
Facebook မှ photo frame feature အသစ်တစ်ခုကို စမ်းသပ်နေပြီး ယင်း feature မှာ SnapChat ၏ photo frame feature နှင့် ဆင်တူ ကြောင်း TechCrunch website တွင် ဖော်ပြခဲ့သည်။ Profile ဓာတ်ပုံများအပါ မည်သည့်ဓာတ်ပုံမဆို photo frame အနေဖြင့် အလှဆင်နိုင်မည်ဖြစ်ကာ လက်ရှိတွင် Facebook မှ ခွင့်ပြုထားသော နိုင်ငံအချို့သာ အသုံးပြုစမ်းသပ်ခွင့် ရရှိမည်ဖြစ်သည်။
လက်ရှိမှာ စမ်းသပ်ချင်ရင်တော့ Facebook Camera Effect Page သို့သွားပြီး photo frame များကို စမ်းသပ်အသုံးပြုနိုင်သည်။ သို့သော်လည်း Facebook မှ ယင်း photo frame အား approval ဖြစ်မှ အသုံးပြုခွင့်ရှိသည်။ Facebook photo frame အား စမ်းသပ်အသုံးပြုနိုင်ရန် အတွက် Approval Time တစ်ပတ်ခန့်ထိ စောင့်ရနိုင်ပါတယ်။ လက်ရှိမှာတော့ photo frame feature ကို ကိုလံဘီယာ၊ မက္ကစီကို၊ ထိုင်ဝမ်၊ အင်္ဂလန် နှင့် အိုင်ယာလန် တို့မှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Facebook Camera App အတွင်းမှာ တိုက်ရိုက်အသုံးပြုနိုင်အောင် ထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရပါတယ်။
Ref: TechCrunch