Home Entertainment Celebrity ဂျက်စတင်ဘီဘာ လည်ပတ်ခွင့်မရတဲ့ နေရာ (၆) ခု

ဂျက်စတင်ဘီဘာ လည်ပတ်ခွင့်မရတဲ့ နေရာ (၆) ခု

0
ဂျက်စတင်ဘီဘာ လည်ပတ်ခွင့်မရတဲ့ နေရာ (၆) ခု

နာမည်ကြီး ပေါ့ပ် အဆိုတော် ဂျက်စတင်ဘီဘာ ကိုတော့ လူတိုင်းသိကြသလို သူ့ရဲ့ မထင်မှတ်တဲ့အပြုအမူကြောင့်လဲ အမြဲတမ်း ပြဿနာ တွေ ရင်ဆိုင်နေရသူလဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျက်စတင်ဘီယာ ခရီးသွားတိုင်းမှာ နေရာတစ်ခုမှာ အချိန်ကြာကြာနေလို့ မရပါဘူး။ အကြောင်းကတော့ သူ့ကို သဘောကျလို့ လာကြည့်ရတဲ့ လူအုပ်စုကြီးရှိလာနိုင်သလို အချိန်မရွေး သူ့ရဲ့လုပ်ရပ်အချို့ကြောင့် မောင်းထုတ်မယ့် လူအုပ်ကြီးလည်း ဖြစ်လာနိုင်တာကြောင့်ပါ။ ဒီပိုစ့်မှာတော့ ဂျက်စတင်ဘီဘာ ကို သွား ရောက် လည်ပတ်ခွင့် ပိတ်ထားတဲ့ နေရာ (၆) ခုကို ဖော်ပြလိုက်ရပါတယ်။

၁။ အာဂျင်တီးနား

ကမ္ဘာပေါ်မှာ ဂျက်စတင်ဘီဘာ ကို မုန်းတဲ့နိုင်ငံကို မှတ်တမ်းတင်စာရင်းကောက်လိုက်ရင်တောင်မှ အာဂျင်တီးနားနိုင်ငံကိုတော့ မှီမယ် မထင်ပါဘူး။ အာဂျင်တီးနား နိုင်ငံကတော့ ဂျက်စတင်ဘီဘာ ကို ဝင်ရောက်လည်ပတ်ခွင့်ပိတ်ထားပါတယ်။ အကြောင်းကတော့ ဘီဘာ ဟာ ဖျော်ဖြေရေးစင်ပေါ်မှာ အာဂျင်တီးနား အလံကို ညစ်ညမ်းဖွယ် အပြုုအမူပြုလုပ်ခဲ့တာ ကြောင့်ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကို ဓာတ်ပုံ ရိုက်မှတ်တမ်းတင်သူကိုလည်း သူ့ရဲ့ ကိုယ်ရံတော်တွေနဲ့ ပြဿနာရှာခဲ့သေးပါတယ်။ ဒါကြောင့် အာဂျင်တီးနား နိုင်ငံသားတွေဟာ ဂျက်စတင်ဘီဘာ ကို မုန်းသွားကြတာ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာဘဲ ဂျက်စတင်ဘီဘာ ဟာ အာဂျင်တီးနားကို သွားရောက်လည်ပတ်ဖို့ စီစဉ် ခဲ့သော်လည်း အာဂျင်တီးနား အစိုးရကမူ ” ဒီချိန်မှာ တောင်းပန်ဖို့ အရမ်းနောက်ကျသွားပြီ” လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် ဂျက်စတင်ဘီဘာ အနေနဲ့ တစ်သက်လုံး အာဂျင်တီးနားကို ခြေတစ်လှမ်းတောင် ချခွင့်မရှိတော့ပါဘူး။

၂။ အရှေ့အလယ်ပိုင်း

ဂျက်စတင်ဘီဘာရဲ့ သီချင်းအယ်ဘမ်ကာဗာ မှာ အင်္ကျီချွတ်ပုံနဲ့ ရင်ဘတ်မှာ လက်ဝါးကပ်တိုင် တက်တူး ကြောင့် အရှေ့အလယ်ပိုင်း မှာ ပိတ်ခံရခြင်း ဖြစ်ပါတယ်။ ဘာသာရေးအယူအဆနဲ့ ရှေးရိုးထုံးစံအစဉ်အလာကြီးမားတဲ့ Mordor မြို့မှာ သီချင်းခွေအသစ်ကို ရောင်းချဖို့ ကြိုးစားရင်း ဂျက်စတင်ဘီဘာ ရဲ့ သီချင်းခွေ မရောင်းရခဲ့ပါဘူး။ အကယ်၍များ အဆိုပါ တက်တူးသာ အယ်ဘမ်အဖုံးမှာ မပါခဲ့ရင် ရောင်းချ ခွင့်ရှိမှာ ဖြစ်ပါတယ်။

၃။ အင်္ဂလန်နိုင်ငံရဲ့ တီဗွီအစီအစဉ်

ယခင်က ဂျက်စတင်ဘီဘာ ဟာ တီဗွီအစဉ်တွေမှာ ပါဝင်ရခဲ့ပြီး ကြေငြာအစီအစဉ်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အဲ့ဒီလိုမဟုတ်တော့ပါဘူး။ ဘီဘာ ဟာ skin care ထုတ်ကုန်တွေမှာ ကြေငြာခဲ့သော်လည်း ထိရောက်မှု မရှိတဲ့အတွက် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘီဘာ ဟာ အင်္ဂလန်နိုင်ငံသားမဟုတ်တဲ့အတွက် အင်္ဂလန်ထုတ်ကုန်ပစ္စည်းတွေကြေငြာတဲ့အခါ သိသာတဲ့ သက်ရောက်မှု မရှိဘူးလို့ ဆိုပါတယ်။ သဘောအားဖြင့် အင်္ဂလန် ကြေငြာအစီအစဉ်မှာ အမေရိကန်နိုင်ငံသားတစ်ယောက်က အင်္ဂလန် ပစ္စည်းတွေကို ကြေငြာတာဖြစ်တဲ့အတွက် ရောင်းအားက ပုံမှန်ဘဲဖြစ်နေပါတယ်။ ဆိုလိုချင်တာက ဂျက်စတင်ဘီဘာ မကြေငြာလည်း အဆိုပါ ပစ္စည်းရဲ့ ရောင်းချရမှုကလည်း ပုံမှန်ပါဘဲ။ ဒါကြောင့် ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာ ဂျက်စတင်ဘီဘာကို အင်္ဂလန် တီဗွီကြေငြာ အစီအစဉ်တွေမှာ ပိတ်ပင်လိုက်ပါတယ်။

၄။ Las Vegas Indoor Skydiving

Las Vegas မြို့တော်ရဲ့ Indoor Skydiving ကတော့ ဂျက်စတင်ဘီဘာကို တစ်သက်စာ လာရောက်လည်ပတ်ခွင့် ပိတ်ထားပါတယ်။ အကြောင်းကတော့ Indoor Skydiving ပိတ်ခါနီး မိနစ်အလိုမှာ ဘီဘာနဲ့ အပေါင်းအပါ ၆ ယောက် ရောက်ရှိလာပြီး ပျံသန်းကစားပြီးမှ ပိုက်ဆံချေဖို့ သဘောတူညီခဲ့ပါတယ်။ ဒါပေမယ့် ပိုက်ဆံရှင်းတဲ့အခါ အုပ်စုလိုက် မျှဝေရှင်းခဲ့ပေမယ့် Instagram မှာ ဓာတ်ပုံတင်တဲ့အခါ ကုန်ကျငွေ ဒေါ်လာ ၁၆၀၀ ကို တစ်ယောက်ထဲ ရှင်းတဲ့အနေနဲ့ ဓာတ်ပုံရိုက်တင်ခဲ့ပါတယ်။ ဒါက အကြောင်းရင်းမဟုတ်သေးပါဘူး။ ဘီဘာ နဲ့ အပေါင်းအပါ ၆ယောက်တို့ဟာ သန့်စင်ခန်းထဲမှာ ညစ်ပတ်ပေရေအောင် ပြုလုပ်ခဲ့ကြပြီး အညစ်အကြေးတွေသုတ်ထားတဲ့ စက္ကူကို လုံးချေပြီး အခန်းမှာ ရှိနေတဲ့ ဝန်ထမ်းရဲ့ မျက်နှာတည့်တည့်ကို ပစ်ထည့်ခဲ့ပါတယ်။ အဲ့ဒီလို ရိုင်းစိုင်းတဲ့အပြုအမူကြောင့် Las Vegas ရဲ့ Indoor Skydiving ကနေ ဂျက်စတင်ဘီဘာကို တစ်သက်စာ လာရောက်လည်ပတ်ခွင့်ကို ပိတ်လိုက်ကြောင်း အများသိအောင် ကြေငြာလိုက်ပါတယ်။

၅။ သြစတေးလျနိုင်ငံ၏ ဗီရမ်းနားမြို့တော်ရှိ Passage ကလပ်

ဗီရမ်းနား ဆိုတာ သြစတေးလျနိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး ယင်းမြို့တော်မှာ ရှိတဲ့ Passage  ကလပ်ကတော့ ဘီဘာအနေနဲ့ နောက်တစ်ခါ ဝင်ရောက်လည်ပတ်ခွင့် ရှိမှာ မဟုတ်တော့ပါဘူး။ ဂျက်စတင်ဘီဘာ လာတဲ့အတွက် ဘီဘာ့ကို ကြိုဆိုနှုတ်ဆက်ကြတဲ့ လူအုပ်ကြီးက Passage ကလပ်မှာ ရောက်ရှိနေပါတယ်။ ဂျက်စတင်ဘီဘာရဲ့ ကိုယ်ရံတော်တွေက လူအုပ်ကြားထဲကို အားနဲ့ကြမ်းတမ်းစွာ တိုက်ချပြီး ဘီဘာကို ကာကွယ်ထားကြပါတယ်။ ဒါ့အပြင် မှတ်တမ်းတင်တဲ့သူတွေရဲ့ ဖုန်းတွေ၊ ကင်မရာတွေကို လည်း ဘီဘာ့ရဲ့ ကိုယ်ရံတော်တွေက ဖျက်စီးပစ်ခဲ့ပါတယ်။ ဒါကြောင့် ရုံးရင်းဆန်ခတ်အခြေအနေဖြစ်ပွားခဲ့ပြီး Passage ကလပ်ရဲ့ မန်နေဂျာ Joachim Bankel ကတော့ ဂျက်စတင်ဘီဘာကို Passage ကလပ်ကနေ နောက်တစ်ခါကြိုဆိုဖို့အစီအစဉ်မရှိတော့ဘူး လို့ Austrian Times အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

၆။ Mayan မြို့တော်ဟောင်း

မက္ကစီကို နိုင်ငံမှာရှိတဲ့ Mayan မြို့တော်ဟောင်းကို ဂျက်စတင်ဘီဘာနဲ့ အတူ အပေါင်းအပါတွေ သွားရောက်လည်ပတ်ကြပြီး အဆောက်အဦးတွေ အပေါ် ပြေးတက်ပြေးဆင်းလုပ်ရင်း ဘီယာသောက်ကြပါတယ်။ Mayan ရှေးဟောင်းဘုရားကျောင်းတွေရဲ့ တည်ဆောက်ပုံဟာ အီဂျစ်မှာရှိတဲ့ ပိရမစ်ပုံစံနဲ့အနည်းငယ်ဆင်တူပါတယ်။ ဒါ့အပြင် နေရာအချို့ကိုလည်း တက်ရောက်ခွင့် မရှိပါဘူး။ ဒါပေမယ့် ဂျက်စတီဘီဘာ ဟာ ဘုရားကျောင်းအပေါ်ကို ပြေးတက်သွားတဲ့အပြင် သူနဲ့ဘောင်းဘီကိုလည်း ဘုရားကျောင်းအဆောက် အဦးပေါ်မှာ ချွတ်ပြခဲ့ပါတယ်။ ဒါဟာ Mayan တို့ရဲ့ ကိုးကွယ်ရာနတ်ဘုရားကို စော်ကားသလိုဖြစ်တဲ့အပြင် မူးရစ်ရမ်းကားတာကြောင့် စည်းကမ်းကို ဖောက်ဖျက်ခဲ့သလိုလဲ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာမှ ဘီဘာတို့အား ဖမ်းဆီးရန် ရောက်လာတဲ့အချိန်မှာတော့ ဂျက်စတင်ဘီဘာနဲ့ အုပ်စုဟာ Mayan မြို့တော်ဟောင်းနေရာကနေ အချိန်တိုအတွင်းမှာ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ဒါပေမယ့် နောက်တစ်ခါတော့ ခြေချခွင့်ရရှိတော့မှာ မဟုတ်ပါဘူး။

Zawgyi Font : ဂ်က္စတင္ဘီဘာ လည္ပတ္ခြင့္မရတဲ့ ေနရာ (၆) ခု

နာမည္ႀကီး ေပါ့ပ္ အဆိုေတာ္ ဂ်က္စတင္ဘီဘာ ကိုေတာ့ လူတိုင္းသိၾကသလို သူ႔ရဲ႕ မထင္မွတ္တဲ့အျပဳအမူေၾကာင့္လဲ အၿမဲတမ္း ျပႆနာ ေတြ ရင္ဆိုင္ေနရသူလဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ဂ်က္စတင္ဘီယာ ခရီးသြားတိုင္းမွာ ေနရာတစ္ခုမွာ အခ်ိန္ၾကာၾကာေနလို႔ မရပါဘူး။ အေၾကာင္းကေတာ့ သူ႔ကို သေဘာက်လို႔ လာၾကည့္ရတဲ့ လူအုပ္စုႀကီးရွိလာႏိုင္သလို အခ်ိန္မေ႐ြး သူ႔ရဲ႕လုပ္ရပ္အခ်ိဳ႕ေၾကာင့္ ေမာင္းထုတ္မယ့္ လူအုပ္ႀကီးလည္း ျဖစ္လာႏိုင္တာေၾကာင့္ပါ။ ဒီပိုစ့္မွာေတာ့ ဂ်က္စတင္ဘီဘာ ကို သြား ေရာက္ လည္ပတ္ခြင့္ ပိတ္ထားတဲ့ ေနရာ (၆) ခုကို ေဖာ္ျပလိုက္ရပါတယ္။

၁။ အာဂ်င္တီးနား

ကမာၻေပၚမွာ ဂ်က္စတင္ဘီဘာ ကို မုန္းတဲ့ႏိုင္ငံကို မွတ္တမ္းတင္စာရင္းေကာက္လိုက္ရင္ေတာင္မွ အာဂ်င္တီးနားႏိုင္ငံကိုေတာ့ မွီမယ္ မထင္ပါဘူး။ အာဂ်င္တီးနား ႏိုင္ငံကေတာ့ ဂ်က္စတင္ဘီဘာ ကို ဝင္ေရာက္လည္ပတ္ခြင့္ပိတ္ထားပါတယ္။ အေၾကာင္းကေတာ့ ဘီဘာ ဟာ ေဖ်ာ္ေျဖေရးစင္ေပၚမွာ အာဂ်င္တီးနား အလံကို ညစ္ညမ္းဖြယ္ အျပဳုအမူျပဳလုပ္ခဲ့တာ ေၾကာင့္ျဖစ္ပါတယ္။ ဒီအျဖစ္အပ်က္ကို ဓာတ္ပုံ ႐ိုက္မွတ္တမ္းတင္သူကိုလည္း သူ႔ရဲ႕ ကိုယ္ရံေတာ္ေတြနဲ႔ ျပႆနာရွာခဲ့ေသးပါတယ္။ ဒါေၾကာင့္ အာဂ်င္တီးနား ႏိုင္ငံသားေတြဟာ ဂ်က္စတင္ဘီဘာ ကို မုန္းသြားၾကတာ ျဖစ္ပါတယ္။ ဒီႏွစ္ထဲမွာဘဲ ဂ်က္စတင္ဘီဘာ ဟာ အာဂ်င္တီးနားကို သြားေရာက္လည္ပတ္ဖို႔ စီစဥ္ ခဲ့ေသာ္လည္း အာဂ်င္တီးနား အစိုးရကမူ ” ဒီခ်ိန္မွာ ေတာင္းပန္ဖို႔ အရမ္းေနာက္က်သြားၿပီ” လို႔ ေျပာခဲ့ပါတယ္။ ဒါေၾကာင့္ ဂ်က္စတင္ဘီဘာ အေနနဲ႔ တစ္သက္လုံး အာဂ်င္တီးနားကို ေျခတစ္လွမ္းေတာင္ ခ်ခြင့္မရွိေတာ့ပါဘူး။

၂။ အေရွ႕အလယ္ပိုင္း

ဂ်က္စတင္ဘီဘာရဲ႕ သီခ်င္းအယ္ဘမ္ကာဗာ မွာ အက်ႌခြၽတ္ပုံနဲ႔ ရင္ဘတ္မွာ လက္ဝါးကပ္တိုင္ တက္တူး ေၾကာင့္ အေရွ႕အလယ္ပိုင္း မွာ ပိတ္ခံရျခင္း ျဖစ္ပါတယ္။ ဘာသာေရးအယူအဆနဲ႔ ေရွး႐ိုးထုံးစံအစဥ္အလာႀကီးမားတဲ့ Mordor ၿမိဳ႕မွာ သီခ်င္းေခြအသစ္ကို ေရာင္းခ်ဖို႔ ႀကိဳးစားရင္း ဂ်က္စတင္ဘီဘာ ရဲ႕ သီခ်င္းေခြ မေရာင္းရခဲ့ပါဘူး။ အကယ္၍မ်ား အဆိုပါ တက္တူးသာ အယ္ဘမ္အဖုံးမွာ မပါခဲ့ရင္ ေရာင္းခ် ခြင့္ရွိမွာ ျဖစ္ပါတယ္။

၃။ အဂၤလန္ႏိုင္ငံရဲ႕ တီဗြီအစီအစဥ္

ယခင္က ဂ်က္စတင္ဘီဘာ ဟာ တီဗြီအစဥ္ေတြမွာ ပါဝင္ရခဲ့ၿပီး ေၾကျငာအစီအစဥ္ေတြမွာလည္း ပါဝင္ခဲ့ပါတယ္။ ဒါေပမယ့္ အခုေတာ့ အဲ့ဒီလိုမဟုတ္ေတာ့ပါဘူး။ ဘီဘာ ဟာ skin care ထုတ္ကုန္ေတြမွာ ေၾကျငာခဲ့ေသာ္လည္း ထိေရာက္မႈ မရွိတဲ့အတြက္ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဘီဘာ ဟာ အဂၤလန္ႏိုင္ငံသားမဟုတ္တဲ့အတြက္ အဂၤလန္ထုတ္ကုန္ပစၥည္းေတြေၾကျငာတဲ့အခါ သိသာတဲ့ သက္ေရာက္မႈ မရွိဘူးလို႔ ဆိုပါတယ္။ သေဘာအားျဖင့္ အဂၤလန္ ေၾကျငာအစီအစဥ္မွာ အေမရိကန္ႏိုင္ငံသားတစ္ေယာက္က အဂၤလန္ ပစၥည္းေတြကို ေၾကျငာတာျဖစ္တဲ့အတြက္ ေရာင္းအားက ပုံမွန္ဘဲျဖစ္ေနပါတယ္။ ဆိုလိုခ်င္တာက ဂ်က္စတင္ဘီဘာ မေၾကျငာလည္း အဆိုပါ ပစၥည္းရဲ႕ ေရာင္းခ်ရမႈကလည္း ပုံမွန္ပါဘဲ။ ဒါေၾကာင့္ ၂၀၁၂ ခုႏွစ္ ေနာက္ပိုင္းမွာ ဂ်က္စတင္ဘီဘာကို အဂၤလန္ တီဗြီေၾကျငာ အစီအစဥ္ေတြမွာ ပိတ္ပင္လိုက္ပါတယ္။

၄။ Las Vegas Indoor Skydiving

Las Vegas ၿမိဳ႕ေတာ္ရဲ႕ Indoor Skydiving ကေတာ့ ဂ်က္စတင္ဘီဘာကို တစ္သက္စာ လာေရာက္လည္ပတ္ခြင့္ ပိတ္ထားပါတယ္။ အေၾကာင္းကေတာ့ Indoor Skydiving ပိတ္ခါနီး မိနစ္အလိုမွာ ဘီဘာနဲ႔ အေပါင္းအပါ ၆ ေယာက္ ေရာက္ရွိလာၿပီး ပ်ံသန္းကစားၿပီးမွ ပိုက္ဆံေခ်ဖို႔ သေဘာတူညီခဲ့ပါတယ္။ ဒါေပမယ့္ ပိုက္ဆံရွင္းတဲ့အခါ အုပ္စုလိုက္ မွ်ေဝရွင္းခဲ့ေပမယ့္ Instagram မွာ ဓာတ္ပုံတင္တဲ့အခါ ကုန္က်ေငြ ေဒၚလာ ၁၆၀၀ ကို တစ္ေယာက္ထဲ ရွင္းတဲ့အေနနဲ႔ ဓာတ္ပုံ႐ိုက္တင္ခဲ့ပါတယ္။ ဒါက အေၾကာင္းရင္းမဟုတ္ေသးပါဘူး။ ဘီဘာ နဲ႔ အေပါင္းအပါ ၆ေယာက္တို႔ဟာ သန႔္စင္ခန္းထဲမွာ ညစ္ပတ္ေပေရေအာင္ ျပဳလုပ္ခဲ့ၾကၿပီး အညစ္အေၾကးေတြသုတ္ထားတဲ့ စကၠဴကို လုံးေခ်ၿပီး အခန္းမွာ ရွိေနတဲ့ ဝန္ထမ္းရဲ႕ မ်က္ႏွာတည့္တည့္ကို ပစ္ထည့္ခဲ့ပါတယ္။ အဲ့ဒီလို ႐ိုင္းစိုင္းတဲ့အျပဳအမူေၾကာင့္ Las Vegas ရဲ႕ Indoor Skydiving ကေန ဂ်က္စတင္ဘီဘာကို တစ္သက္စာ လာေရာက္လည္ပတ္ခြင့္ကို ပိတ္လိုက္ေၾကာင္း အမ်ားသိေအာင္ ေၾကျငာလိုက္ပါတယ္။

၅။ ၾသစေတးလ်ႏိုင္ငံ၏ ဗီရမ္းနားၿမိဳ႕ေတာ္ရွိ Passage ကလပ္

ဗီရမ္းနား ဆိုတာ ၾသစေတးလ်ႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ျဖစ္ၿပီး ယင္းၿမိဳ႕ေတာ္မွာ ရွိတဲ့ Passage  ကလပ္ကေတာ့ ဘီဘာအေနနဲ႔ ေနာက္တစ္ခါ ဝင္ေရာက္လည္ပတ္ခြင့္ ရွိမွာ မဟုတ္ေတာ့ပါဘူး။ ဂ်က္စတင္ဘီဘာ လာတဲ့အတြက္ ဘီဘာ့ကို ႀကိဳဆိုႏႈတ္ဆက္ၾကတဲ့ လူအုပ္ႀကီးက Passage ကလပ္မွာ ေရာက္ရွိေနပါတယ္။ ဂ်က္စတင္ဘီဘာရဲ႕ ကိုယ္ရံေတာ္ေတြက လူအုပ္ၾကားထဲကို အားနဲ႔ၾကမ္းတမ္းစြာ တိုက္ခ်ၿပီး ဘီဘာကို ကာကြယ္ထားၾကပါတယ္။ ဒါ့အျပင္ မွတ္တမ္းတင္တဲ့သူေတြရဲ႕ ဖုန္းေတြ၊ ကင္မရာေတြကို လည္း ဘီဘာ့ရဲ႕ ကိုယ္ရံေတာ္ေတြက ဖ်က္စီးပစ္ခဲ့ပါတယ္။ ဒါေၾကာင့္ ႐ုံးရင္းဆန္ခတ္အေျခအေနျဖစ္ပြားခဲ့ၿပီး Passage ကလပ္ရဲ႕ မန္ေနဂ်ာ Joachim Bankel ကေတာ့ ဂ်က္စတင္ဘီဘာကို Passage ကလပ္ကေန ေနာက္တစ္ခါႀကိဳဆိုဖို႔အစီအစဥ္မရွိေတာ့ဘူး လို႔ Austrian Times အင္တာဗ်ဴးမွာ ေျပာၾကားခဲ့ပါတယ္။

၆။ Mayan ၿမိဳ႕ေတာ္ေဟာင္း

မကၠစီကို ႏိုင္ငံမွာရွိတဲ့ Mayan ၿမိဳ႕ေတာ္ေဟာင္းကို ဂ်က္စတင္ဘီဘာနဲ႔ အတူ အေပါင္းအပါေတြ သြားေရာက္လည္ပတ္ၾကၿပီး အေဆာက္အဦးေတြ အေပၚ ေျပးတက္ေျပးဆင္းလုပ္ရင္း ဘီယာေသာက္ၾကပါတယ္။ Mayan ေရွးေဟာင္းဘုရားေက်ာင္းေတြရဲ႕ တည္ေဆာက္ပုံဟာ အီဂ်စ္မွာရွိတဲ့ ပိရမစ္ပုံစံနဲ႔အနည္းငယ္ဆင္တူပါတယ္။ ဒါ့အျပင္ ေနရာအခ်ိဳ႕ကိုလည္း တက္ေရာက္ခြင့္ မရွိပါဘူး။

ဒါေပမယ့္ ဂ်က္စတီဘီဘာ ဟာ ဘုရားေက်ာင္းအေပၚကို ေျပးတက္သြားတဲ့အျပင္ သူနဲ႔ေဘာင္းဘီကိုလည္း ဘုရားေက်ာင္းအေဆာက္ အဦးေပၚမွာ ခြၽတ္ျပခဲ့ပါတယ္။ ဒါဟာ Mayan တို႔ရဲ႕ ကိုးကြယ္ရာနတ္ဘုရားကို ေစာ္ကားသလိုျဖစ္တဲ့အျပင္ မူးရစ္ရမ္းကားတာေၾကာင့္ စည္းကမ္းကို ေဖာက္ဖ်က္ခဲ့သလိုလဲ ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ သက္ဆိုင္ရာမွ ဘီဘာတို႔အား ဖမ္းဆီးရန္ ေရာက္လာတဲ့အခ်ိန္မွာေတာ့ ဂ်က္စတင္ဘီဘာနဲ႔ အုပ္စုဟာ Mayan ၿမိဳ႕ေတာ္ေဟာင္းေနရာကေန အခ်ိန္တိုအတြင္းမွာ ထြက္ေျပးလြတ္ေျမာက္သြားပါတယ္။ ဒါေပမယ့္ ေနာက္တစ္ခါေတာ့ ေျခခ်ခြင့္ရရွိေတာ့မွာ မဟုတ္ပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: