
လမ်းလျှောက်တတ်စ သင့်ကလေးကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ရှိစေလိုပါသလား။ သူ့ကို နို့ဘူးမတိုက်ပါနဲ့။ အသက် ၂ နှစ်အရွယ်အထိ နို့ဘူးစို့တဲ့ ကလေးတွေက အဝလွန်နိုင်ခြေ ပိုများကြောင်း ကလေးကျန်းမာရေးဂျာနယ်ရဲ့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။
နို့ဘူးကို အဓိက စို့တဲ့ ဒါမှမဟုတ် အသက် ၂ နှစ်အရွယ်အထိ အိပ်ရာထဲမှာ နိုု့ဘူးစို့ကာ အိပ်လေ့ရှိတဲ့ကလေး ၂၃ရာခိုင်နူန်းနီးပါးဟာ အသက်ငါးနှစ်ခွဲအရွယ်ရောက်ချိန်မှာ အဝလွန်လာကြကြောင်း အိုဟိုင်းအိုးပြည်နယ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ နို့ဘူးမစို့တဲ့ ကလေးတွေအနက် ၁၆ ရာခိုင်နူန်းကသာ ဒီအသက်အရွယ်မှာ အဝလွန်တတ်ကြပါတယ်။
၂၀၁၀ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ကလေးတွေကို လေ့လာခဲ့ရာ ၂ နှစ်အရွယ်အထိ နို့ဘူးစို့တဲ့ ကလေးတွေက အသက်ငါးနှစ် အရွယ်မှာ အဝလွန်နိုင်ခြေ ၃၀ ရာခိုင်နူန်းရှိတာကို တွေ့ခဲ့ရပါတယ်။ နို့ဘူးစို့တဲ့ ကလေးတွေ အဝလွန်ရတဲ့ အကြောင်းရင်းက ကယ်လိုရီကို ပိုရစေတာကြောင့်ပဲ ဖြစ်ပါတယ်။ အသက်ကြီးတဲ့ ကလေးတွေမှာ နို့ဘူးစို့တာက အာဟာရထက် စိတ်ကျေနပ်မှုနဲ့ ဇိမ်ယူဖို့အတွက်ပဲ ဇြစ်ကြောင်း လေ့လာသူ Rachel Goozeက ဆိုပါတယ်။
ကလေးရဲ့အသက်ခြောက်လအထိ မိခင်နို့ကိုပဲ တိုက်သင့်ကြောင်း၊ ခြောက်လကျော်လို့ နို့ဘူးတိုက်ရင်တောင် အသက်တစ်နှစ်အရွယ်အထိပဲ တိုက်သင့်ကြောင်း ေလေ့လာသူတွေက မိဘတွေကို သတိပေးထားပါတယ်။