Home Lifestyle Health သင့်လက်တွေ အမြဲတမ်းအေးစက်နေပြီလား

သင့်လက်တွေ အမြဲတမ်းအေးစက်နေပြီလား

0
သင့်လက်တွေ အမြဲတမ်းအေးစက်နေပြီလား

အေးမြတဲ့ ပတ်ဝန်းကျင်မှာ မရှိနေတဲ့ အချိန်တွေမှာတောင် လက်တွေအေးစက်နေတာမျိုးဟာ အဖြစ်များပါတယ်။ အေးစက်နေတဲ့လက်တွေ ရှိတာဟာ အများအားဖြင့် အပူချိန်ကို ထိန်းညှိပေးတဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝတုံ့ပြန်မှုအစိတ်အပိုင်းတစ်ခု ဖြစ်လေ့ရှိပါတယ်။ သင့်မှာ အမြဲတမ်းလိုလို အေးနေတဲ့ လက်တွေရှိတာဟာ တစ်ခါတစ်ရံမှာ ကျန်းမာရေး သတိပေးလက္ခဏာတစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာအနေနဲ့ အေးမြတဲ့ လက်တွေရှိတာဟာ လက်ချောင်းတွေ ဒါမှမဟုတ် လက်တွေဆီ သွေးလှည့်ပတ်မှုမကောင်းတာကြောင့်သော်လည်းကောင်း၊ လက်တွေမှာရှိတဲ့ နာ့ဗ်ကြောတွေမှာ ပြဿနာရှိတာကြောင့်သော်လည်းကောင်း ဖြစ်တတ်ပါတယ်။ အလွန်အေးမြနေတဲ့ ရာသီမှာ အိမ်အပြင်ရောက်နေရင် လက်တွေ အေးစက်တာဟာ နှင်းကိုက်နာရဲ့ သတိပေးလက္ခဏာ ဖြစ်နိုင်ပါတယ်။ သင့်မှာ အေးစက်နေတဲ့ လက်တွေရှိတဲ့အခါ စောင့်ကြည့်သင့်တဲ့ လက္ခဏာတွေကတော့

  •     ခြေချောင်းတွေ အေးစက်ခြင်း
  •  အရေပြား ပြာနှမ်းခြင်း ဒါမှမဟုတ် ဖြူဖျော့နေခြင်းလိုမျိုး လက်အရေပြားအရောင် ပြောင်းလဲခြင်း
  •    လက်တွေ ထုံကျင်ခြင်း ဒါမှမဟုတ် စပ်ဖျဉ်းဖျဉ် ဖြစ်ခြင်း
  •   အရည်ကြည်ဖု ပေါက်ခြင်း
  •     အရေပြား တင်းမာခြင်း ဒါမှမဟုတ် မာကြောခြင်း စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေရှိရင်တော့ ဆရာဝန်ထံ ပြဖို့လိုအပ်ပါတယ်။
လက်များအေးစက်နေရခြင်း အကြောင်းရင်းများ

လက်တွေအေးစက်နေရတာဟာ အေးမြတဲ့ ရာသီဥတု၊ ပတ်ဝန်းကျင်၊ သွေးလည်ပတ်မှုမကောင်းခြင်းနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းညှိပေးတဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝတုံ့ပြန်မှု စတာတွေကြောင့် ဖြစ်တတ်သလို တခြားအကြောင်းရင်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ စိတ်လှုပ်ရှားတဲ့ အခြေအနေမျိုးမှာလည်း လက်တွေ အေးစက်လာတတ်ပါတယ်။ လက်တွေ အေးစက်တတ်တဲ့ ကျန်းမာရေးဆိုင်ရာ အကြောင်းရင်းတွေကတော့

  •   သွေးအားနည်းခြင်း
  •    ဆီးချိုသွေးချိုရောဂါ ရှိခြင်း
  •   နှင်းကိုက်နာ ဖြစ်ခြင်း
  •    ခန္ဓာကိုယ်အစွန်အဖျားရှိ သွေးလွှတ်ကြောဆိုင်ရာ ရောဂါရှိခြင်း
  •    အရေပြားမာတဲ့ ရောဂါ Sclerodema ရှိခြင်း
  •    ရေးနော့ သွေးကြောကျဉ်ရောဂါ ရှိခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။
ဆရာဝန်နှင့် ပြသင့်သောအချိန်

သင့်အနေနဲ့ အမြဲလိုလို လက်တွေ အေးစက်နေရင် ဆရာဝန်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ သင့်လက်တွေအေးစက်နေရတဲ့ အကြောင်းရင်းက သွေးလည်ပတ်မှုကြောင့်လား၊ တခြား အကြောင်းရင်းတွေကြောင့်လားဆိုတာ ဆရာဝန်ဆီမှာ စစ်ဆေးမှု ခံယူသင့်ပါတယ်။ သင့်လက်တွေ အေးစက်နေရတဲ့ အခြေခံအကြောင်းရင်းတွေ အပေါ်မူတည်ပြီး သင့်တော်တဲ့ ကုသမှုကို ခံယူဖို့လိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: