Home Lifestyle Food အရသာရှိလှတဲ့ ကိုးရီးယားပဲငါးပိဟင်းချိုတစ်ခွက် ဘယ်လိုချက်မလဲ

အရသာရှိလှတဲ့ ကိုးရီးယားပဲငါးပိဟင်းချိုတစ်ခွက် ဘယ်လိုချက်မလဲ

0
အရသာရှိလှတဲ့ ကိုးရီးယားပဲငါးပိဟင်းချိုတစ်ခွက် ဘယ်လိုချက်မလဲ

ကိုးရီးယား ဟင်းချိုတွေထဲမှာ ပဲငါးပိဟင်းချိုဟာ လူအကြိုက်အများဆုံးဟင်းချိုတွေထဲက တစ်ခုပါ။ ကိုးရီးယားနိုင်ငံရဲ့ အရိုးရှင်းဆုံး သာမန်စားသောက်ဆိုင်ကလေးကအစ ကြယ်ငါးပွင့်ဟိုတယ်တွေအဆုံး ဘယ်နေရာမှာမဆို ရရှိနိုင်ပါတယ်။ လုပ်ရတာလည်း လွယ်ကူရိုးရှင်းပါတယ်။

ပါဝင်ပစ္စည်းများ

ရေ နှစ်လီတာ၊ ငါးနီတူခြောက် (ရေဆေးထားရန်) နှစ်ကျပ်ခွဲသား၊ ကိုးရီးယာ ပဲငါးပိ (doenjang) ထမင်းစားဇွန်းခြောက်ဇွန်း၊ ကိုးရီးယား ပဲငါးပိအစပ် (gochujang) ထမင်းစားဇွန်းတစ်ဇွန်း၊ အာလူး (အခွံခွာပြီး တုံးထားပါ) ၃ လုံး၊ ကြက်သွန်နီ (လေးစိပ်စိပ်ထားပါ) တစ်လုံး၊ သခွားသီး (ထပ်ခြမ်းလှီး၍ ထူထူတုံးပါ) တစ်လုံး၊ မှိုခြောက် (ရေစိမ်ထားပါ) ခြောက်ပွင့်၊ ငရုတ်သီးစိမ်း အရှည် (နုပ်နုပ်စင်း) တစ်တောင့်၊ တို့ဟူးပျော့ (လေးထောင့်တုံးများ တုံးထားပါ) ၁၅ကျပ်သားခန့်၊ ကြက်သွန်မြိတ် (လက်နှစ်ဆစ်စီခန့် ညှပ်ပါ) တစ်ပင်။

korean soup

ချက်ပြုတ်နည်း

အိုးတစ်လုံးဖြင့် ရေဆူအောင် တည်ပြီး ဆူလျှင် ငါးနီတူခြောက်ထည့်၍ မီးပြင်းပြင်းဖြင့် ငါးမိနစ်ခန့်ပြုတ်ပါ။ ထို့နောက် ငါးခြောက်များကို ပြုတ်ရေထဲမှ ဖယ်ထုတ်ပါ။

ငါးခြောက်ပြုတ်ရည် ဆူပွက်နေတုန်းမှာပဲ ပဲငါးပိနှစ်မျိုးလုံးထည့်၍ ပျော်အောင် မွှေပါ။ လုံးဝပျော်သွားလျှင် အာလူး၊ ကြက်သွန်နီ၊ သခွားသီး၊ မှိုနှင့် ငရုတ်သီးစိမ်းထည့်ပါ။ ထို့နောက် မီးအရှိန်လျော့၍ မဖုံးအုပ်ဘဲ ဆယ်မိနစ်ခန့်ပွက်ပါစေ။
ဟင်းသီးဟင်းရွက်များ နူးလျှင် တို့ဟူးပျော့နှင့် ကြက်သွန်မြိတ်ထည့်၍ တစ်မိနစ်ခန့်ထားပြီး မီးဖိုပေါ်မှချပါ။ ထို့နောက် အိုးကိုအဖုံးအုပ်ပြီး နှစ်မိနစ်ခန့်ထားပြီးမှ သုံးဆောင်ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: