Home Knowledge ကိုယ်ဝန်ရှိချိန်မှာ ဘာကြောင့် ကြောင်နဲ့ ဝေးဝေးနေသင့်သလဲ။

ကိုယ်ဝန်ရှိချိန်မှာ ဘာကြောင့် ကြောင်နဲ့ ဝေးဝေးနေသင့်သလဲ။

0
ကိုယ်ဝန်ရှိချိန်မှာ ဘာကြောင့် ကြောင်နဲ့ ဝေးဝေးနေသင့်သလဲ။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ ကြောင်နဲ့ကြောင်ချေးကို ရှောင်သင့်တဲ့ အကြောင်းရင်းကတော့ Toxoplasma Gordii လို့ခေါ်တဲ့ ကပ်ပါးပိုးကြောင့် ဖြစ်တတ်တဲ့ Toxoplasmosis ကူးစက်ရောဂါကြောင့်ပဲဖြစ်ပါတယ်။ ကြောင်ချေးတွေဟာ ရောဂါပိုးရဲ့ အဓိက အရင်းမြစ်လိုဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြောင်တွေရဲ့ အူထဲမှာ ရောဂါပိုးတွေ ပေါက်ဖွားနေထိုင်လေ့ရှိတာကြောင့်ပါ။ ဒီရောဂါပိုးကို အသားစိမ်း ဒါမှမဟုတ် မကျက်တကျက်ချက်ထားတဲ့ အသားတွေ၊ ရောဂါပိုးများတဲ့ မြေကြီးတွေမှာလည်း တွေ့နိုင်ပါတယ်။ ဒီရောဂါပိုးကြောင့် ဖြစ်တဲ့ ရောဂါက ကျန်းမာတဲ့သူတွေအတွက် ထွေထွေထူးထူးပြောစရာ မရှိပေမဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာတော့ ကလေးကို ကူးစက်နိုင်တာကြောင့် အရေးကြီးပါတယ်။

ဒီရောဂါ ကူးစက်ခံရပါက ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း၊ မီးဖွားပြီးမကြာခင်မှာပဲ ကလေးဆုံးသွားခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ကလေးဦးနှောက်ထိခိုက်ခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး လျော့နည်းခြင်း၊ တက်ခြင်း၊ မျက်စိ ကန်းခြင်း၊ သေဆုံးခြင်း အထိတောင် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မကြောက်ပါနဲ့။ မဖြစ်အောင် ကာကွယ်လို့ရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ အနေနဲ့ အသားစိမ်းစားခြင်း၊ မကျက်တကျက်အသားစားခြင်းတွေကို ရှောင်ရှားဖို့လိုသလို သစ်ပင်စိုက်ပျိုးရာမှာလည်း လက်အိတ်ဝတ်ပြီးမှ စိုက်ပျိုးပေါင်းသင်သင့်ပါတယ်။ ကြောင်ချေး မကျုံးသင့်သလို၊ အကယ်၍ ကျုံးမဲ့သူမရှိလို့ ကျုံးရမယ်ဆိုရင်လည်း လက်အိတ်ဝတ်ကာ လက်ကို သေချာဆေးကြောသင့်ပါတယ်။

Zawgyi Font : ကိုယ္ဝန္ရွိခ်ိန္မွာ ဘာေၾကာင့္ ေၾကာင္နဲ႔ ေဝးေဝးေနသင့္သလဲ။

ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြအေနနဲ႔ ေၾကာင္နဲ႔ေၾကာင္ေခ်းကို ေရွာင္သင့္တဲ့ အေၾကာင္းရင္းကေတာ့ Toxoplasma Gordii လို႔ေခၚတဲ့ ကပ္ပါးပိုးေၾကာင့္ ျဖစ္တတ္တဲ့ Toxoplasmosis ကူးစက္ေရာဂါေၾကာင့္ပဲျဖစ္ပါတယ္။ ေၾကာင္ေခ်းေတြဟာ ေရာဂါပိုးရဲ႕ အဓိက အရင္းျမစ္လိုျဖစ္ေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေၾကာင္ေတြရဲ႕ အူထဲမွာ ေရာဂါပိုးေတြ ေပါက္ဖြားေနထိုင္ေလ့ရွိတာေၾကာင့္ပါ။ ဒီေရာဂါပိုးကို အသားစိမ္း ဒါမွမဟုတ္ မက်က္တက်က္ခ်က္ထားတဲ့ အသားေတြ၊ ေရာဂါပိုးမ်ားတဲ့ ေျမႀကီးေတြမွာလည္း ေတြ႕ႏိုင္ပါတယ္။ ဒီေရာဂါပိုးေၾကာင့္ ျဖစ္တဲ့ ေရာဂါက က်န္းမာတဲ့သူေတြအတြက္ ေထြေထြထူးထူးေျပာစရာ မရွိေပမဲ့ ကိုယ္ဝန္ေဆာင္မိခင္ေတြမွာေတာ့ ကေလးကို ကူးစက္ႏိုင္တာေၾကာင့္ အေရးႀကီးပါတယ္။

ဒီေရာဂါ ကူးစက္ခံရပါက ကိုယ္ဝန္ပ်က္က်ျခင္း၊ ကေလးအေသေမြးျခင္း၊ မီးဖြားၿပီးမၾကာခင္မွာပဲ ကေလးဆုံးသြားျခင္းတို႔ ျဖစ္တတ္ပါတယ္။ ဒါ့အျပင္ ကေလးဦးေႏွာက္ထိခိုက္ျခင္း၊ ဉာဏ္ရည္ဉာဏ္ေသြး ေလ်ာ့နည္းျခင္း၊ တက္ျခင္း၊ မ်က္စိ ကန္းျခင္း၊ ေသဆုံးျခင္း အထိေတာင္ ျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ မေၾကာက္ပါနဲ႔။ မျဖစ္ေအာင္ ကာကြယ္လို႔ရပါတယ္။ ကိုယ္ဝန္ေဆာင္မိခင္ေလာင္းေတြ အေနနဲ႔ အသားစိမ္းစားျခင္း၊ မက်က္တက်က္အသားစားျခင္းေတြကို ေရွာင္ရွားဖို႔လိုသလို သစ္ပင္စိုက္ပ်ိဳးရာမွာလည္း လက္အိတ္ဝတ္ၿပီးမွ စိုက္ပ်ိဳးေပါင္းသင္သင့္ပါတယ္။ ေၾကာင္ေခ်း မက်ဳံးသင့္သလို၊ အကယ္၍ က်ဳံးမဲ့သူမရွိလို႔ က်ဳံးရမယ္ဆိုရင္လည္း လက္အိတ္ဝတ္ကာ လက္ကို ေသခ်ာေဆးေၾကာသင့္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: