Home Lifestyle Health ဆေးလိပ် ဖြတ်တော့မယ်ဆိုရင်

ဆေးလိပ် ဖြတ်တော့မယ်ဆိုရင်

0
ဆေးလိပ် ဖြတ်တော့မယ်ဆိုရင်

သင် ဆေးလိပ်ဖြတ်နေပြီလား။ အနာဂတ်မှာ ပိုကောင်းလာမဲ့ သင့်ကျန်းမာရေးအတွက် ဝမ်းသာမိပါတယ်။ ဆေးလိပ်ဖြတ်နေတဲ့ အချိန်မှာ ဆေးလိပ်သောက်ချင်စိတ်ကို ပြန်ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးနိုင်တဲ့ အရာတွေရှိနေပါတယ်။ အဲ့ဒီအရာတွေကို ကျော်လွှားနိုင်မှသာ သင့်အနေနဲ့ ဆေးလိပ်ပြတ်မှာ ဖြစ်ပါတယ်။

စိတ်မရှည်ခြင်း

ဆေးလိပ်ဖြတ်ဖို့ကြိုးစားနေပြီး တစ်လအတွင်းမှာ ဆေးလိပ်ပြတ်ရမယ်လို့ ဆုံးဖြတ်ချက်ချထားရင် အလွန်ကို ကောင်းပါတယ်။ ဒါပေမဲ့ ဆေးလိပ်စွဲနေပြီဆိုရင် တစ်လအတွင်း ဆေးလိပ်မပြတ်နိုင်ခဲ့ရင် မဖြစ်နိုင်တော့ဘူးလို့ တွေးပြီး ပြန်မသောက်လိုက်ပါနဲ့။ စိတ်ရှည်ရှည်ထားပြီး ကောင်းတဲ့အကျင့်တစ်ခုခုနဲ့ အစားထိုးနိုင်ဖို့ ကြိုးစားသင့်ပါတယ်။

အနာဂတ်အတွက် ပူပန်ခြင်း

ဆေးလိပ်ဖြတ်မယ်လို့ စတွေးချိန်မှာ အနာဂတ်မှာ ဆေးလိပ်မရှိရင် ဖြစ်နိုင်ပါမလားဆိုတဲ့ နီကိုတင်းစွဲလမ်းမှုကြောင့် ပူပန်စိတ်ဝင်နေပါသလား။ ဒီနေ့ကိုပဲ တွေးပါ။ နောင်အနာဂတ်အတွက် ပူပန်မနေပါနဲ့။ သင့်အနေနဲ့ ဒီနေ့မှာ ဆေးလိပ်မသောက်ပဲ နေနိုင်တယ်ဆိုရင် နောက်ရက်တွေမှာလည်း နေနိုင်သွားပါလိမ့်မယ်။

အဆိုးမြင်ခြင်း

ဆေးလိပ်ဖြတ်သူ သုံးပုံတစ်ပုံခန့်က ဆေးလိပ်ဖြတ်ပြီးကာစမှာ အရာရာကို အဆိုးမြင်ပြီး အလိုမကျတာ၊ စိတ်တိုတာ၊ စိတ်ကသိကအောက်ဖြစ်တာတွေကို ခံစားရတတ်ပါတယ်။ သင့်ရဲ့ စိတ်ခံစားမှုကို အာရုံစိုက်ပြီး အာရုံလွှဲနိုင်ဖို့ ကြိုးစားပါ။ ဝါသနာပါပြီး သင့် စိတ်ပျော်ရွှင်မှုကို ပေးမဲ့ အရာတစ်ခုခုကို လုပ်ဆောင်တာမျိုးပေါ့။

သင့်ကိုသင် လျစ်လျူရှုခြင်း

ဆေးလိပ်ဖြတ်နေချိန်မှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင်နေထိုင်မယ်ဆိုရင် နီကိုတင်းစွဲလမ်းမှုကို သက်သောင့်သက်သာ ကျော်လွှားနိုင်ကာ ကျန်းမာရေး ပိုမိုကောင်းမွန်လာမှာပါ။

အာဟာရမျှတသော အစားအသောက် စားပါ

သင့်ကိုယ်တွင်းစနစ်ထဲက စီးကရက်အဆိပ်တွေကို ဖယ်ထုတ်နိုင်စေဖို့ ကောင်းမွန်တဲ့ အစားအစာ စားဖို့ လိုအပ်နေပါတယ်။

အနားယူပါ

နီကိုတင်း ဖြတ်တောက်မှုကြောင့် ကျန်းမာရေး ပိုကောင်းလာပေမဲ့ စစချင်းမှာ အနည်းငယ်ပင်ပန်းသလို ဖြစ်နေနိုင်ပါတယ်။ သင့်အနေနဲ့ ပင်ပန်းနွမ်းနယ်နေရင် ပင်ပန်းမှုပြေပျောက်အောင် အိပ်ရေးဝဝအိပ်စက်အနားယူပေးပါ။

ရေသောက်ပါ

ရေသောက်တာက ဆေးလိပ်ပြတ်အောင် ကူညီပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ရပ်ဖြစ်ပါတယ်။ ရေသောက်တာက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို အမြန်ဖယ်ထုတ်နိုင်တာကြောင့် နေလို့ထိုင်လို့ ကောင်းလာစေပါတယ်။

နေ့စဉ် လေ့ကျင့်ခန်းပြုလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာကြောင့် စိတ်ရော၊ ကိုယ်ပါ ကျန်းမာရေးကောင်းစေတဲ့အပြင် ဆေးလိပ်သောက်ချင်စိတ်ကိုပါ လျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ချင်စိတ် ဖြစ်ပေါ်လာရင် ခပ်သွက်သွက် လမ်းလျောက်လိုက်ပါ။

နေ့စဉ် အားဆေးသောက်ပါ

စီးကရက်ဟာ ခန္ဓာကိုယ်ထဲက အာဟာရဓာတ်အများအပြားကို ဖယ်ထုတ်ပစ်နိုင်တာကြောင့် ဆေးလိပ်ဖြတ်နေတဲ့ အစောပိုင်းရက်တွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်တဲ့ အားဖြည့်ဆေးကို မှီဝဲပေးဖို့လိုပါတယ်။ အားဆေးသောက်တာက သင့်ကို စွမ်းအင်အမြန်ရရှိစေပါတယ်။

အရက်သောက်ခြင်း

ဆေးလိပ်ဖြတ်နေချိန်မှာ နီကိုတင်းစွဲလမ်းမှုကို လျော့ချနိုင်ဖို့ဆိုပြီး အရက်ကိုမသောက်ပါနဲ့။ အရက်သောက်တာက သင့်ရဲ့ ဆေးလိပ်ဖြတ်ချင်စိတ်ကို ပျက်ပြယ်သွားစေပြီး ဆေးလိပ်ကိုပါ ပြန်သောက်ဖြစ်သွားစေနိုင်တာကြောင့်ပါ။ ဒါကြောင့် ဆေးလိပ်ကို အပြီးအပြတ်မဖြတ်နိုင်သရွေ့ အရက်ကို မသောက်ပါနဲ့။ သင့်စိတ်ဓာတ်က ခိုင်မာလာပြီဆိုတဲ့ အချိန်ကျမှ အရက်ကို လူမှုရေးအရသောက်ဖို့လိုလာရင် အနည်းငယ်သောက်ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: