
Google မှ Trusted Contact ဆိုတဲ့ App ကို Android စမတ်ဖုန်းတွေအတွက် ထုတ်လုပ်လိုက်ပါပြီ။ Trusted Contact App ဟာဆိုရင် မိသားစု၊ သူငယ်ချင်း၊ ချစ်သူ တွေ ဘယ်ရောက်နေလဲဆိုတာကို နောက်ယောက်ခံလိုက်နိုင်မယ့် App မျိုးဖြစ်ပါတယ်။ အလုပ်လုပ်ပုံကလဲ ရိုးရှင်းပါတယ်။ သင် နောက်ယောက်ခံလိုက်လိုတဲ့ သူကို Trusted Contact အတွင်းမှာ ထည့်ထားရမှာဖြစ်ပြီး အင်တာနက်ကနေ တစ်ဆင့် သူတို့ဘယ်မှာရှိနေလဲဆိုတာကို မေးတဲ့ Location Request ကို လက်ခံရရှိမှာဖြစ်ပါတယ်။ အကယ်၍များ သူတို့က လက်မခံ ဘူးဆိုရင်တော့ သင် နောက်ယောင်ခံနိုင်မှ မဟုတ်ပါဘူး။ ဒါ့အပြင် သင်ကိုယ်တိုင်ကလဲ သင်ဘယ်မှာရှိနေလဲဆိုတာကို အများသိအောင် ပြန်လည်မျှဝေနိုင်ပါသေးတယ်။
Location Share ထားတဲ့အချိန်မှာ သွားနေတဲ့ အတိုင်း မြေပုံပေါ်မှာ ရွေ့လျားနေမှာဖြစ်ပါတယ်။ ဒါကြောင့် မိသားစုလုံခြုံရေးစနစ် အတွက်လည်း အသုံးပြုနိုင်သလို ကိုယ့်ချစ်သူဘယ်သွားနေလဲ ဆိုတာကိုလဲ စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အချင်းချင်းတော့ Trusted Contact အဖြစ် ထားပေးရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ Google ရဲ့ Trusted Contact App ကို Android တစ်မျိုးသာ ရရှိ အုံးမှာဖြစ်ပြီး iOS အတွက်တော့ လက်ရှိမှာ မထုတ်သေးပါဘူး။ ဒေါင်းလုပ်ဆွဲမယ်ဆိုရင်တော့ အောက်ကလင့်မှာ ဒေါင်းနိုင်ပါတယ်။
Trusted Contact App ဒေါင်းလုပ်ဆွဲရန် : Download
Ref : The Next Web