Home Lifestyle Health တီဗွီကြည့်ခြင်းနဲ့ သင့်ကျန်းမာရေး

တီဗွီကြည့်ခြင်းနဲ့ သင့်ကျန်းမာရေး

0
တီဗွီကြည့်ခြင်းနဲ့ သင့်ကျန်းမာရေး

သြစတေးလျလေ့လာမှုတစ်ရပ်အရ တီဗီကြည့်တာက ဘဝသက်တမ်းကို လျော့ကျစေတယ်လို့ တွေ့ရှိခဲ့ရပြီး အဆိုပါတွေ့ရှိမှုကို ဗြိတိန်က ဆေးဂျာနယ်မှာ ဖော်ပြထားပါတယ်။
တီဗီကြည့်တာ တစ်နာရီကြာတိုင်း ဘဝသက်တမ်းကို ၂၂ မိနစ်လောက်လျော့ကျစေပါတယ်။

အသက် ၂၅ နှစ်နဲ့ အထက်ရှိ သြစတေးလျလူမျိုး တစ်သောင်းတစ်ထောင်ရဲ့ တီဗီကြည့်တဲ့ အလေ့အထကို လေ့လာခဲ့ရာ တီဗီကြည့်ချိန် တစ်နာရီရှိလေလေ ဘဝသက်တမ်းက ၂၁.၈ မိနစ်လောက် လျော့ကျလေလေ လို့ဆိုထားပါတယ်။ ဒါကြောင့် တီဗီကြည့်ချိန်ကို တတ်နိုင်သလောက် လျော့ချပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်သင့်ပါတယ်။


တီဗီကို အလွန်အမင်း ကြည့်တာကြောင့် ဘဝသက်တမ်းကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။

လေ့လာမှုတွေအရ တစ်နေ့မှာ အချိန် ခြောက်နာရီနဲ့အထက် တီဗီကြည့်တာက ဘဝသက်တမ်းကို ၄.၈ ရာခိုင်နှုန်းလျော့ကျစေတယ်လို့ သိရပါတယ်။ ဆေးလိပ်တစ်လိပ်သောက်တိုင်း လူတစ်ဦးရဲ့ သက်တမ်းကို ၁၁ မိနစ်လျော့ကျစေတယ်လို့ လေ့လာမှုတွေက ဆိုထားသလိုမျိုးပဲ တီဗီကို အလွန်အမင်းကြည့်တာကလည်း အန္တရာယ်ရှိတဲ့ အပြုအမူတစ်ရပ်ဖြစ်နေပါတယ်။
တီဗီကြည့်တာက ပြဿနာလား၊ ဒါမှမဟုတ် တီဗီကို ဘယ်လိုကြည့်လဲဆိုတာက ပြဿနာလား

Opတို့က တီဗီကြည့်ကြတဲ့အခါမှာ အများစုက ထိုင်နေရင်း ဒါမှမဟုတ် လှဲလျောင်းရင်း ကြည့်ကြတဲ့အတွက် ခန္ဓာကိုယ်က အကြာကြီးအနားရနေပါတယ်။ တစ်ခါတစ်ရံ တီဗီကြည့်ရင်း ကျန်းမာရေးနဲ့မညီညွတ်တဲ့ သရေစားတွေလည်း စားတတ်ကြပါတယ်။ ဒီလိုပုံစံတွေနဲ့ တီဗီကြည့်တာဟာ ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက် တီဗီကြည့်တဲ့အခါ လှုပ်ရှားမှုလုပ်ပေးဖို့နဲ့ အာဟာရမရှိတဲ့ သရေစာတွေကို ရှောင်ပေးဖို့ လိုအပ်ပါတယ်။
တီဗီမကြည့်သင့်တော့ဘူးလား?

အချိန်အကြာကြီးထိုင်ပြီး တီဗီကြည့်တာက ကျန်းမာရေးအတွက် မသင့်တော်တာမှန်ပေမဲ့ တီဗီကို အချိန်အကြာကြီးကြည့်ပြီး အချိန်ဖြုန်းတဲ့ အလေ့အထက ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါကြောင့် အကြိုက်ဆုံး တီဗီအစီအစဉ်တွေကိုပဲ ရွေးကြည့်ဖို့နဲ့ တီဗီကြည့်တဲ့အခါ နာရီဝက်ကြာတိုင်း ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးဖို့ လိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: