Home Knowledge သင့်ခန္ဓာကိုယ်ကို အကျိုးဖြစ်ထွန်းစေမယ့် နေ့ခင်းတစ်ရေးတစ်မောအိပ်စက်ခြင်း

သင့်ခန္ဓာကိုယ်ကို အကျိုးဖြစ်ထွန်းစေမယ့် နေ့ခင်းတစ်ရေးတစ်မောအိပ်စက်ခြင်း

0
သင့်ခန္ဓာကိုယ်ကို အကျိုးဖြစ်ထွန်းစေမယ့် နေ့ခင်းတစ်ရေးတစ်မောအိပ်စက်ခြင်း

ဟားဘတ်တက္ကသိုလ်ရဲ့လေ့လာမှုတစ်ရပ်အရ နေ့လယ်ခင်းတိုင်း မိနစ် ၉၀ လောက် တစ်ရေးအိပ်တာက ဦးနှောက်စွမ်းအားကို ကောင်းစေပြီး စိတ်ကျန်းမာရေးအတွက် ကောင်းကျိုးတွေကို ပေးစွမ်းနိုင်ကာ အမျိုးသားတွေမှာ နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေကို လျော့ကျစေတယ်လို့ သိရပါတယ်။ နေလယ်ခင်းတစ်ရေးအိပ်တာကြောင့် အကောင်းဆုံး အကျိုးကျေးဇူးရရှိအောင် အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

၁။ အချိန်ကန့်သတ်ထားပါ

နေ့လယ်ပိုင်းအချိန်မှာ မိနစ် ၆၀-၉၀ လောက် တစ်ရေးလောက်အိပ်တာက နှစ်နှစ်ခြိုက်ခြိုက်အိပ်တဲ့ အဆင့် (REM) ကိုအားပေးပြီး မှတ်ဉာဏ်ကို ကောင်းစေပါတယ်။ ဒါပေမဲ့ မိနစ် ၉၀ ထက် ပိုအိပ်ရင်တော့ ညအိပ်ချိန်ကို ထိခိုက်စေနိုင်ပါတယ်။

၂။ အိပ်ချိန်နဲ့ ဝေးဝေးမှာ တစ်ရေးအိပ်ပါ

ညအိပ်ခါနီး သုံးနာရီအလိုမှာ တစ်ရေးမအိပ်ပါနဲ့။ ဒီလိုမှမဟုတ်ရင် ညဘက်အိပ်ပျော်ဖို့ မလွယ်တော့ပါဘူး။ ဆိုလိုတာက ညဘက် ၁ဝနာရီအိပ်နေကျဆိုရင် ညနေ ၇ နာရီထက်စောပြီး တစ်ရေးအိပ်ပါ။ ညအိပ်ချိန်နဲ့နီးနေရင် ညဘက် အိပ်ပျော်ဖို့မလွယ်တော့ပါဘူး။ တစ်ရေးအိ်ပ်ဖို့ အကောင်းဆုံးအချိန် နေ့လယ်တစ်နာရီနဲ့ ညနေသုံးနာရီအချိန်ကြားပဲ ဖြစ်ပါတယ်။

၃။ စောင်ခြုံပါ

အိပ်ပျော်တဲ့အချိန်မှာ ခန္ဓာကိုယ်အပူချိန်က လျော့ကျသွားတာကြောင့် စောင်ခြုံထားသင့်ပါတယ်။  ဒါပေမဲ့ အလွန်နွေးပြီး ဇိမ်ကျနေရင်လည်း အိပ်သင့်တဲ့အချိန်ထက် ပိုပြီး အိပ်မောကျသွားနိုင်ပါတယ်။

၄။ အလင်းရောင်ကို ဖုံးကွယ်ပါ

အလင်းရောင်က အိပ်စက်မှုကို တားဆီးပေးထားတာကြောင့် အခန်းလိုက်ကာကို ကာထားတာ၊ မျက်လုံးအကာ (Eye Mask) အုပ်ထားတာနဲ့ လျှပ်စစ်မီးတွေပိတ်ထားတာတွေကို ပြုလုပ်ပေးသင့်ပါတယ်။

၅။ ဆူညံသံကို လျော့ချပါ

ဆူညံနေတဲ့ပတ်ဝန်းကျင်မှာ တစ်ရေးအိပ်ဖို့ ကြိုးစားနေတယ်ဆိုရင် နားမှာ နားကြပ် ဒါမှမဟုတ် ဂွမ်းတပ်ထားသင့်ပါတယ်။

၆။ ဖြေလျော့ အနားယူပါ

ခန္ဓာကိုယ် ငြိမ်သက်သွားအောင် အသက်ကို ဖြည်းဖြည်းနဲ့ ဝအောင် ရှူလိုက်ပါ။ ပြီးရင် ခန္ဓာကိုယ်က ကြွက်သားအုပ်စုတွေကို အနားရအောင် ဖြေလျော့ပါ။ ပြီးရင် စိတ်ကို တည်ငြိမ်အေးချမ်းအောင် ကြိုးစားပြီးမှ အိပ်မောကျသွားပါစေ။ ဒါဆိုရင် ကောင်းကောင်း အိပ်ပျော်သွားပါလိမ့်မယ်။

၇။ တစ်ရေး အိပ်ချိန်ကို ပုံမှန်ထားပါ

နေ့လည်ပိုင်း တစ်ရေးအိပ်ချိန်ကို အချိန်ဇယားဆွဲပြီး ပုံမှန်ထားရှိတာက မြန်မြန် အိပ်မောကျစေရုံတင်မက တစ်ရေးအိပ်တာရဲ့ ကောင်းကျိုးကို မှန်မှန်ရရှိစေပါတယ်။

Zawgyi Font : သင့္ခႏၶာကိုယ္ကို အက်ိဳးျဖစ္ထြန္းေစမယ့္ ေန႔ခင္းတစ္ေရးတစ္ေမာအိပ္စက္ျခင္း

ဟားဘတ္တကၠသိုလ္ရဲ႕ေလ့လာမႈတစ္ရပ္အရ ေန႔လယ္ခင္းတိုင္း မိနစ္ ၉၀ ေလာက္ တစ္ေရးအိပ္တာက ဦးေႏွာက္စြမ္းအားကို ေကာင္းေစၿပီး စိတ္က်န္းမာေရးအတြက္ ေကာင္းက်ိဳးေတြကို ေပးစြမ္းႏိုင္ကာ အမ်ိဳးသားေတြမွာ ႏွလုံးေရာဂါနဲ႔ ေသဆုံးႏိုင္ေျခကို ေလ်ာ့က်ေစတယ္လို႔ သိရပါတယ္။ ေနလယ္ခင္းတစ္ေရးအိပ္တာေၾကာင့္ အေကာင္းဆုံး အက်ိဳးေက်းဇူးရရွိေအာင္ ေအာက္ပါအခ်က္ေတြကို လိုက္နာသင့္ပါတယ္။

၁။ အခ်ိန္ကန႔္သတ္ထားပါ

ေန႔လယ္ပိုင္းအခ်ိန္မွာ မိနစ္ ၆၀-၉၀ ေလာက္ တစ္ေရးေလာက္အိပ္တာက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္တဲ့ အဆင့္ (REM) ကိုအားေပးၿပီး မွတ္ဉာဏ္ကို ေကာင္းေစပါတယ္။ ဒါေပမဲ့ မိနစ္ ၉၀ ထက္ ပိုအိပ္ရင္ေတာ့ ညအိပ္ခ်ိန္ကို ထိခိုက္ေစႏိုင္ပါတယ္။

၂။ အိပ္ခ်ိန္နဲ႔ ေဝးေဝးမွာ တစ္ေရးအိပ္ပါ

ညအိပ္ခါနီး သုံးနာရီအလိုမွာ တစ္ေရးမအိပ္ပါနဲ႔။ ဒီလိုမွမဟုတ္ရင္ ညဘက္အိပ္ေပ်ာ္ဖို႔ မလြယ္ေတာ့ပါဘူး။ ဆိုလိုတာက ညဘက္ ၁ဝနာရီအိပ္ေနက်ဆိုရင္ ညေန ၇ နာရီထက္ေစာၿပီး တစ္ေရးအိပ္ပါ။ ညအိပ္ခ်ိန္နဲ႔နီးေနရင္ ညဘက္ အိပ္ေပ်ာ္ဖို႔မလြယ္ေတာ့ပါဘူး။ တစ္ေရးအိ္ပ္ဖို႔ အေကာင္းဆုံးအခ်ိန္ ေန႔လယ္တစ္နာရီနဲ႔ ညေနသုံးနာရီအခ်ိန္ၾကားပဲ ျဖစ္ပါတယ္။

၃။ ေစာင္ၿခဳံပါ

အိပ္ေပ်ာ္တဲ့အခ်ိန္မွာ ခႏၶာကိုယ္အပူခ်ိန္က ေလ်ာ့က်သြားတာေၾကာင့္ ေစာင္ၿခဳံထားသင့္ပါတယ္။  ဒါေပမဲ့ အလြန္ေႏြးၿပီး ဇိမ္က်ေနရင္လည္း အိပ္သင့္တဲ့အခ်ိန္ထက္ ပိုၿပီး အိပ္ေမာက်သြားႏိုင္ပါတယ္။

၄။ အလင္းေရာင္ကို ဖုံးကြယ္ပါ

အလင္းေရာင္က အိပ္စက္မႈကို တားဆီးေပးထားတာေၾကာင့္ အခန္းလိုက္ကာကို ကာထားတာ၊ မ်က္လုံးအကာ (Eye Mask) အုပ္ထားတာနဲ႔ လွ်ပ္စစ္မီးေတြပိတ္ထားတာေတြကို ျပဳလုပ္ေပးသင့္ပါတယ္။

၅။ ဆူညံသံကို ေလ်ာ့ခ်ပါ

ဆူညံေနတဲ့ပတ္ဝန္းက်င္မွာ တစ္ေရးအိပ္ဖို႔ ႀကိဳးစားေနတယ္ဆိုရင္ နားမွာ နားၾကပ္ ဒါမွမဟုတ္ ဂြမ္းတပ္ထားသင့္ပါတယ္။

၆။ ေျဖေလ်ာ့ အနားယူပါ

ခႏၶာကိုယ္ ၿငိမ္သက္သြားေအာင္ အသက္ကို ျဖည္းျဖည္းနဲ႔ ဝေအာင္ ရွဴလိုက္ပါ။ ၿပီးရင္ ခႏၶာကိုယ္က ႂကြက္သားအုပ္စုေတြကို အနားရေအာင္ ေျဖေလ်ာ့ပါ။ ၿပီးရင္ စိတ္ကို တည္ၿငိမ္ေအးခ်မ္းေအာင္ ႀကိဳးစားၿပီးမွ အိပ္ေမာက်သြားပါေစ။ ဒါဆိုရင္ ေကာင္းေကာင္း အိပ္ေပ်ာ္သြားပါလိမ့္မယ္။

၇။ တစ္ေရး အိပ္ခ်ိန္ကို ပုံမွန္ထားပါ

ေန႔လည္ပိုင္း တစ္ေရးအိပ္ခ်ိန္ကို အခ်ိန္ဇယားဆြဲၿပီး ပုံမွန္ထားရွိတာက ျမန္ျမန္ အိပ္ေမာက်ေစ႐ုံတင္မက တစ္ေရးအိပ္တာရဲ႕ ေကာင္းက်ိဳးကို မွန္မွန္ရရွိေစပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: