
Instagram က ကြိုတင်ကြေငြာထားတဲ့အတိုင်း video တွေကို live လွှင့်နိုင်ပြီဖြစ်ပါတယ်။ Live လွှင့်ဖို့ရန်အတွက် Stories Camera mode ကိုဖွင့်ပြီး live button ကိုနှိပ်လိုက်တာနဲ့ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ feature ကိုရဖို့ app ကို update လုပ်စရာမလို ဘူးလို့လဲ သိရပါတယ်။ Instagram ရဲ့ဆာဗာ ဘက်ခြမ်းက ပြောင်းလဲမှုနဲ့သက်ဆိုင်တာဖြစ်တဲ့အတွက် App မှာ အလိုအလျောက် live video feature ကို ရသွားမှာ ဖြစ်တယ်လို့ StarterSoup website မှာ ဖော်ပြထားပါတယ်။
ဒီရက်ပိုင်းအတွင်းမှာဘဲ Facebook ရဲ့ 360 live video feature ကို လည်း မိတ်ဆက်ခဲ့သလို social media app များအနေနဲ့ ယနေ့ ခေတ်မှာ live video က အရေးကြီး feature အနေနဲ့ထည့်သွင်းနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Instagram ရဲ့ live video ကိုတော့ အမေရိကန် နိုင်ငံမှာသာ အသုံးပြုခွင့်ရအုံးမှာ ဖြစ်ပြီး ရက်အနည်းငယ်အတွင်းမှာ နိုင်ငံအတော်များများမှာ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။
Ref: StarterSoup