Home Lifestyle Health အမျိုးသားတို့၏ ကျန်းမာရေးအတွက် သတိထားရမယ့် အဆိုးရွားဆုံး အလေ့အထ ၁ဝမျိုး

အမျိုးသားတို့၏ ကျန်းမာရေးအတွက် သတိထားရမယ့် အဆိုးရွားဆုံး အလေ့အထ ၁ဝမျိုး

0
အမျိုးသားတို့၏ ကျန်းမာရေးအတွက် သတိထားရမယ့် အဆိုးရွားဆုံး အလေ့အထ ၁ဝမျိုး

ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးတွေ သုံးတာကြောင့် အမျိုးသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ခြေများတယ်လို့ သင်သိထားပြီးသား ဖြစ်မှာပါ။ အမျိုးသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အခြားအလေ့အထတွေကို သိရှိပြီး ရှောင်ရှားနိုင်ဖို့ ရေးသားလိုက်ရပါတယ်။

၁။ ဆရာဝန်ကို ရှောင်ရှားခြင်း

အမျိုးသား ကျန်းမားရေးလေ့လာမှုအရ အမျိုးသားတွေက အမျိုးသမီးတွေထက် ဆရာဝန်ဆီ ပြသမှုအပိုင်းမှာ ၂၀ ရာခိုင်နှုန်းပိုနည်းနေတယ်လို့ သိရပါတယ်။ ဒီအချက်ဟာ အမျိုးသားတွေက အမျိုးသမီးတွေထက် ပျှမ်းမျှအားဖြင့် အသက်ပိုတိုရတဲ့ အကြောင်းရင်းလည်း ဖြစ်နိုင်ချေ ရှိတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

၂။ မိမိဘာသာ စစ်ဆေးမှု မလုပ်ခြင်း

အမျိုးသား အများစုက ဝှေးစေ့ကို မိမိဘာသာ စစ်ဆေးမှုပြုလုပ်ရမယ်ဆိုတာ မသိကြတာ များပါတယ်။ ဝှေးစေ့ကို မိမိဘာသာ စစ်ဆေးမှုကြောင့် ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေဖြစ်ရင် စောစောစီးစီး သိနိုင်ပြီး စောစော ကုသမှုခံယူတာကြောင့် ရောဂါ ပျောက်ကင်းနိုင်ချေ များပါတယ်။

၃။ အရက်ကို အလွန်အကျွံသောက်ခြင်း

အမျိုးသားတွေမှာ အရက်ကို ထိန်းချုပ်ပြီး သောက်နိုင်တဲ့ အတိုင်းအတာထက် ပိုပြီး အလွန်အမင်း သောက်တတ်ကြပါတယ်။ အဲဒါကြောင့် အရက်ကြောင့် ဖြစ်တဲ့ သေဆုံးနိုင်ချေက မြင့်မားလာပြီး အရက်ကြောင့် ဆေးရုံတက်ရနိုင်ချေလည်း ပိုများလာပါတယ်။

၄။ အရာရာကို မျိုသိပ်ထားခြင်း

အမျိုးသား အများစုဟာ သူတို့ရဲ့ စိတ်ခံစားချက်နဲ့ ပတ်သက်လာရင် သိပ်ခံစားတတ်လွန်းပါတယ်။ ဒါကြောင့် အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ရင် အမျိုးသား တစ်ဝက်လောက်ကသာ စိတ်ကျရောဂါ ဖြစ်တတ်တယ်လို့ သိကြတာပါ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို သတ်သေနေကြသူတွေထဲမှာ အမျိုးသား ၂၂ ရာခိုင်နှုန်းခန့် ရှိနေပါတယ်။ ဒေါသနဲ့ အခြားစိတ်ခံစားမှုတွေကို မျိုသိပ်ခံစားတာက မူးယစ်ဆေးဝါးနဲ့ အရက်စွဲတာတွေကို ဖြစ်စေနိုင်ကာ နောက်ဆုံးမှာ နှလုံးရောဂါကိုပါ ဖြစ်ပွားစေနိုင်ကြောင်း တချို့လေ့လာမှုတွေအရ သိရပါတယ်။

၅။ အလုပ်ကြောင့် စိတ်ဖိစီးမှုများလွန်းခြင်း

အမျိုးသားနဲ့ အမျိုးသမီးတွေက လုပ်ငန်းခွင်ကြောင့် စိတ်ဖိစီးမှု ခံစားရတာချင်း ညီတူညီမျှရှိတယ်လို့ စစ်တမ်းတစ်ခုက ဆိုထားပေမဲ့ အမျိုးသားတွေက အမျိုးသမီးတွေထက် လုပ်ငန်းခေါင်းဆောင်ရတာကြောင့် စိတ်ဖိစီးမှုဖြစ်ပြီး နာမကျန်းခွင့်ရက် ယူရတာက လေးဆပိုနည်းတယ်လို့ သိရပါတယ်။ အမျိုးသားတွေက လုပ်ငန်းခွင် စိတ်ဖိစီးမှုကြောင့် အရက်ကိုတော့ သောက်သုံးမှု ပိုများကြပါတယ်။

၆။ ရေပူချိုးခြင်း

ကယ်လ်ဖိုးနီးယား တက္ကသိုလ်မှ လေ့လာသူတွေက ရေပူထဲမှာ စိမ်ပြီး ရေချိုးတာက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို သိသိသာသာ ထိခိုက်စေတယ်လို့ ဆိုပါတယ်။ အမျိုးသားတွေရဲ့ သုက်ကောင်တွေက အေးမြတဲ့ ပတ်ဝန်းကျင်မှာ အကောင်းဆုံး ဖွံ့ဖြိုးမှုရှိတာကြောင့် ရေပူထဲမှာ ရေစိမ်ချိုးတာနဲ့ ပေါင်ပေါ်ကို လက်တော့ပ်ကွန်ပျူတာ တင်သုံးတာတွေကို ရှောင်ရှားသင့်ပါတယ်။

၇။ နေရောင်ကာ ခရင်မ် မလိမ်းခြင်း

ပြင်သစ်၊ ဂျာမနီ၊ စပိန်နဲ့ ယူကေနိုင်ငံတို့တွင် လေ့လာချက်များအရ အမျိုးသားတွေက နေရောင်ကာခရင်မ် လိမ်းတာလျော့နည်းနေတာကို တွေ့ရှိရပါတယ်။ ပျှမ်းမျှအားဖြင့် အမျိုးသမီးတွေရဲ့ ၅၂ ရာခိုင်နှုန်းက နေရောင်ကာခရင်မ် လိမ်းပြီး အမျိုးသားတွေရဲ့ ၃၇ ရာခိုင်နှုန်းကသာ နေကာခရင်မ်ကို လိမ်းတယ်လို့ လေ့လာမှုက ဆိုပါတယ်။

၈။ လက်သန့်ရှင်းရေး နည်းပါးခြင်း

သင်ဟာ အိမ်သာထဲက ထွက်လာတိုင်း လက်တွေကို ရေနဲ့ ဆပ်ပြာကိုသုံးပြီး စင်ကြယ်အောင် ဆေးဖြစ်ရဲ့လား။ အမေရိကန်ပိုးမွှားဗေဒဆိုင်ရာ လေ့လာမှုတစ်ရပ်အရ အမျိုးသား သုံးဦးအနက် တစ်ဦးက ဆေးကြောလေ့ မရှိကြောင်း သိရပါတယ်။ ဆေးလေ့ရှိတဲ့ အမျိုးသားတွေရဲ့ သုံးပုံတစ်ပုံက ဆပ်ပြာကိုသုံးပြီး သေချာဆေးကြောလေ့ရှိကြပါတယ်။

၉။ သွားမတိုက်ခြင်း

အမေရိကန် သွားနှင့် ခံတွင်း အဖွဲ့အစည်းရဲ့ လေ့လာမှုတစ်ရပ်အရ အမျိုးသား ၆၆ ရာခိုင်နှုန်းကသာ သူတို့ရဲ့ သွားတွေကို တစ်နေ့နှစ်ကြိမ် တိုက်လေ့ရှိတယ်လို့ ဆိုပါတယ်။ အမျိုးသမီး ၈၆ ရာခိုင်နှုန်းက တစ်နေ့ နှစ်ကြိမ် သွားတိုက်ပါတယ်။ ဒါ့အပြင် အမျိုးသမီးက အမျိုးသားတွေထက် ပုံမှန် သွားနဲ့ ခံတွင်း စစ်ဆေးမှု ပြုလုပ်တာ နှစ်ဆပိုများတယ်လို့လည်း လေ့လာချက်အရ သိရပါတယ်။

၁၀။ အိပ်ချိန် မမှန်ခြင်း

အမျိုးသားတွေက အိပ်စက်တဲ့ အလေ့အထနဲ့ အိပ်ချိန် မမှန်တာကြောင့်လည်း ကျန်းမာရေးထိခိုက်မှု အဖြစ်များပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: