Home News ဒေါ်လာ ၁၅၀ ဝန်းကျင်ခန့်သာရှိသော Nokia ၏ Android စမတ်ဖုန်း ၂၀၁၇ခုနှစ်တွင် ထွက်ရှိမည်

ဒေါ်လာ ၁၅၀ ဝန်းကျင်ခန့်သာရှိသော Nokia ၏ Android စမတ်ဖုန်း ၂၀၁၇ခုနှစ်တွင် ထွက်ရှိမည်

0
ဒေါ်လာ ၁၅၀ ဝန်းကျင်ခန့်သာရှိသော Nokia ၏ Android စမတ်ဖုန်း ၂၀၁၇ခုနှစ်တွင် ထွက်ရှိမည်

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ ပြသမယ့် MWC (Mobile World Congress) ပွဲမှာ Nokia က Android စမတ်ဖုန်းကို ပြသရောင်းချသွား မှာ ဖြစ်တယ်လို့ ပြောခဲ့ပေမယ့် စျေးနှုန်းကိုတော့ အတိအကျပြောခဲ့ခြင်း မရှိပါဘူး။ ယခုမှာတော့ သတင်းပေါက်ကြားမှုများအရ Nokia ရဲ့ Android စမတ်ဖုန်းဟာ ဒေါ်လာ ၁၅ဝ ဝန်းကျင်ခန့်ဖြစ်နိုင်တယ်လို့ Phonearena website မှာ ရေးသားဖော်ပြထားပါတယ်။ ဒါဟာ မထင်မှတ်ထားတဲ့ စျေးနှုန်းဖြစ်ပြီး အရင်က စျေးနှုန်းခန့်မှန်းချက်တွေနဲ့ အများကြီးကွဲလွဲမှုရှိပါတယ်။ အရင်က ဒေါ်လာ ၆၀၀ ဝန်းကျင်ခန့် ရှိမယ်လို့ ထင်ကြေးတွေနဲ့ဖော်ပြခဲ့ကြပြီး ယခု သတင်းပေါက်ကြားမှုများအရ ဒေါ်လာ ၁၅၀ ဝန်းကျင်ခန့်ဘဲ ရှိမယ်လို့ သိရပါတယ်။

ဒါပေမယ့် Nokia အနေနဲ့ စမတ်ဖုန်းကို နှစ်မျိုးထုတ်ဝေမှာ ဖြစ်ပြီး memory နဲ့ ဖုန်းမျက်နှာပြင်အကျယ်တွေတော့ တစ်ခုနဲ့တစ်ခုမတူပါ ဘူး။ ဒေါ်လာ ၂၀၀ တန် စမတ်ဖုန်းကိုတော့ RAM 3GB နဲ့ မျက်နှာပြင်အကျယ် ၅.၅လက်မ ရှိပြီး Full HD အရည်အသွေးနဲ့ ထုတ်လုပ် ရောင်းချမှာ ဖြစ်ပါတယ်။ ဒေါ်လာ ၁၅၀ တန်မှာတော့ RAM 2GB နဲ့ မျက်နှာပြင်အကျယ် ၅ လက်မ နဲ့ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Nokia က ဘတ်ဂျက်ဖုန်းအနေနဲ့ စျေးကွက်ကို ထိုးဖောက်ဖို့ ကြိုးစားနေတာကို တွေ့ ရပါတယ်။ CPU 1.4GHz Qualcomm Snapdragon 430၊ GPU Adreno 505 နဲ့ Selfie camera ကိုတော့ 8 Megapixels  နဲ့ထုတ်လုပ်ရောင်းချမှာဖြစ်ပါတယ်။ ဒေါ်လာ ၁၅၀ တန် စမတ်ဖုန်းမှာကတော့ Main camera ကို 13 Megapixels အနေနဲ့ ထုတ်လုပ်မှာ ဖြစ်ပြီး ဒေါ်လာ ၂၀၀ တန်မှာကတော့ Main camera ကို 16 Megapixels အနေဲ့တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးလုံးကတော့ Android version 7.0 Nougat နဲ့ လာမှာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: