Home News Windows 10 စမတ်ဖုန်းများတွင် Microsoft ၏ Desktop Application ဆော့ဝ်ဝဲလ်များကို အသုံးပြုနိုင်တော့မည်

Windows 10 စမတ်ဖုန်းများတွင် Microsoft ၏ Desktop Application ဆော့ဝ်ဝဲလ်များကို အသုံးပြုနိုင်တော့မည်

0
Windows 10 စမတ်ဖုန်းများတွင် Microsoft ၏ Desktop Application ဆော့ဝ်ဝဲလ်များကို အသုံးပြုနိုင်တော့မည်

ယခင်က Windows စမတ်ဖုန်းများနဲ့ Tablet များမှာ Windows Desktop Applications တွေ တိုက်ရိုက်အသုံးပြုနိုင်ခြင်းမရှိဘဲ မိုဘိုင်းလ် ဗားရှင်းအဖြစ်သီးသန့် App များကို သုံးစွဲရသော်လည်း ယခုအခါ Microsoft မှ Desktop Application များကို Windows 10 မိုဘိုင်းလ် OS အပေါ်တွင် တိုက်ရိုက်အသုံးပြုနိုင်တော့မည် ဟု ကြေငြာခဲ့သည်။ ဒီပြောင်းလဲမှုဟာ ကြီးမားသော သက်ရောက်မှုရှိပြီး Desktop Application တွေကို Windows 10 OS သုံး စမတ်ဖုန်းများနဲ့ Tablet များမှာ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် လုပ်ငန်းသုံး Software များကို စမတ်ဖုန်းနဲ့ Tablet တွေအပေါ်မှာ ပေါ့ပါးစွာ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။

Microsoft အနေနဲ့ Universal Windows Platform တစ်ခုအဖြစ် ရည်ရွယ်နေပြီး လုပ်ငန်းသုံး Software များကို Windows 10 OS စမတ်ဖုန်းအပေါ် သုံးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ Qualcomm ကုမ္ပဏီနဲ့ပူးပေါင်း၍ စမ်းသပ်နေပြီး မကြာမှီ Microsoft မှ တရားဝင် update များနဲ့ device အသစ်များ ထွက်ပေါ်လာဖို့ ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: