Home Lifestyle Health အမျိုးသားတွေသိထားရမယ့် သုက်ကောင်ရဲ့ကျန်းမာရေး

အမျိုးသားတွေသိထားရမယ့် သုက်ကောင်ရဲ့ကျန်းမာရေး

0
အမျိုးသားတွေသိထားရမယ့် သုက်ကောင်ရဲ့ကျန်းမာရေး

သုက်ဆိုတာကတော့ အမျိုးသားတစ်ယောက် အတွက် အရေးကြီးဆုံး ကျန်းမာရေးအစိတ်အပိုင်းတစ်ခုထဲမှာ အပါအဝင်ဖြစ်ပါ တယ်။ သုက်ကောင်ရဲ့ စွမ်းရည်အပေါ်မူတည်ပြီး မွေးဖွားလာမယ့် မျိုးဆက်တွေရဲ့ကျန်းမာရေး သက်ရောက်မှုတွေလဲ ရှိပါတယ်။ ဒါကြောင့် အမျိုးသားတွေရဲ့ ဘဝတစ်လျောက်လုံးမှာ သုက်ကောင်ရဲ့ ကျန်းမာရေး ဘယ်လိုပြောင်းလဲနေလဲဆိုတာ သိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ

အသက်၁၄နှစ် အရွယ်အထိ ကောင်လေးတွေရဲ့ သုက်ကောင်တွေဟာ ပြည်ပြည့်ဝ၀ မဖွံ့ဖြိုးသေးတဲ့အတွက် မျိုးအောင်ဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။ မျိုးအောင်ခဲ့ရင်တောင် ချို့ယွင်းချက်ပါတဲ့ ကလေး၊ မျိုးဗီဇပုံမှန်မဟုတ်တဲ့ ကလေးမျိုး မွေးဖွားလာနိုင်ခြေ များပါတယ်။

အသက် ၂၀ အရွယ်မှာ

အခြားအသက်အရွယ်တွေနဲ့ ယှဉ်ရင် အမျိုးသားတစ်ယောက်ရဲ့ ဘဝမှာ သုက်ကောင်အဖွံ့ဖြိုးဆုံး အချိန်ဖြစ်ပြီး ဒီအချိန်မှာ အိမ်ထောင်ပြုခဲ့ရင် ကလေးရနိုင်စွမ်း အမြင့်ဆုံးနဲ့ မွေးရာပါ ချို့ယွင်းချက်ပါတဲ့ ကလေး မွေးဖွားနိုင်ခြေ အနည်းဆုံး ဖြစ်နေတတ်ပါတယ်။ သင့်အနေနဲ့ သုက်ကောင်အရေအသွေးကို ကောင်းမွန်အောင် ထိန်းထားချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်း လုပ်ပေးဖို့ လိုပါတယ်။ ဒီအသက်အရွယ်တည်းက လေ့ကျင့်ခန်းပုံမှန်လုပ်သွားတဲ့ အမျိုးသားတွေဟာ ပန်းသေပန်းညှိုးရောဂါ ခံစားရနိုင်ချေ ၇၀ ရာခိုင်နှုန်းလျော့နည်းတတ်ပါတယ်။

အသက် ၃၀ အရွယ်မှာ

အသက် ၃၀ အရွယ်ရောက်လာတဲ့ အမျိုးသားတွေရဲ့ ကျားဟော်မုန်း တက်စတိုစတီရုန်း ပမာဏဟာ စတင်လျော့သွားတတ်တာကြောင့် သုက်ကောင် ထွက်နှုန်း နည်းလာကာ စွမ်းဆောင်နိုင်အားလည်း လျော့နည်းလာတတ်ပါတယ်။ အသက် ၂၅ နှစ် အရွယ် အမျိုးသားနဲ့ ယှဉ်ပါက မျိုးအောင်နိုင်ချေ နှစ်ဆ လျော့နည်းတတ်ပါတယ်။ သုက်ကောင်ရဲ့ ဒီအင်န်အေ ထိခိုက်တာဟာ ကလေးမွေးဖွားရာမှာ ချို့ယွင်းချက် ပါတာမျိုး ဖြစ်တတ်ပါတယ်။ ဒီအရွယ်မှာ ပဲပိစပ်နဲ့လုပ်ထားတဲ့ အစားအစာကို ရှောင်ပြီး ကမာ၊ ပဲ စတဲ့ ဇင့်ဓာတ် ပေါကြွယ်ဝတဲ့ အစားအစာတွေကို စားပေးမယ်ဆိုရင် သုက်ကောင်ရဲ့ ကျန်းမာရေးကို ၇၄ ရာခိုင်နှုန်းအထိ ကောင်မွန်စေပါတယ်။

အသက် ၄၀ အရွယ်မှာ

အသက် ၂၀ အရွယ်ကစပြီး သုက်ကောင်ရဲ့ လှုပ်ရှား ကူးခတ်နိုင်စွမ်းဟာ တစ်နှစ်ကို ၀.၇ ရာခိုင်နှုန်းစီ လျော့ကျလာနေပါတယ်။ ဒီအချိန်မှာ သားသမီးယူဖို့ စဉ်းစားပါက သုက်ကောင်နဲ့ မမျိုးဥ တွေ့ဆုံနိုင်စွမ်း ခက်ခဲလာတာကြောင့် ကလေးရဖို့ မလွယ်ကူပါဘူး။ ဗီတာမင် ဘီတွဲလ် ဖြည့်စွက်ဆေး ၁၀၀၀ မိုက်ခရိုဂရမ်ကို နေ့စဉ် မှီဝဲပေးမှသာ သုက်ကောင်ရဲ့ သုက်ကောင်ရဲ့ သက်တမ်းနဲ့ သုက်ကောင်အရေအတွက်ကို တိုးမြင့်စေနိုင်မှာပါ။

အသက် ၅၀ အရွယ်မှာ

အသက် ၅၀ ကျော်အရွယ် ဖခင်မှ မွေးတဲ့ ကလေး ၄၇ ဦးမှာ  တစ်ဦးဟာ မွေးရာပါချို့ယွင်းချက်ပါတဲ့ ကလေးရရှိတတ်ကြောင်း နယူဒယောက် တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရသိရပါတယ်။ စိတ်ကျကုသဆေးဝါးတွေကို ရှောင်ရှားခြင်းအားဖြင့် သုက်ကောင်ထိခိုက်မှု မဖြစ်အောင် ၃၀ ရာခိုင်နှုန်း လျော့နည်းစေပါတယ်။ ဖောလိတ်ပါဝင်မှုများတဲ့ နံနက်စာတွေလို အစားအသောက်တွေကို စားပေးပါ။

အသက် ၆၀ အရွယ်မှာ

ဒီအရွယ်မှာ သုက်ကောင်တွေရဲ့ ၈၅ ရာခိုင်နှုန်းက ဆေးပညာအရ ပုံမှန်မဟုတ်တော့ပါဘူး။ ဒီအချိန်မှာတော့ လေ့ကျင့်ခန်း လုပ်တဲ့နည်းနဲ့ သန်စွမ်းအောင်ကြိုးစားပေးပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: