
Apple မှ iOS အသုံးပြူသူများအတွက် iOS ဗားရှင်း 10.2 ကို update အနေနဲ့ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ TV OS အသုံးပြုသူများ အတွက် ကြည့်ရှုမယ့် ရုပ်သံလိုင်းတစ်ခုခြင်းဆီကို password လိုက်ရိုက်ရန် မလိုဘဲ Single Sign -On လုပ်ထားခြင်း ဖြင့် ရုပ်သံလိုင်း တစ်ခုခြင်းဆီကို ရွှေ့ပြောင်းကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် emoji အသစ်များလည်း ပါရှိလာပါသေးတယ်။ အောက်ပါ video မှာ လေ့လာနိုင်ပါတယ်။
ဒါ့အပြင် emoji အသစ်၊ wallpaper အသစ်တွေနဲ့ music app ကို အနည်းငယ် ဆန်းသစ်ထားပါတယ်။ Live photo အတွက်လည်း ပိုမို မြန်ဆန် တည်ငြိမ်လာတာဖြစ်တဲ့အတွက် အသုံးပြုသူတွေအတွက် စိတ်ကျေနပ်မှုရရှိစေမှာ ဖြစ်ပါတယ်။ အခြားပြောင်းလဲမှု အသေးစား လေးတွေလဲ ရှိပါတယ်။ ဒါပေမယ့် အဓိက ကျတဲ့ အချက်တွေကိုဘဲ ဖော်ပြလိုက်တာဖြစ်ပါတယ်။ အောက်ပါ video ကတော့ iOS 10.2 မှာ အသစ်ပါဝင်လာတဲ့ emoji အကြောင်း ဖြစ်ပါတယ်။