Home Lifestyle Fitness သင်မသိသေးတဲ့ ကြွက်သားများ ကျန်းမာသန်စွမ်းစေမယ့် လျှို့ဝှက်ချက်

သင်မသိသေးတဲ့ ကြွက်သားများ ကျန်းမာသန်စွမ်းစေမယ့် လျှို့ဝှက်ချက်

0
သင်မသိသေးတဲ့ ကြွက်သားများ ကျန်းမာသန်စွမ်းစေမယ့် လျှို့ဝှက်ချက်

လေးလွန်းတဲ့ အလေးတုံးတွေကို မပြီး ကြွက်သားသန်စွမ်းအောင် မလုပ်နိုင်ဘူးဆိုရင်ပူပန်နေဖို့ မလိုတော့ပါဘူး။ သေးငယ်တဲ့ အလေးပြားတွေကို မပြီး ကြွက်သား ထုထည်ကို အားကောင်းအောင် တည်ဆောက်နိုင်တယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဆိုပါတယ်။

ကြွက်သားတွေ တည်ဆောက်ရာမှာ ပေါ့ပါးတဲ့ အလေးတုံးကို သုံးပြီး မ တာ၊ တစ်လီတာဝင်ရေသန့်ဘူးကို မ တာ စတဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ဆောင်ပေးရုံနဲ့တင် ကြွက်သားတွေကို သန်စွမ်းကျန်းမာစေပါတယ်။

“လေးလံလွန်းတဲ့ အတုံးတွေကို မဖို့မဖြစ်နိုင်ရင် ပေါ့ပါးတဲ့ အလေးတုံးတွေကို နောက်ထပ် မ မနိုင်တော့တဲ့အထိ ၊ ကြွက်သားတွေ ညောင်းညာတဲ့အထိ ထပ်ခါထပ်ခါ သယ်,မပေးမယ်ဆိုရင် ကြွက်သားတွေကို သန်စွမ်းစေတယ်လို့” လေ့လာသူတစ်ဦး ဖြစ်တဲ့ Stuart Phillips က ဆိုပါတယ်။ ကြွက်သားတွေ ကြီးထွား သန်မာစေတယ်ဆိုတာက ကြွက်သားအသစ်တွေ ဖြစ်လာစေဖို့ သင့်ကြွက်သားတွေကို လှုံ့ဆော် ပေးတာပဲ ဖြစ်ပါတယ်။ နေ့စဉ် ပုံမှန်လုပ်ဆောင်ရင် အချိန်တွေကြာလာတဲ့အခါမှာ ကြီးမားသန်စွမ်းတဲ့ ကြွက်သားထုထည်ကို ရရှိလာစေပါတယ်။

အသက်ကြီးသူတွေ၊ ကင်ဆာဝေဒနာရှင်တွေ၊ ထိခိုက်ဓဏ်ရာရပြီး ပြန်ကောင်းလာသူတွေနဲ့ လေဖြတ်ပြီး ပြန်ကောင်းလာသူတွေမှာ ကြွက်သားကို သန်စွမ်းအောင် ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ပေါ့ပါးတဲ့ အလေးတွေကို မ,တာဟာ အချိန်ကြာတဲ့အခါမှာ ကြွက်သား သန်စွမ်းကျန်းမာတဲ့ ရလဒ်တွေကို ရရှိစေနိုင်ပေမဲ့ လေးလံလွန်းတဲ့ အလေးတုံးတွေကို မ,တာလောက်တော့ စိတ်ခံစားမှုကောင်းစေတဲ့ အင်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိနှုန်း မများပါဘူးလို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: