
Facebook မှာ HD video upload တင်နိုင်တဲ့ feature ကို Android device တွေအပေါ်မှာ လုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ feature ဟာ iOS မှာ ရရှိခဲ့တာ ၂နှစ်နီးပါးခန့်ရှိနေပြီ ဖြစ်ပေမယ့် Android အတွက်ကတော့ ယခုချိန်မှ ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်။ ဒီ feature ကို ရရှိဖို့ Android user များအနေနဲ့ Facebook ကို နောက်ဆုံးဗားရှင်းအထိ update တင်ရမှာဖြစ်ပါတယ်။ HD video upload feature ကို ရရှိဖို့ setting ထဲမှာ Upload video in HD ဆိုတာကို switch on လုပ်ထား ပေးရမှာ ဖြစ်ပါတယ်။ အောက်ပါပုံအတိုင်းဖြစ်ပါတယ်။
ဒါကြောင့် ယခုအခါမှာတော့ Android အသုံးပြုသူများအနေနဲ့ 4K အရည်အသွေးရှိတဲ့ video များကို upload တင်နိုင်တော့မှာ ဖြစ်ပါ တယ်။ ဒါပေမယ့် setting ထဲမှာ upload videos in HD ကို On ထားရမှာ ဖြစ်ပါတယ်။ မကြာမှီအချိန်အတွင်းမှာ Facebook video တွေ ကို offline အနေနဲ့ ဖုန်းထဲမှာ ဒေါင်းလုပ်ချသိမ်းထားနိုင်ဖို့ update တွေထွက်ရှိအုံးမည် ဖြစ်ကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် video ရဲ့ အရည်အသွေးကိုပါ ချိန်ပြီး သိမ်းနိုင်အုံးမှာလည်း ဖြစ်ပါတယ်။