Home How To အမျိုးသမီးတွေအတွက် ဆောင်းရာသီမှာ စတိုင်ကျစေမဲ့ ကုတ်အင်္ကျီပုံစံဘယ်လိုရွေးမလဲ

အမျိုးသမီးတွေအတွက် ဆောင်းရာသီမှာ စတိုင်ကျစေမဲ့ ကုတ်အင်္ကျီပုံစံဘယ်လိုရွေးမလဲ

0
အမျိုးသမီးတွေအတွက် ဆောင်းရာသီမှာ စတိုင်ကျစေမဲ့ ကုတ်အင်္ကျီပုံစံဘယ်လိုရွေးမလဲ
အမ်ိဳးသမီးဖက္ရွင္

အေးမြတဲ့ ဆောင်းရာသီရောက်လို့ ကုတ်အင်္ကျီကို စတိုင်ကျအောင် ဝတ်ဆင်လိုသူတွေအတွက် သင့် ခန္ဓာကိုယ်ပုံစံနဲ့လိုက်ဖက်မဲ့ ကုတ်အကျင်္ီပုံစံတွေကို ဖော်ပြပေးလိုက်ပါတယ်။ ချမ်းအေးတဲ့အချိန်မှာဆိုရင်လည်း သင့်အတွက်လိုက်ဖက်မဲ့ ကုတ်အင်္ကျီ တစ်ထည်ဟာ သင့်ကို စမတ်ကျကျလှပစေမှာပါ။ အနွေးထည် ပွပွကြီးတွေက နွေးထွေးစေပေမဲ့ ခန္ဓာကိုယ်အချိုးကျလှပဖို့ အထောက်အကူမပြုနိုင်ပါဘူး။

ရင်သားသေးငယ်သူတွေအတွက်

ရင်သားသေးသူတွေဟာ ကုတ်အင်္ကျီခါးအရှည်ပဲဖြစ်ဖြစ်၊ အတိုပဲဖြစ်ဖြစ် ရွေးချယ်ချိန်မှာ ကော်လာနှစ်ထပ်ပါတာမျိုး၊ ဒါမှမဟုတ် လည်ပင်းကော်လာကြီးတာမျိုးတွေကို ရွေးချယ်ပါ။ အရောင်တွေပေါင်းစပ်ထားတဲ့ အင်္ကျီအမျိုးမျိုးကို ရွေးပါ။ ရင်ဘတ်နေရာမှာ ကြယ်သီးအကြီးကြီးတွေတတ်တာမျိုး၊ ပန်းပွင့်တွေပါတာမျိုး ရွေးဝယ်ပါ။

ခါးရှည်သွယ်လျသူ

ခန္ဓာကိုယ် တစ်ဖြောင့်တည်းသွားပြီး ပိန်သွယ်သူတွေကတော့ ကုတ်အင်္ကျီရွေးချယ်ရာမှာ ခါးနေရာမှာ ခါးပတ် အစီး ပါတာမျိုးကို ရွေးချယ်ပါ။ ဒါမှ သင့်ခန္ဓာကိုယ် အချိုးအစားကို ပေါ်လွင်စေတယ်လို့ ထင်ရစေပြီး စတိုင်ကျစေပါတယ်။

ဝပြီး ခါးနေရာတုတ်သူ

ဝပြီး ခါးနေရာနားမှာ တုတ်သူတွေ အနေနဲ့ အရောင်ရင့်တာမျိုးကို ရွေးချယ်ပါ။ ခါးအစီးမပါတာမျိုးနဲ့ တင်ပါးအကျော် ပေါင်နေရာမှာ စီးထားတဲ့ အင်္ကျီမျိုးကို ရွေးချယ်ပါ။ ရင်ဘတ်နဲ့ လည်ပင်းနေရာမှာ လုံတဲ့ ကုတ်အမျိုးအစားကို ရွေးချယ်ပါ။

ရင်သားကြီးသူတွေအတွက်

ရှေ့မှာ ဇစ်တပ်ထားတဲ့ ကုတ်အကျီင်္အမျိုးအစားကို ရွေးချယ်ပါ။ ရှင်းလင်းပြီး ရင်ဘတ်အရှေ့နားမှာ ကြယ်သီးတွေမပါတာမျိုးကို ရွေးချယ်ပါ။ ကြယ်သီးတွေ အလှဆင်ထားတာမျိုး ရွေးချယ်မယ်ဆိုရင် ခါးနေရာမှာသာ အလှဆင်ထားတဲ့ ကုတ်အင်္ကျီကို ရွေးချယ်ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: