Home Knowledge အကောင်းမြင်ခြင်းစိတ်ဓာတ်က လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်

အကောင်းမြင်ခြင်းစိတ်ဓာတ်က လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်

0
အကောင်းမြင်ခြင်းစိတ်ဓာတ်က လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်

လေဖြတ်ခြင်းမဖြစ်လိုသူများအတွက် သတင်းကောင်းပါ။ မစ်ချီဂန်တက္ကသိုလ်၏ လေ့လာမှုအရ အကောင်းမြင်သူများသည် လေဖြတ်ခြင်းကြောင့် ဖြစ်နိုင်သော အန္တရာယ်လျော့ကျမှုရှိကြောင်း လေ့လာသိရှိရသည်။

အကောင်းမြင်ခြင်း၏ လေဖြတ်ခြင်းအား ကာကွယ်နိုင်စွမ်းမှာ အကောင်းမြင်တတ်သူများသည် ကျန်းမာရေးနှင့် ညီညွတ်သော ဘဝနေထိုင်စားသောက်မှု ပုံစံများကို ရွေးချယ်လေ့ရှိသောကြောင့် ဖြစ်သည်ဟု လေ့လာသူများက ကောက်ချက်ချခဲ့ကြသည်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ အာဟာရပြည့်ဝသော အစားအစာများစားခြင်း စသည့် ကောင်းမွန်သော ဘဝနေထိုင်မှုပုံစံများအတိုင်း နေထိုင်ကြသောကြောင့် လေဖြတ်ခြင်းကို ကာကွယ် နိုင်ခြင်းပင်ဖြစ်သည်။

“ဘဝမှာ အကောင်းဆုံးအရာတွေကိုပဲ မျှော်လင့်တတ်တဲ့သူတွေက ကျန်းမာရေးကောင်းမွန်စေမဲ့ လမ်းကြောင်းကိုပဲ တက်တက်ကြွကြွလုပ်ဆောင်ကြပါတယ်။ အကောင်းမြင်တတ်တဲ့သူတွေက ကျန်းမာရေးနဲ့ ဆက်စပ်နေတဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး ဗဟုသုတရှိတာရယ်၊ ရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့အခါတွေမှာလည်း လျစ်လျူမရှုထားတတ်တာရယ် တွေကြောင့် ကျန်းမာနေကြတာပါ” ဟု သုတေသနပညာရှင် အဲရစ်ကင်မ်က ဆိုပါတယ်။

အကောင်းမြင်တတ်သူများသည် နှလုံးကျန်းမာရေး အကြောင်း ဗဟုသုတရှိကြပြီး နှလုံးကျန်းမာရေးနှင့် ညီညွတ်သည့် အပြုအမူများ၊ လုပ်ဆောင်ချက်များကို လိုက်နာခဲ့ကြသည့်အတွက် လေဖြတ်ခြင်းကို ကာကွယ်နိုင်ခြင်း ဖြစ်လိမ့်မည်ဟု သူက ထပ်မံဖြည့်စွက်ရှင်းပြခဲ့သည်။

အကောင်းမြင်သူများသည် နှလုံးရောဂါဖြစ်နိုင်ခြေလျော့နည်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်ခံအားစနစ်ရှိနေတတ်သည်။ အဆိုပါလေ့လာမှုကို အမေရိကန်နှလုံးကျန်းမာရေး အဖွဲ့အစည်း၏ ဂျာနယ်တွင် ဖော်ပြခဲ့ပြီး လေ့လာမှုတွင် အသက် ၅၀ နှင့်အထက် လူဦရေ ၆၀၄၄ ဦး ပါဝင်ကြောင်းနှင့် လေ့လာမှုကို အချိန် နှစ်နှစ်ကြာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: