Home News Samsung Galaxy Note 7 ပေါက်ကွဲမှုရဲ့အကြောင်းရင်းကို သိပြီ

Samsung Galaxy Note 7 ပေါက်ကွဲမှုရဲ့အကြောင်းရင်းကို သိပြီ

0
Samsung Galaxy Note 7 ပေါက်ကွဲမှုရဲ့အကြောင်းရင်းကို သိပြီ

Samsung Galaxy Note7 ကတော့ တစ်ကမ္ဘာလုံးမှာ လူသိအများဆုံးနဲ့ လူအများရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတဲ့ ဖုန်းတစ်လုံးလို့ ပြောရ မယ်ဆိုရင် မမှားပါဘူး။ Samsung Galaxy Note7 ဟာ ပေါက်ကွဲမှုနဲ့အတူ နာမည်ကြီးလာပြီး နောက်ဆုံးမှာ Note7 ထုတ်လုပ်မှုကို ရပ် တန့်လိုက်ရသလို Samsung ရဲ့သမိုင်းမှာ အထိအနာဆုံး ဖြစ်ရပ်ဆိုလည်း မမှားပါဘူး။ ဒါပေမယ့် အကြောင်းရင်း သေချာမသိရှိခဲ့ရဘဲ Samsung ကနေ Galaxy Note7 အားလုံးကို ပြန်သိမ်းခဲ့ရပြီး ငွေပြန်အမ်းခဲ့ရပါတယ်။ ဒီချိန်မှာတော့ Note7 ဘာကြောင့်ပေါက်ကွဲ ရလဲ ဆိုတဲ့ အကြောင်းရင်းကို သိခဲ့ရပြီလို့ ကြေငြာလိုက်ပါတယ်။

Note7 ပေါက်ကွဲမှုဟာ ဘတ်ထရီ ပြဿနာကြောင့် လို့ ယေဘူယျအားဖြင့် ပြောကြားခဲ့ပေမယ့် အသေးစိတ်ကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ ဘတ်ထရီ အပူတက်လာပြီး ပေါက်ကွဲမှုဖြစ်ရတာဟာ ဖုန်းဒီဇိုင်းနဲ့ ဆက်စပ်နေပါတယ်။ Samsung Galaxy Note7 ရဲ့ ဒီဇိုင်းအရ ဘတ်ထရီကို ဖုန်းကိုယ်ထည်က ဖိသားသကဲ့သို့ဖြစ်နေပါတယ်။ ဖုန်းအတော်များများရဲ့ ဒီဇိုင်းအရ အတွင်းမှာ ဘတ်ထရီနဲ့ ဖုန်းကိုယ်ထည်နဲ့အကွာအဝေးဟာ ၁ဝရာခိုင်နှုန်း နေရာလွတ်ထားလေ့ရှိပါတယ်။ ၁ဝရာခိုင်နှုန်းဆိုတာ ဖုန်းကိုယ်ထည်အထူနဲ့တွက်ပြီး အတွင်းမှာ ဘတ်ထရီနဲ့ ကိုယ်ထည်ကို တိုက်ရိုက်မပေးထိဘဲ Space တစ်ခုထားပေးတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒါပေမယ့် Galaxy Note7 မှာတော့ အဲ့ဒီလို မဟုတ်ပါဘူး။ ဖုန်းကိုယ်ထည်က ဘတ်ထရီနဲ့တိုက်ရိုက်ကပ်ထားသလိုဖြစ်နေပြီး နေရာလွတ်မရှိတဲ့အတွက် ဘတ်ထရီကို ဖိထားသကဲ့သို့ဖြစ်နေတာကြောင့် အပူတက်လာတဲ့ ပြဿနာဖြစ်လာပါတယ်။

Note7 ရဲ့ လစ်သီယမ် ဘတ်ထရီဟာ နှစ်ထပ်ဂျယ်လီတုံးခဲ့သို့ အလွှာအထပ်အဖြစ် ဖွဲ့စည်းထားပြီး Positive Layer ကို ကိုဘတ်တပ်စ် အောက်ဆိုဒ် (Cobalt Oxide) အဖြစ်အသုံးပြုပြီး Negative Layer ကိုတော့ ဂရပ်ဖိုက် (Graphite) နဲ့ ဖွဲ့စည်းတည် ဆောက်ထားပါတယ်။ Layer နှစ်ခုကြားမှာ ပိုလီမာကို ကြားခံအဖြစ်ထားပြီး စွမ်းအင်ကို ထုတ်ယူစေပါတယ်။ ဒါကြောင့် Positive Layer နဲ့ Negative Layer ကိုတိုက်ရိုက်ထိတွေ့ဖို့မလိုဘဲ ပိုလီမာကို ကြားခံအဖြစ်ထားပြီး စွမ်းအင်အဖြစ်ပြောင်းလဲ တာ ဖြစ်ပါတယ်။ အကယ်၍များ Positive Layer နဲ့ Negative Layer အမြဲတမ်းထိတွေ့နေမယ်ဆို Electrolyte ဖြစ်စဉ်ဖြစ်ပြီး အပူချိန် တက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် Layer နှစ်ခုကြားမှာ ပိုလီမာကို ကြားခံအဖြစ်အသုံးပြုသော်လည်း အဆိုပါ ပိုလီမာမှာ ပါးလျပြီး ဖုန်းဒီဇိုင်း အရ ကိုယ်ထည်က ဘတ်ထရီကို ဖိထားသကဲ့သို့ဖြစ်လာသောကြောင့် Layer နှစ်ခုမှာ အမြဲတမ်းထိတွေ့သကဲ့သို့ဖြစ်ပြီး အပူ ချိန် တစ်ဖြည်းဖြည်းနဲ့ တက်လာပြီး နောက်ဆုံးမှာ ပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပေါ်လာပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: