Home Lifestyle Food သင့်ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်တဲ့ နွားနို့

သင့်ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်တဲ့ နွားနို့

0
သင့်ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်တဲ့ နွားနို့

နွားနို့မှာ ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပါတယ်။ တကယ်တော့ လူသားတွေဟာ မွေးတည်းက မိခင်နို့ကို သောက်စို့ပြီးကြီးပြင်လာကြတာပါ။ အရွယ်ရောက်တဲ့အခါမှာလည်း နွားနို့ကို သောက်ပေးသင့်ပါတယ်။ နွားနို့ကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကယ်လ်စီယမ်

နွားနို့မှာ အရိုးတွေ သန်မာအောင် တည်ဆောက်ဖို့နဲ့ ထိန်းသိမ်ဖို့အတွက် လိုအပ်တဲ့ ကယ်လ်စီယမ် အများအပြား ပါဝင်ပါတယ်။ ကယ်လ်စီယမ်ဟာ အာရုံကြောစနစ်၊ ကြွက်သားကျုံ့ခြင်းနဲ့ သွေးခဲခြင်းဖြစ်စဉ်တွေ မှန်ကန်ဖို့ရာအတွက် လိုအပ်လှပါတယ်။

ဖော့စ်ဖိုရပ်

ဒီအရေးကြီးတဲ့ သတ္တုဓာတ်ကတော့ အရိုကို ထိန်းသိမ်းပေးတဲ့အပြင် စွမ်းအင်ကိုလည်း ရရှိစေပါတယ်။

ပိုတက်ဆီယမ်

နှလုံးခုန်နှုန်း၊ သွေးဖိအားနဲ့ ကြွက်သားလုပ်ဆောင်မှုတွေ မှန်ကန်ဖို့အတွက် ပိုတက်စီယမ်ကို လိုအပ်ပါတယ်။

ဆိုဒီယမ်

အာရုံကြောစနစ်အတွက်လိုအပ်ပါတယ်။ ဆိုဒီယမ်ဟာ ကယ်လ်စီယံနဲ့ ပိုတက်ဆီယမ်လိုမျိုးပဲ တခြားဓာတ်တွေ သွေးထဲမှာ ပျော်ဝင်မှုကို ထိန်းညှိပေးပြီး အက်ဒရီနယ်ဂလင်းကို လှုံ့ဆော်ပေးပါတယ်။

ဗီတာမင် အစုံ

နွားနို့မှာ ဗီတာမင် A, B1, B2, B3, B12နဲ့ ဗီတာမင် Dတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဗီတာမင်Aဟာ ခုခံအား စနစ်ကို ကောင်းစေပြီး မျက်စိကြွက်သားတွေကို သန်မာစေပါတယ်။ ဗီတာမင် B1ဟာ အစာခြေဖျက်မှုမှာ ကူညီတဲ့အပြင် စွမ်းအင်အဆင့်ကို ထိန်းသိမ်းပေးပါတယ်။ ဗီတာမင် B2က အာရုံကြောစနစ်ဖွံ့ဖြိုးမှုနဲ့ စွမ်းအင်ရရှိမှုအတွက် အရေးကြီးပါတယ်။ ဗီတာမင် B3ကတော့အဆီအက်ဆစ်တွေနဲ့ သကြားဓာတ်တွေပျော်ဝင်စေဖို့ ကူညီပေးပြီး အင်ဇိုင်းတွေရဲ့ ပုံမှန်လုပ်ဆောင်မှုကို ကူညီပေးပါတယ်။ ဗီတာမင်B12ဟာ အာရုံကြောစနစ်ဖွံဖြိုးမှုအတွက် အရေးကြီးပြီး ဗီတာမင် Dကတော့ အရိုးတွေကို သန်မာအောင် ကူညီပေးပါတယ်။


ပရိုတင်း

နွားနို့မှာ ခန္ဓာကိုယ် ကြွက်သားတွေ တည်ဆောက်ဖို့နဲ့ ဦးနှောက်ဆဲလ်တွေ ဖွံ့ဖြိုးဖို့အတွက် အရေးကြီးတဲ့ ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ပရိုတင်းဟာခန္ဓာကိုယ်ကို အင်အားဖြစ်စေပါတယ်။ ဒါကြောင့် ကြီးမားဖွံ့ဖြိုးနေတဲ့ ကလေးအရွယ်တွေမှာ နွားနို့မှန်မှန် သောက်ပေးဖို့ လိုအပ်ပါတယ်။

အဆီ

နွားနို့အမျိုးအစားပေါ်မူတည်ပြီး အဆီပါဝင်မှု ကွဲပြားပါတယ်။ နွားနို့မှာ ပါဝင်တဲ့ အဆီအများစုက ပြည့်ဝဆီတွေ ဖြစ်ပါတယ်။ အဆီဟာ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းတွေနဲ့ ဆဲအမြှေးပါးတည်ဆောက်မှုတွေကို ကူညီပေးပါတယ်။ ဒါပေမဲ့ အဆီများလွန်းရင်တော့ အဝလွန်နိုင်တဲ့အတွက် အဆီထုတ်ထားတဲ့ နွားနို့ကို သောက်တာက သင့်အတွက် ပိုကောင်းပါတယ်။

ကာဗိုဟိုက်ဒရိတ်

နွားနို့မှာ အဓိကပါဝင်တဲ့ ကာဗိုဟိုက်ဒရိတ်ကတော့ လက်တို့စ်Latoseဖြစ်ပါတယ်။ စွမ်းအင်ပေးနိုင်ပြီး ကြွက်သားတည်ဆောက်မှုကိုလည်း ကူညီပေးပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: