Home Lifestyle Food သင် ဘာကြောင့် ငှက်ပျောသီး စားသင့်တာလဲ

သင် ဘာကြောင့် ငှက်ပျောသီး စားသင့်တာလဲ

0
သင် ဘာကြောင့် ငှက်ပျောသီး စားသင့်တာလဲ

ငှက်ပျောသီးမှာ ဆိုဒီယမ်ပါဝင်မှုနည်းပြီး ပိုတက်စီယမ်ပါဝင်မှုများတာကြောင့် သွေးတိုးနေတဲ့ လူတွေအတွက် အထူးကောင်းမွန်ပါတယ်။ ငှက်ပျောသီးမှာ ထရစ်ပတိုဖန်ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲကို ရောက်ရှိချိန်မှာ စီရိုနင်အဖြစ် ပြောင်းလဲပြီး စိတ်အေးချမ်းစေတာ၊ ခံစားမှုကောင်းမွန်စေတာနဲ့ အိပ်မောကျလွယ်တာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ ဒါကြောင့် ဆရာဝန်တွေက အိပ်ရာမဝင်ခင် တစ်နာရီအလိုမှာ ငှက်ပျောသီးတစ်လုံးစားဖို့ အကြံပေးကြတာပဲ ဖြစ်ပါတယ်။

အကြမ်းဖျင်းအားဖြင့် အလတ်စားငှက်ပျောသီးတစ်လုံးမှာ ၁၀၅ကယ်လိုရီလောက်ပါဝင်ပြီး နံနက်စာအဖြစ်၊ နေ့လည်ပိုင်းသရေစာအဖြစ် စားသင့်တဲ့ အကောင်းဆုံး သရေစာပဲဖြစ်ပါတယ်။

ငှက်ပျောသီးမှာပါဝင်တဲ့ သဘာဝသကြားဓာတ်က အစာကြေလွယ်စေပြီး စွမ်းအင်ကို အလွယ်တကူ ရရှိစေပါတယ်။
ငှက်ပျောသီးက ၁၂ရာသီလုံးလုံး သီးတဲ့အသီးမျိုးဖြစ်လို့ အမြဲစားနိုင်ပါတယ်။
ငှက်ပျောသီးအစိမ်းကို ရေခဲသေတ္တာထဲမထည့်ထားပါနဲ့။ မမှည့်တော့ပဲ စိမ်းမြဲ စိမ်းနေနိုင်ပါတယ်။
ငှက်ပျောကြော်ကိုမစားသင့်ပါဘူး။ ငှက်ပျောကြော်မှာ ကယ်လိုရီ ၄ဝဝကျော်လောက်ပါဝင်နေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: