Home How To လက်ထပ်ပြီးချိန်မှစကာ သက်ဆုံးတိုင် ချစ်ခရီးလမ်း သာယာနေရလေအောင်

လက်ထပ်ပြီးချိန်မှစကာ သက်ဆုံးတိုင် ချစ်ခရီးလမ်း သာယာနေရလေအောင်

0
လက်ထပ်ပြီးချိန်မှစကာ သက်ဆုံးတိုင် ချစ်ခရီးလမ်း သာယာနေရလေအောင်

အိမ်ထောင်ရေးအများစုဟာ အိမ်ထောင်သက်ကြာလာလေလေ ကြည်နူးနှစ်သိမ့်မှုလျော့သွာလေလေ ဖြစ်တတ်ပါတယ်။ တချို့ဇနီးမောင်နှံတွေဆိုရင် လက်မထပ်ခင်က ချစ်ခင်တဲ့ပုံစံနဲ့ လုံးဝနီးပါးကွာခြားသွားတတ်ပါတယ်။ အဲဒီအခါ အိမ်ထောင်ရေးမှာ ပျော်ရွှင်ခြင်းမရှိတော့ပဲ ငြီးငွေ့လာတတ်ပါတယ်။ ဒီတော့ အိမ်ထောင်သက်တစ်လျောက်လုံး ပျော်ရွှင်ကျေနပ်နေနိုင်စေဖို့ နေ့ရက်တိုင်းကို လက်ထပ်ပြီးစလိုပဲ သဘောထားကြည့်သင့်ပါတယ်။

ထိတွေ့ပါ

နေ့စဉ်နေ့တိုင်း သင့်အိမ်ထောင်ဘက်ကို ထိတွေ့တဲ့အချိန်ကိုများများပေးပါ။ လက်ချင်းတွဲပြီး လမ်းအတူလျှောက်တာမျိုး၊ ဆိုင်ကယ်မောင်းနေစဉ် နောက်ကနေ လက်နဲ့ဖက်ထားတာမျိုး၊ ထမင်းစားစားပွဲမှာ ဘေးချင်းယှဉ်ထိုင်တာမျိုး… စတဲ့နည်းတွေနဲ့ ထိတွေ့နိုင်ပါတယ်။

ချစ်ကြောင်းပြပါ။

နေ့စဉ် ချစ်တဲ့အကြောင်းပြောပြီး ချစ်တဲ့အကြောင်းကို ဂရုစိုက်အလေးထားမှုပေးကာ ပြသပါ။ အလုပ်ကိစ္စ၊ လူမှုရေးကိစ္စ၊ အိမ်မှုကိစ္စအားလုံးမှာ တိုင်ပင်ဆွေးနွေးပြီးမှ ဆောင်ရွက်ပါ။

နေ့စဉ် အဆက်အသွယ်ပြုလုပ်ပါ

အကြောင်းကိစ္စရှိလို့ ခရီးသွားနေလို့ပဲဖြစ်ဖြစ်၊ တစ်နေကုန်အပြင်ထွက်ပြီး အလုပ်လုပ်နေရရင်ပဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ်လုပ်သင့်ပါတယ်။ ဖုန်းခေါ်ပြီး အချိန်ပေးကာ စကားပြောပါ။

အစားအသောက်တွေကို အတူပြင်ဆင် ချက်ပြုတ်ပါ

အစားအသောက် ပြင်ဆင်တာ၊ အိမ်မှုကိစ္စအဝဝဆောင်ရွက်တာတွေကို ဇနီးနဲ့ဘဲဆိုင်တယ်ဆိုပြီး သဘောမထားသင့်ပါ။ အားလပ်ချိန်မှာ အိမ်မှုကိစ္စတွေအတူဆောင်ရွက်တာ၊ ဟင်းလျာတွေကို အတူပြင်ဆင်ချက်ပြုတ်တာတွေ လုပ်ပေးရင် တစ်ယောက်နဲ့တစ်ယောက် ပိုမိုရင်းနှီးချစ်ခင်တဲ့ အနေအထားကို ဖြစ်စေပါတယ်။

ဂရုစိုက်မှုပေးပါ

မွေးနေ့တွေမှာ အမှတ်တရလက်ဆောင်ပေးတာမျိုး၊ အံ့အားသင့်သွားအောင် အပန်းဖြေခရီးတွေထွက်ဖို့ စီစဉ်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။

ခွင့်လွှတ်ပါ

တစ်ခါတစ်ရံက တတောက်ကဆတ်ဖြစ်လို့ ရန်ဖြစ်ကြတဲ့အခါ ခပ်မြန်မြန် ခွင့်လွှတ်ကြေအေးတတ်ပါစေ။ ဒေါသနဲ့ စိတ်အလိုမကျဖြစ်ခြင်းက အိမ်ထောင်ရေးသာယာချမ်းမြေ့မှုကို ထိခိုက်စေနိုင်လောက်အောင် အားပေးပါတယ်။ တချို့ကိစ္စတွေမှာ ခွင့်လွှတ်ပြီး မေ့ပစ်နိုင်အောင်ကြိုးစားလိုက်ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: