Home How To လူသိနည်းတဲ့ နုပျိုလှပခြင်းရဲ့ လျှို့ဝှက်ချက်များ

လူသိနည်းတဲ့ နုပျိုလှပခြင်းရဲ့ လျှို့ဝှက်ချက်များ

0
လူသိနည်းတဲ့ နုပျိုလှပခြင်းရဲ့ လျှို့ဝှက်ချက်များ

နုပျိုလှပခြင်းကတော့ လူတိုင်းလိုချင်ကြပေမယ့် တစ်ကယ်တမ်းမှာ လက်တွေ့ကျင့်သုံးဖို့မလွယ်ပါဘူး။ အချို့ကတော့ စျေးကြီးတဲ့ ပစ္စည်းတွေသုံးမှ နုပျိုနိုင်မယ်လို့ထင်နေကြပေမယ့် အမှန်တော့ အထင်မှားနေခြင်းသာ ဖြစ်ပါတယ်။ မိမိပတ်ဝန်းကျင်မှာ ရှိတဲ့ သာမန် ပစ္စည်းတွေကို အသုံးပြုပြီးတော့ နုပျိုကျန်းမာအောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ နုပျိုလှပပြီး အမြဲကြည့်ကောင်းနေစေဖို့အတွက်…သဘာဝကျတဲ့ နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။

နှမ်းဆီကို သုံးပါ

နံနက်တိုင်း အရင်ဆုံးလုပ်ထားရမှာက သြဂဲနစ်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ နှမ်းဆီစစ်စစ်ကိုခန္ဓာကိုယ်မှာ လိမ်းပေးရမှာ ဖြစ်ပါတယ်။ ဒီလိုလိမ်းတာက လန်းလန်းဆန်းဆန်းရှိစေတဲ့အပြင် သွေးလည်ပတ်မှုကောင်းစေပါတယ်။ နှမ်းဆီက အသားအရေကို စိုပြေပြီး တောက်ပစေပါတယ်။ ရေချိုးလိုက်တဲ့အခါမှာလည်း နှမ်းဆီက ဆဲလ်သေတွေကို ကွာကျစေပြီး သန့်ရှင်းစင်ကြယ်စေပါတယ်။

ငါးကြီးဆီကို စားပါ

ရောင်ရမ်းမှုကို လျော့ကျစေတဲ့ ငါးကြီးဆီဟာ အိုမင်းမှုကိုပါ လျော့ကျစေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ငါးကြီးဆီဟာ နှလုံးကို ကျန်းမာစေပြီး ကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစေတဲ့အပြင် ဆံကေသာနဲ့ အသားအရေကိုပါကောင်းမွန်စေပါတယ်။

ဖောင်ဒေးရှင်းမိတ်ကပ်ကို လျော့ပါ

နေ့စဉ် ဖောင်ဒေးရှင်းမိတ်ပ်ကို ထူထူလိမ်းတာက အရေးကြောင်း ထင်စေတာကြောင့် မျက်ဝန်းအောက်မှာ ကွန်ဆဲလာနဲ့ စလိမ်းပြီး အစိုဓာတ်ထိန်းခရင်မ်ကို စလိမ်းသင့်ပါတယ်။

ရိုးရိုးရှင်းရှင်းဘဲ ထိန်းသိမ်းပါ

အသားအရေကို ထိန်းသိမ်းဖို့အတွက် အလှကုန်ပစ္စည်းတွေအများကြီးလည်း မလိုပါဘူး။ မျက်နှာကို မျက်နှာသစ် ဆပ်ပြာနဲ့ သန့်စင်ကာ အစိုဓာတ်ထိန်းခရင်မ်လိမ်းပြီး အိပ်ရေးဝဝအိပ်တဲ့နည်းက ရိုးရှင်းသလောက် အကောင်းဆုံးနည်းလည်းဖြစ်ပါတယ်။

အဖြူရောင်သကြားကို လုံးဝမစားသင့်ပါ

အစားအသောက်ထဲမှာ ရှောင်ကျဉ်သင့်တဲ့ အဓိက ပါဝင်ပစ္စည်းက ပြုပြင်ထားတဲ့ သကြားဖြစ်ပါတယ်။ အဖြူရောင် သကြားဟာ အရေပြားထဲက ကော်လဂျင်တွေကို အားနည်းစေတာကြောင့် အိုမင်းတဲ့ ဖြစ်စဉ်ကိုမြန်စေပါတယ်။ သကြားစားသုံးမှု များလွန်းတဲ့သူတွေဟာ အချိန်မတိုင်ခင် အရေးကြောင်းထင်တာနဲ အရေပြားလျော့တွဲကျတာတွေ ဖြစ်စေနိုင်ပါတယ်။ သကြားအစား နေ့စဉ် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များများ စားပေးသင့်ပါတယ်။

သကြားသုံးကာ ကြေးချွတ်ပါ

အိမ်မှာ သကြားဖြူတွေရှိနေရင် အသုံးမဝင်တော့ဘူး မထင်လိုက်ပါနဲ့။ ရေချိုးတဲ့အခါမှာ လက်တွေကို အပျော့စားဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြောပြီး အဖြူရောင်သကြားနဲ့ ကြေးချွတ်ပါ။ ဒီနည်းအတိုင်း တစ်ကိုယ်လုံးကို လုပ်ဆောင်ပေးလိုက်ရင် အသားအရေက ချောမွတ်သန့်စင်သွားပါလိမ့်မယ်။

မျက်ဝန်းကို ဂရုစိုက်ပါ

မျက်ဝန်းတစ်ဝိုက်က အရေပြားနေရာတွေကို သီးခြား ဂရုစိုက်ပြီး ထိန်းသိမ်းပေးဖို့ လိုပါတယ်။ မျက်နှာလိမ်းခရင်မ်က အရေးကြောင်းပါးပါးတွေကို ချောမွတ်သွားစေပါတယ်။ ပြီးရင် မျက်ဝန်းကို အိုင်းခရင်မ်လိမ်းပြီး ထိန်းသိမ်းပေးပါ။

လက်များကို ထိန်းသိမ်းပေးပါ

လက်တွေပေါ်က အိုမင်းတဲ့ လက္ခဏာတွေကို စတင်သတိပြုမိတာနဲ့ မျက်နှာအသားအရေကို ထိန်းသိမ်းတဲ့ နည်းလမ်းအတိုင်း လက်တွေကိုလည်း ထိန်းသိမ်းပေးသင့်ပါတယ်။ မျက်နှာကို ညင်သာတဲ့နည်းနဲ့ ကြေးချွတ်၊ ပေါင်းတင်တဲ့အတိုင်း လက်အသားအရေကိုလည်း ကြေးချွတ်ပေါင်းတင်တာမျိုး လုပ်ပေးသင့်ပါတယ်။

အနှိပ်ခံကာ ဖိစီးမှုကို မောင်းထုတ်ပါ

အနှိပ်ခံလိုက်တဲ့အခါ ပိတ်ဆို့နေတဲ့ စွမ်းအင်တွေက ပွင့်ထွက်သွားတာကြောင့် ပေါ့ပါးလန်းဆန်းသွားသလို ခံစားရစေပါတယ်။ တကယ်လို့ အနှိပ်ခံဖို့ အချိန်ကုန်၊ ငွေကုန်မခံနိုင်ရင် မိနစ် ၂၀ လောက် တရားထိုင်တာ၊ စိတ်ငြိမ်လာအောင်နေတာနဲ့  ဆွဲဆန့်လေ့ကျင့်ခန်းလုပ်တာတွေကို လုပ်ဆောင်ရင် အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်ပါ။ အနှိပ်ခံတာလိုမျိုး အကျိုးကျေးဇူးရရှိစေမှာပါ။

ဗီတာမင်များ လိမ်းပါ

ဗီတာမင်စီပါတဲ့ခရင်မ်မှာ အင်တီအောက်ဆီးဒင့်များစွာ ပါဝင်တာကြောငိ့် အသားအရေကို နေရောင်ခြည်ထိခိုက်မှုကနေ ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။ နေရောင်ကာနိုင်တဲ့ ဗီတာမင်စီ ခရင်မ်လိမ်းပေးရင် အသားအေရေကို ပိုမိုကျန်းမာ လှပစေပါတယ်။

မျက်တောင်များကို ဂရုစိုက်ပါ

မျက်တောင်တွေကို ခြောက်သွေ့ ကြွပ်ဆပ်ပြီး ကျွတ်ထွက်တာမျိုးမဖြစ်အောင် ဂရုစိုက်ပါ။ ညတိုင်း အိုင်းခရင်မ်လိမ်းတဲ့အခါ မျက်တောင်ထိပ်ပေါ်ကို အနည်းငယ်လိမ်းပေးရင် မျက်တောင်တွေ စိုပြေကာ ကျန်းမာစေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: