Home Knowledge အပျိုဖော်ဝင်ချိန်နှင့် လူပျိုဖော်ဝင်ချိန် ဘာကြောင့်စောလဲ

အပျိုဖော်ဝင်ချိန်နှင့် လူပျိုဖော်ဝင်ချိန် ဘာကြောင့်စောလဲ

0
အပျိုဖော်ဝင်ချိန်နှင့် လူပျိုဖော်ဝင်ချိန် ဘာကြောင့်စောလဲ

ပုံမှန်ထက်စောပြီး အပျိုဖော်ဝင်ချိန်နဲ့ လူပျိုဖော်ဝင်ချိန်ရောက်လာရင် မိန်းကလေးတွေမှာ ရင်သားဖွံ့ဖြိုးခြင်းနဲ့ ရာသီသွေးဆင်းခြင်း၊  ယောက်ျားလေးတွေမှာ ဝှေးစေ့ဖွံ့ဖြိုးခြင်း၊ ချိုင်းမွှေးထွက်လာခြင်း၊ ခန္ဓာကိုယ်ကြီးထွားနှုန်းမှန်ကန်ခြင်းစတဲ့ လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ အသက်ရှစ်နှစ်မတိုင်ခင်မှာ အပျိုဖော်ဝင်ရင် အပျိုဖော်ဝင်ချိန်စောတယ်လို့ခေါ်ပြီး အသက်ကိုးနှစ်မတိုင်ခင်မှာ လူပျိုဖော်ဝင်ရင် လူပျိုဖော်ဝင်ချိန်စောတယ်လို့ ခေါ်ပါတယ်။ အပျိုဖော်၊ လူပျိုဖော်ဝင်ချိန်စောရတဲ့ အကြောင်းရင်းတွေအများကြီးရှိပါတယ်။

အဝလွန်ခြင်း

ခန္ဓာကိုယ်က ပုံမှန်ရှိသင့်တာထက် အလေးချိန်ပိုများလွန်းနေရင် ပုံမှန်ထက်စောပြီး အပျိုဖော်၊ လူပျိုဖော်ဝင်ချိန်ကို ရောက်နိုင်ပါတယ်။

အိမ်တွင်းရေးမသာယာခြင်း

စိတ်ဖိစီးစရာကောင်းတဲ့ မိသားစုအသိုင်းအဝိုင်းတွေကြားမှာ နေရတဲ့ သမီးမိန်းကလေးတွေက စောစောစီးစီးအပျိုဖော်ဝင်တတ်ပါတယ်။ လေ့လာမှုတွေအရ လူမျိုးမတူညီကွဲပြားမှုဟာလည်း ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေရဲ့ စောစောအရွယ်ရောက်မှုအပေါ် သက်ရောက်မှုရှိနေပါတယ်။

ခန္ဓာကိုယ်တွင်း ပုံမမှန်ခြင်းဖြစ်မှုများ

စောစောအပျိုဖော်၊ လူပျိုဖော်ဝင်ရတာက အင်ဒရီဂလင်း ဒါမှမဟုတ် မိန်းကလေးတွေမှာ မမျိုးဥ၊ ယောက်ျားလေးတွေမှာ ဝှေးစေ့ ပုံမမှန်ဖြစ်ရခြင်းတွေကြောင့်လည်းဖြစ်တတ်ပါတယ်။ ဒါကြောင့် အပျိုဖော်၊ လူပျိုဖော်ဝင်ချိန်စောရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

အပျိုဖော်၊ လူပျိုဖော်ဝင်ချိန် စောလွန်းတဲ့ ကလေးတွေကို အားပေးစကားပြောကြားပြီး ကိုယ်လက်လှုပ်ရှားမှုမှာ ပါဝင်ဖို့ တိုက်တွန်းပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: