Home How To ညဘက်မှာ ခန္ဓာကိုယ်ကို ဘယ်လိုအနားပေးမလဲ

ညဘက်မှာ ခန္ဓာကိုယ်ကို ဘယ်လိုအနားပေးမလဲ

0
ညဘက်မှာ ခန္ဓာကိုယ်ကို ဘယ်လိုအနားပေးမလဲ

အိပ်ရာမဝင်ခင် အပန်းပြေဖို့အတွက် အချိန်တစ်နာရီပေးပါ။ အဲဒီအချိန်မှာ သတင်းကြည့်တာ၊ အင်တာနက် သုံးတာတွေကို မလုပ်သင့်တော့ပါဘူး။ စာဖတ်ခြင်းနဲ့ သီချင်းချိုချိုအေးအေးလေးတွေနားထောင်တာတွေကို လုပ်ပေးပါ။

စိတ်က အပန်းပြေပေမဲ့ ကိုယ်က တင်းကျပ်ဖိစီးနေရင် အကြောလျော့ပေးပါ။ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ လည်ပင်း၊ ပခုံးနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းက ကြွက်သားတွေကို အနားရနိုင်အောင် အကြောလျော့ပေးပါ။ အိပ်ရာမဝင်ခင် အမျိုးသမီးတွေအနေနဲ့ ၃-၅ပေါင်ခန့်လေးတဲ့ အလေးပြား၊ အမျိုးသားတွေအနေနဲ့ ၅-၁ဝပေါင်ခန့်လေးတဲ့ အလေးပြားကို မ,ပေးရင် ခန္ဓာကိုယ်ကြွက်သားတွေကို ပြေလျော့စေပါတယ်။

ညစာစားချိန်နဲ့ အိပ်ချိန်ကြားအနည်းဆုံး သုံးနာရီကွာပါစေ။ ဗိုက်ပြည့်နေရင် ဦးနှောက်က ကောင်းကောင်းအိပ်မောကျနိုင်မှာ မဟုတ်ပါဘူး။ နေ့လည်စာကို ကောင်းကောင်းစားပြီး ပေါ့ပါးတဲ့ညစာကို စောစောစားပေးပါ။ ညအိပ်ရာဝင်ချိန်မတိုင်ခင် ဗိုက်ဆာနေသေးရင် ပရိုတင်းပါတဲ့ သရေစာနဲ့ နွားနို့သောက်ပေးပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: