
တစ်နေ့မှာ မိနစ်သုံးဆယ် လမ်းလျောက်ခြင်းလိုပဲ အောက်ပါနည်းလမ်းတွေကလည်း သင့်ဦးနှောက်ကို ကျန်းမာထက်မြက်စေပါတယ်။
အိန္ဒိယအစားအစာ စားသောက်ပါ
သီတင်းပတ်တိုင်းမှာ နနွင်း၊ မုန်ညင်းနဲ့ တခြားဟင်းခတ်အမွှေးအကြိုင်တွေပါတဲ့ အစားအသောက်တွေကို အနည်းဆုံး ခြောက်ကြိမ်ခန့်စားပေးပါ။ နနွင်းထဲမှာ ပါတဲ့ Curcumin ဓာတ်ဟာ အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
ခရမ်းချဉ်သီးဆော့စ် စားပါ
တစ်ပတ်မှာ ခရမ်းချဉ်သီးဆော့စ် ၁ဝဇွန်းကို သံလွင်ဆီနဲ့ သကြာမရောပဲ စားပေးတာဟာ ဦးနှောက် စွမ်းအားကို ကောင်းမွန်စေပါတယ်။
သူတစ်ပါးကို သင်ကြားပေးပါ
ဘဝတစ်လျှောက်လုံး သင်ယူသူအဖြစ် နေထိုင်ရင်း သူတစ်ပါးကို ပညာပြန်လည်မျှဝေပေးပါ။ သင့်အနေနဲ့ တစ်ခြားတစ်ယောက်ကို ပညာမျှဝေပေးတာဟာ သတင်းအချက်အလက်နဲ့ ဗဟုသုတတွေကို စုဆောင်းထိန်းသိမ်းနိုင်စွမ်း ပိုကောင်းတတ်ပါတယ်။
ကော်ဖီသောက်ပါ
ခရင်မ်မပါ၊ သကြားမပါတဲ့ ကော်ဖီကို သောက်ပေးတာက အယ်လ်ဇိုင်းမာရောဂါ အန္တရာယ်ကို လျော့ကျစေပါတယ်။
များမျာရယ်ပါ
ရယ်တာက မှတ်ဉာဏ်ကို ကောင်းမွန်စေပါတယ်။ ဒါကြောင့်များများရယ်ပါ။ မရယ်ဖြစ်တဲ့ နေ့တွေမှာ ဟာသဇာတ်လမ်းတွေကြည့်တာမျိုး၊ ဟာသကာတွန်းတွေဖတ်တာမျိုးလုပ်ပြီး ရယ်မေယပါ။
ငါးစားပါ
တစ်ပတ်မှာ သုံးလေးကြိမ်လောက် ငါးစားပေးပါ။ တကယ်လို့ ငါးမစားဖြစ်ပါက ငါးကြီးဆီ Omega 3 Fatty Acid အားဖြည့်ဆေးကို နေ့စဉ်စားပေးပါ။