Home How To အလှကုန်ပစ္စည်းဝယ်တော့မယ်ဆိုရင်

အလှကုန်ပစ္စည်းဝယ်တော့မယ်ဆိုရင်

0
အလှကုန်ပစ္စည်းဝယ်တော့မယ်ဆိုရင်

အလှကုန်ပစ္စည်းများစွာကို အမျိုးသမီးရော၊ အမျိုးသားတိုင်း ဝယ်ယူသုံးစွဲတတ်ကြပါတယ်။ ဒါပေမဲ့ မသုံးတာကြာလို့ပဲဖြစ်ဖြစ်၊ အထားအသိုမမှန်လို့ပဲဖြစ်ဖြစ် ကုန်ဆုံးရက်မတိုင်ခင် စွန့်ပစ်လိုက်ရတာမျိုးမဖြစ်ရလေအောင် အောက်ပါအချက်လေးတွေကို လိုက်နာကြည့်ပါ။

အပူဒဏ်ကြောင့် ပျက်စီးနိုင်တာတွေကို သတိထားပါ

တချို့အလှကုန်တွေက အချိန်ကြာကြာ အသုံးပြုဖို့ ဝယ်ထားပေးမဲ့ ရာသီဥတုနဲ့ ပြင်ပအပူဒဏ်တွေကြောင့် ပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။ နှုတ်ခမ်းနီခရင်မ်၊ မျက်နှာအောက်ခံဖောင်ဒေးရှင်း စတာတွေက ပူပြင်းဒဏ်နဲ့ ထိတွေ့တာနဲ့ ဓာတ်ပြယ်သွားနိုင်ပါတယ်။ ဒါကြောင့် ပူပြင်းတဲ့ နေရောင်ခြည် တိုက်ရိုက် ထိနိုင်တဲ့နေရာနဲ့ မီးပူတွေအနားမှာ မသိမ်းပါနဲ့။

ထုပ်ပိုးသိမ်းဆည်းမှု သေချာပါစေ

စပြီးဝယ်ယူလာတည်းက အဖုံးနဲ့ ထုပ်ပိုးမှုကို သေချာမှတ်သားပြီး အသုံးပြုပြီးတာနဲ့ သေချာပြန်လည်ဖုံးအုပ် သိမ်းဆည်းထားပါ။ တချို့အလှကုန်တွေဟာ ပြင်ပက ရေငွေ့တွေနဲ့ထိမိရင် ဓာတ်ပြောင်းသွားပြီး အရေပြားအတွက် ဓာတ်မတည့်မှုဖြစ်စေတာကြောင့်ပါ။ အဖုံးကို အကြာကြီးဖွင့်ထားမိမယ်ဆိုရင် ပြင်ပက ဘက်တီးရီးယားတွေဝင်ပြီး ပေါက်ပွားနိုင်တာကြောင့် အချိန်မတိုင်မှီ စွန့်ပစ်လိုက်ရနိုင်ပါတယ်။

စမ်းသုံးပစ္စည်းတွေကို သတိထားပါ

ဆိုင်တွေမှာထားတဲ့ စမ်းသုံးပစ္စည်းတွေ (Testers) ကိုသတိထားပါ။ တချို့ကတော့ စမ်းသုံးပစ္စည်းတွေကို မရောင်းကြပေမဲ့ တချို့တွေက ၃၀ ရာခိုင်နှုန်းလောက် စျေးလျော့ပြီးရောင်းတတ်ကြပါတယ်။ ဒါတွေက အချိန်ကြာကြီး ထုတ်လုပ်ထားပြီးသား ဖြစ်နေတတ်တာကြောင့် ဒီပစ္စည်းတွေကို မဝယ်မိဖို့ သတိပြုသင့်ပါတယ်။ သင်သုံးတဲ့အခါမှာ ရက်လွန်ပစ္စည်းဖြစ်တတ်တာကြောင့်ပါ။

အညွန်းကို သေချာဖတ်ပါ

စျေးသက်သာပြီး ထုတ်ပိုးမှုကို ကြိုက်လို့ ဝယ်ပေမဲ့ အသုံးပြုရမဲ့ နည်းလမ်းနဲ့ အညွန်းတွေက ကိုယ်နားလည်တဲ့ အသုံးအနှုန်းနဲ့ ရေးမထားဘူးဆိုရင် မဝယ်တာအကောင်းဆုံးပါ။ ကုန်ဆုံးရက်နဲ့ ထုတ်လုပ်ရက်ကိုလည်း သေချာဖတ်ပြီး ဝယ်ပါ။ ပစ္စည်းတစ်ခုက သုံးနှစ်အထိ အသုံးခံပေမဲ့ သင်ဝယ်တဲ့အချိန်မှာ နှစ်နှစ်ရှိပြီဆိုရင် သင်သုံးလို့ကုန်မဲ့ အချိန်နဲ့ ပြန်တွက်လိုက်ရင် မဝယ်သင့်တော့ပါဘူး။ သင်ကိုယ်တိုင်ကလည်း အချိန်ကြာကြာ သုံးဖြစ်အုံးမှာကြောင့်ပါ။

Zawgyi Font : အလွကုန္ပစၥည္းဝယ္ေတာ့မယ္ဆိုရင္

အလွကုန္ပစၥည္းမ်ားစြာကို အမ်ိဳးသမီးေရာ၊ အမ်ိဳးသားတိုင္း ဝယ္ယူသုံးစြဲတတ္ၾကပါတယ္။ ဒါေပမဲ့ မသုံးတာၾကာလို႔ပဲျဖစ္ျဖစ္၊ အထားအသိုမမွန္လို႔ပဲျဖစ္ျဖစ္ ကုန္ဆုံးရက္မတိုင္ခင္ စြန႔္ပစ္လိုက္ရတာမ်ိဳးမျဖစ္ရေလေအာင္ ေအာက္ပါအခ်က္ေလးေတြကို လိုက္နာၾကည့္ပါ။

အပူဒဏ္ေၾကာင့္ ပ်က္စီးႏိုင္တာေတြကို သတိထားပါ

တခ်ိဳ႕အလွကုန္ေတြက အခ်ိန္ၾကာၾကာ အသုံးျပဳဖို႔ ဝယ္ထားေပးမဲ့ ရာသီဥတုနဲ႔ ျပင္ပအပူဒဏ္ေတြေၾကာင့္ ပ်က္စီးတာေတြ ျဖစ္တတ္ပါတယ္။ ႏႈတ္ခမ္းနီခရင္မ္၊ မ်က္ႏွာေအာက္ခံေဖာင္ေဒးရွင္း စတာေတြက ပူျပင္းဒဏ္နဲ႔ ထိေတြ႕တာနဲ႔ ဓာတ္ျပယ္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ ပူျပင္းတဲ့ ေနေရာင္ျခည္ တိုက္႐ိုက္ ထိႏိုင္တဲ့ေနရာနဲ႔ မီးပူေတြအနားမွာ မသိမ္းပါနဲ႔။

ထုပ္ပိုးသိမ္းဆည္းမႈ ေသခ်ာပါေစ

စၿပီးဝယ္ယူလာတည္းက အဖုံးနဲ႔ ထုပ္ပိုးမႈကို ေသခ်ာမွတ္သားၿပီး အသုံးျပဳၿပီးတာနဲ႔ ေသခ်ာျပန္လည္ဖုံးအုပ္ သိမ္းဆည္းထားပါ။ တခ်ိဳ႕အလွကုန္ေတြဟာ ျပင္ပက ေရေငြ႕ေတြနဲ႔ထိမိရင္ ဓာတ္ေျပာင္းသြားၿပီး အေရျပားအတြက္ ဓာတ္မတည့္မႈျဖစ္ေစတာေၾကာင့္ပါ။ အဖုံးကို အၾကာႀကီးဖြင့္ထားမိမယ္ဆိုရင္ ျပင္ပက ဘက္တီးရီးယားေတြဝင္ၿပီး ေပါက္ပြားႏိုင္တာေၾကာင့္ အခ်ိန္မတိုင္မွီ စြန႔္ပစ္လိုက္ရႏိုင္ပါတယ္။

စမ္းသုံးပစၥည္းေတြကို သတိထားပါ

ဆိုင္ေတြမွာထားတဲ့ စမ္းသုံးပစၥည္းေတြ (Testers) ကိုသတိထားပါ။ တခ်ိဳ႕ကေတာ့ စမ္းသုံးပစၥည္းေတြကို မေရာင္းၾကေပမဲ့ တခ်ိဳ႕ေတြက ၃၀ ရာခိုင္ႏႈန္းေလာက္ ေစ်းေလ်ာ့ၿပီးေရာင္းတတ္ၾကပါတယ္။ ဒါေတြက အခ်ိန္ၾကာႀကီး ထုတ္လုပ္ထားၿပီးသား ျဖစ္ေနတတ္တာေၾကာင့္ ဒီပစၥည္းေတြကို မဝယ္မိဖို႔ သတိျပဳသင့္ပါတယ္။ သင္သုံးတဲ့အခါမွာ ရက္လြန္ပစၥည္းျဖစ္တတ္တာေၾကာင့္ပါ။

အၫြန္းကို ေသခ်ာဖတ္ပါ

ေစ်းသက္သာၿပီး ထုတ္ပိုးမႈကို ႀကိဳက္လို႔ ဝယ္ေပမဲ့ အသုံးျပဳရမဲ့ နည္းလမ္းနဲ႔ အၫြန္းေတြက ကိုယ္နားလည္တဲ့ အသုံးအႏႈန္းနဲ႔ ေရးမထားဘူးဆိုရင္ မဝယ္တာအေကာင္းဆုံးပါ။ ကုန္ဆုံးရက္နဲ႔ ထုတ္လုပ္ရက္ကိုလည္း ေသခ်ာဖတ္ၿပီး ဝယ္ပါ။ ပစၥည္းတစ္ခုက သုံးႏွစ္အထိ အသုံးခံေပမဲ့ သင္ဝယ္တဲ့အခ်ိန္မွာ ႏွစ္ႏွစ္ရွိၿပီဆိုရင္ သင္သုံးလို႔ကုန္မဲ့ အခ်ိန္နဲ႔ ျပန္တြက္လိုက္ရင္ မဝယ္သင့္ေတာ့ပါဘူး။ သင္ကိုယ္တိုင္ကလည္း အခ်ိန္ၾကာၾကာ သုံးျဖစ္အုံးမွာေၾကာင့္ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: