Home Lifestyle Health သင်သိထားရမယ့် အသက်ရှည်ကျန်းမာနိုင်ဖို့အခြေခံနည်းလမ်းများ

သင်သိထားရမယ့် အသက်ရှည်ကျန်းမာနိုင်ဖို့အခြေခံနည်းလမ်းများ

0
သင်သိထားရမယ့် အသက်ရှည်ကျန်းမာနိုင်ဖို့အခြေခံနည်းလမ်းများ

အမေရိကန်လူမျိုးတွေရဲ့ ပျှမ်းမျှလူ့သက်တမ်းက ၇၇.၉ နှစ်ဖြစ်ပါတယ်။ အသက်ကြီးလာတာကြောင့်ဖြစ်တဲ့ ရောဂါအများအပြားကို လျော့ချနိုင်တဲ့အပြင် ဘဝနေထိုင်မှုဆိုင်ရာ အရည်အသွေးတွေဖြစ်တဲ့ လှုပ်ရှားသွားလာနိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်းနဲ့ သက်သောင့်သက်သာရှိမှုတွေသာ ရှိမယ်ဆိုရင် ဒီထက်ပိုပြီး အသက်ရှည်ရှည်နေရနိုင်ကြောင်း အသက်ကြီးခြင်းအကြောင်းအမှန်တရား စာအုပ်ရေးသားသူ ဂျော့ကဆိုပါတယ်။ ပိုမိုသက်ရှည်ကျန်းမာတဲ့ဘဝမှာ နေနိုင်ဖို့ရာအတွက် နည်းလမ်းအသစ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ကယ်လိုရီများသော အစာကိုလျော့စားပါ

ခန္ဓာကိုယ်သွယ်လျနေအောင် ထိန်းသိမ်းတာက ရောဂါတွေကို ကာကွယ်ထားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် တိုးမလအောင် စားတဲ့အခါမှာ ကယ်လိုရီကို လျော့စားပါ။ ဓာတ်ခွဲခန်းထဲမှာ ကြွက်တွေကို လေ့လာမှုအရ အလွန်ကယ်လိုရီနည်းတဲ့ အစာတွေကို စားတဲ့အခါ ကင်ဆာဖြစ်နိုင်ခြေနည်းပြီး ဆီးချိုသွေးချိုရောဂါမဖြစ်နိုင်ကြောင်း သိရပါတယ်။ ပီနင်တန်လေ့လာမှုစင်တာရဲ့ လေ့လာမှုအရ ကယ်လိုရီစားသုံးမှုကို ၂၅ ရာခိုင်နှုန်လျော့ချတဲ့သူတွေဟာ မလျော့ချတဲ့သူတွေထက် DNA ထိခိုက်မှု ပိုနည်းတာကိုတွေ့ရှိခဲ့ရပါတယ်။ ကယ်လိုရီကို လျော့ချနိုင်ဖို့ရာအတွက် နေ့စဉ်စားတဲ့ အစားအစာတွေကိုပဲ နည်းနည်းစီ လျော့စားသွားဖို့ပဲ ဖြစ်ပါတယ်။

မိတ်ဆွေဖွဲ့ပါ၊ အိမ်ထောင်ပြုပါ၊ ခွေးတစ်ကောင်မွေးပါ

မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ အိမ်နီးနားချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပေါင်းသင်း ဆက်ဆံရေးကောင်းတာဟာ အသက် ကြီးလာတာကြောင့် ဖြစ်တဲ့ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါနဲ့ နှလုံးရောဂါတွေရဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။
လက်ထပ်တာကလည်း အမျိုးသား တစ်ယောက်ရဲ့ ဘဝသက်တမ်းကို ခုနှစ်နှစ်လောက် တိုးစေပါတယ်။ အိမ်မွေးတိရစ္ဆာန်ရှိတာက စိတ်ဖိစီးမှု ပြေလျော့စေပြီး သွေးတိုးကျစေကာ နှလုံးရောဂါထတာ Heart Attack ကိုတောင် လျော့ကျစေတာကြောင့် သက်ရှည်ကျန်းမာအောင် ပံ့ပိုးပေးနေတာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

အသက်တော့ ရှည်ပါရဲ့၊ နာမကျန်းဖြစ်နေတယ်ဆိုရင် ဒါမှမဟုတ် မသန်မစွမ်းဖြစ်နေတယ်ဆိုရင် ဘဝက ဘာမှ အဓိပ္ပာယ်ရှိမှာ မဟုတ်ပါဘူး။ ကံကောင်းတာကတော့ လေ့ကျင့်ခန်းလုပ်တာဟာ အသက်ရှည်လာစေတဲ့အပြင် ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်နဲ့ ဘဝကို ဖြတ်သန်းသွားနိုင်စေဖို့ ပံ့ပိုးပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းဆိုတာနဲ့ အားကစားခန်းမထဲမသွားနိုင်လို့ စိတ်သောကမရောက်နေပါနဲ့။ လမ်းလျောက်ရုံနဲ့တင် ကျန်းမာရေးကျေးဇူးကို အများကြီးရရှိစေနိုင်ပါတယ်။ တစ်နေ့မှာ မိနစ် ၃၀ လောက် လမ်းလျောက်ပေးပါ။ အချိန်မရရင် ၁၀ မိနစ်စီ သုံကြိမ်ခွဲကာ လမ်းလျောက်ပေးပါ။

အနီရောင်ကို ရွေးပါ

၀ိုင်အနီထဲမှာပါတဲ့ ရက်စ်ဗာရထရောဟာ အိုမင်းမှုကို တားဆီပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ရက်စ်ဗာရထရောဟာ ကယ်လိုရီလျော့ချတာလိုပဲ အသက်ရှည်စေတဲ့ အကျိုးကျေးဇူးရှိကြောင်း လေ့လာသူတွေကဆိုပါတယ်။ ဒါပေမဲ့ ၀ိုင်နီကို တစ်နေ့တစ်ခွက်သောက်တာထက်တော့ ပိုမသောက်သင့်ပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: