်းရင်း(၃)ချက်

လူသားရယ်လို့ဖြစ်လာကြတဲ့အခါ ဖိုနဲ့မ ဆက်ဆံကြရတာဟာ သဘာဝတရားဖြစ်ပါတယ်။ သဘာဝတရားဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာဆက်ဆံရေးဟာ လူသားတွေအတွက် အကြီးမားဆုံးလိုအင်ဖြစ်ပြီး ဒီဆန္ဒက တွန်းအားပေးပြီဆိုရင် လူသားတွေဟာ ဘယ်တုန်းကမှမဖြစ်ပေါ်ဖူးတဲ့ တွေးခေါ်နိုင်စွမ်း၊ သတိ၊ စိတ်တန်ခိုး၊ဇွဲနဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို ဖြစ်ပေါ်စေတယ်လို့ ဂန္ဓဝင် အောင်မြင်ရေးစာရေး ဆရာ ကြီးဖြစ်တဲ့ နပိုလီယံ ဟီးလ်က သူ့ရဲ့ အကြံဉာဏ်ဖြင့် ကြီးပွားရေး Think and Grow Rich စာအုပ်မှာ ရေးသားခဲ့ပါတယ်။ တကယ်ပါ၊လိင်စိတ်ဆန္ဒဟာ အောင်မြင်ပြီးမြောက်ခြင်းနဲ့ အမှန်ပင်ဆက်နွယ် နေတယ်ဆို တာကလည်း အံ့သြစရာပါပဲ။ သို့တိုင်အောင် လူသားတွေကတော့ ယဉ်ကျေးမှုအရ လိင်ကိစ္စနှင့်ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးတာ အင်မတန်နည်းပါတယ်။ ခုတော့ ဖွင့်ဟဖို့အချိန်တန်ပါပြီ။ လိင်စိတ်ဆန္ဒပိုကဲမှုက အောင်မြင်မှုကိုပိုရစေတဲ့ အကြောင်းရင်း(၃)ချက်ရှိပါတယ်။

(၁) လိင်စွမ်းအင်က အသွင်ကူးပြောင်းမှုကို ဖြစ်စေတယ်။

နပိုလီယံဟီးလ်ကတော့ ဧရာမ အောင်မြင်သူတွေဟာ လိင်စွမ်းအင်ကြောင့် အသွင်ကူးပြောင်းမှု အတတ်ပညာကို တတ်မြောက်ကြပြီးသူတွေလို့ မှတ်ချက်ပြုခဲ့ပါတယ်။ဒီလူတွေက သူတို့ရဲ့ လိင်စွမ်းအင်ဟာ အခြားသူတွေကို ဆွဲဆောင်ဖို့နဲ့ သူတို့ရဲ့လုပ်ငန်းဆောင်တာတွေကို သဘောကျစေဖို့ ပြောင်းလဲပေးနိုင်တယ်လို့ဆိုပါတယ်။ လိင်စိတ်ဆန္ဒမှာ ပြီးမြောက်အောင်မြင်သူတွေဟာ သူတို့ရဲ့ လုပ်ငန်းဆောင်တာမှာလည်း အမြင့်ဆုံးထိ စွမ်းဆောင်ရည်ရှိကြပါတယ်။

(၂) လိင်စွမ်းအင်က လုပ်ငန်းခွင်မှာ မှန်ကန်တဲ့ စေ့စပ်ညှိနှိုင်းမှုကို ဖြစ်စေတယ်။

နပိုလီယံဟီးလ်ကတော့ ကြီးကျယ်မြင့်မြတ်တဲ့ ကံကြမ္မာနဲ့ ထူးထူးခြားခြားအသိအမှတ်ပြုခံကြရတဲ့ စာပေ၊အနုပညာ၊စက်မှု၊ဗိသုကာနဲ့ အခြားအသက်မွေးဝမ်းကြောင်းပညာရှင်တွေဟာ ဆန့်ကျင်ဘက်လိင်ရဲ့ သြဇာလွှမ်းမိုးမှု၊ စေ့ဆော်တိုက်တွန်းမှုတွေကြောင့်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ တကယ်တော့ အချစ်နဲ့လိင်စိတ်ပေါင်းစပ်လိုက်တဲ့ အတွက်ဖြစ်ပေါ်လာတဲ့ လှို့ဝှက်ချက် အားဆေးကြောင့်လို့ဆိုပါတယ်။

(၃) လိင်စိတ်က အထွဋ်အထိပ်ဆန်းသစ်တီထွင်မှုကို ဖြစ်စေတယ်။

လိင်စိတ်ဆိုတဲ့လောင်စာက လူသားတွေကို တက်ကြွအောင်လှုံ့ဆော်ပေးနိုင်ပါ တယ်။ ဒီတက်ကြွစိတ် ကြောင့်ပင် ဆန်းသစ်တီထွင်စေဖို့ အားဖြည့်ပေးပါတယ်။ဇီဝကမ္မဖြစ်စဉ်အရ လိင်စိတ်ဆန္ဒပြည့်ဝချိန်မှာ ထွက်ပေါ်လာတဲ့ အောက်စီတိုစင်ဟော်မုန်းက ချစ်သူနဲ့ပိုမိုနီးကပ်စေပြီး ပြသနာဖြေရှင်းခြင်းနဲ့ ဆန်းသစ်တီထွင်ခြင်းတို့ကို အားပေးကြောင်းစူးစမ်းမှုတွေမှာတွေ့ရှိရတယ်လို့ဆိုပါတယ်။

အကျိုးတရားအားလုံးမှာ အကြောင်းကိုယ်စီရှိကြပါတယ်။ ထို့အတူ လူသားတစ်ယောက်ရဲ့ အောင်မြင်မှု အကြောင်းတရားတွေထဲမှာ ဘယ်သူမှကျယ်ကျယ်လောင်လောင်မဖွင့်ဟရဲတဲ့ လိင်စိတ်ဆန္ဒဟာ အရေးပါတဲ့ တွန်းအားအကြောင်းတစ်ခုဆိုတာ သင်မငြင်းနိုင်သလို သင်ကိုယ်တိုင်လည်း အသိဆုံးဖြစ်ကောင်းဖြစ်နေမှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: