Home Knowledge ဆွဲဆောင်မှုရှိတဲ့ အပြုံးတစ်ပွင့်အတွက် သင်သိထားရမယ့် သွားကျန်းမာရေး

ဆွဲဆောင်မှုရှိတဲ့ အပြုံးတစ်ပွင့်အတွက် သင်သိထားရမယ့် သွားကျန်းမာရေး

0
ဆွဲဆောင်မှုရှိတဲ့ အပြုံးတစ်ပွင့်အတွက် သင်သိထားရမယ့် သွားကျန်းမာရေး

သွားတွေ ကျန်းမာလှပမှ အပြုံးကလည်း လှပနေမှာပါ။ သင့်အနေနဲ့ လှလှပပ ပြုံးနိုင်ဖို့ရာအတွက် ကျန်းမာရေးနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်တွေကို ဖော်ပြလိုက်ရပါတယ်။

သွားဆေးခန်းနှင့်ဝေးဝေးမှာ နေလိုလျှင် ပန်းသီးစားပါ

ပန်းသီး၊ တရုတ်နံနံနဲ့ မုန်လာဥနီတွေလို ၀ါးလို့ကောင်းတဲ့ အစားအစားတွေဟာ ကြိတ်ဝါးပေးတဲ့အခါ သွားတိုက်သလိုမျိုး အာနိသင်ကို ပေးစွမ်းပါတယ်။ သွားပေါ်မှာ အချိန်ကြာအောင်ရှိနေတဲ့ အစွန်းအကွက်တွေကိုလည်း လျော့ပါးသွားစေပါတယ်။ သင်က ကော်ဖီသောက်တတ်သူဖြစ်ပြီး ပန်းသီး၊ မုန်လာဥနီစတာတွေကို ၀ါးမစားဖြစ်ဖူးဆိုရင် သွားပေါ်မှာ အရောင်တွေ စွန်းထင်းနေတာကို တွေ့မြင်နိုင်ပါတယ်။ ပန်းသီးရဲ့အက်ဆစ်အပျော့စား အာနိသင်ဟာ အမျှင်ဓာတ်နဲ့ ပေါင်းစပ်လိုက်ရင် သွားတွေကို သန့်စင်တောက်ပစေတဲ့ အာနိသင်ကိုပေးနိုင်ပါတယ်။

အကောင်းဆုံး အာနိသင်ကို ရရှိစေဖို့

အစာစားပြီးတာနဲ့ ပလုတ်မကျင်းဖြစ်ရင် ဒါမှမဟုတ် သွားမတိုက်ဖြစ်ရင် ပန်းသီးကို စားပေးပါ။ ပြီးရင် ရေတစ်ခွက်သောက်လိုက်တဲ့အခါ သွာကြွေလွှာပေါ်မှာ သွားချေးဖတ်တွေ ကပ်ငြိနေတာမျိုး မဖြစ်နိုင်တော့ပါဘူး။

ရေကူးသည့်အခါ သင့်ရဲ့ အပြုံးကို ကာကွယ်ပါ။

ကလိုရင်ခတ်ထားတဲ့ ရေကူးကန်က ရေတွေဟာ သွားကြွေလွှာတွေကို တိုက်စားပြီး သွားမှာ ကပ်ငြိနေတဲ့ အစွန်းတွေကို လျော့ပါးသွားစေတယ်လို့ သွားဘက်ဆိုင်ရာလေ့လာသူတွေက ဆိုပါတယ်။ ဒါကြောင့်ရေကူးတတ်သူဖြစ်ရင် ရေကူးကန်သွားတိုင်း မျက်နှာသုတ်ပဝါနှင့်အတူ သွားတိုက်တံကိုပါ ယူသွားပါ။ ရေကူးကန်ထဲမှာ ကလိုရင်များတာကလည်း ရေကူးကန်ထဲက Ph အဆင့်ကို လျော့ကျစေပြီး အန္တရာယ် ရှိလောက်တဲ့ အက်ဆစ်အာနိသင်ကိုဖြစ်ပေါ်စေကြောင်း အမေရိကန်သွားဘက်ဆိုင်ရာ အစည်းအဝေးက ဆိုပါတယ်။

အကောင်းဆုံး အာနိသင်ကို ရရှိစေဖို့

ရေကူးကန်ထဲမှာ အချိန်တစ်နာရီကျော်ကြာ အချိန်ဖြုန်းပြီးတိုင်း ဖရိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့သွားတိုက်ပြီး ပလုတ်ကျင်းပေးသင့်ပါတယ်။ သင်က မကြာခဏ ရေကူးတတ်သူဖြစ်ရင် သွားနဲ့ ပတ်သက်ပြီး မသက်မသာခံစားရတာနဲ့ သွားဆရာဝန်ဆီ သွားပြသင့်ပါတယ်။

ဗီတာမင်စီ များများ မှီဝဲပါ

ဗီတာမင်စီက ဆဲလ်တွေကို အတူပေါင်းစည်းထာနိုင်တဲ့ ကော်လိုမျိုး အသုံးဝင်ပါတယ်။ ဒါကြောင့် အရေပြားအတွက် အရေးပါသလို သွားဖုံး တစ်သျူးတွေရဲ့ ကျန်းမာရေးအတွက်လည်း အရေးကြီးပါတယ်။

တစ်နေ့မှာ ဗီတာမင်စီကို ၆ဝမီလီဂရမ်အောက် လျော့နည်းပြီး မှီဝဲတဲ့သူတွေဟာ ၁၈၀ မီလီဂရမ်နဲ့အထက် မှီဝဲသူတွေထက် သွားဖုံးရောဂါ ဖြစ်နိုင်ချေ ၁၅ ရာခိုင်နှုန်းပိုများကြောင်း ဘာဖလိုးနယူးယောက် တက္ကသိုလ်ရဲ့ လူကြီး ၁၂,၀၀၀ ကို လေ့လာမှုအရသိရပါတယ်။
အကောင်းဆုံး အာနိသင်ကို ရှိစေရန် နေ့စဉ် နံနက်စာစားတိုင်း လိမ္မော်ရည် တစ်ဖန်ခွက်သောက်ပါ။ ဒါဟာ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်စီပမာဏကို အများဆုံး ရရှိစေပါတယ်။

သြားေတြ က်န္းမာလွပမွ အၿပဳံးကလည္း လွပေနမွာပါ။ သင့္အေနနဲ႔ လွလွပပ ၿပဳံးႏိုင္ဖို႔ရာအတြက္ က်န္းမာေရးနဲ႔ ပတ္သက္ၿပီး သင္မသိေသးတဲ့ အခ်က္ေတြကို ေဖာ္ျပလိုက္ရပါတယ္။

သြားေဆးခန္းႏွင့္ေဝးေဝးမွာ ေနလိုလွ်င္ ပန္းသီးစားပါ

ပန္းသီး၊ တ႐ုတ္နံနံနဲ႔ မုန္လာဥနီေတြလို ၀ါးလို႔ေကာင္းတဲ့ အစားအစားေတြဟာ ႀကိတ္ဝါးေပးတဲ့အခါ သြားတိုက္သလိုမ်ိဳး အာနိသင္ကို ေပးစြမ္းပါတယ္။ သြားေပၚမွာ အခ်ိန္ၾကာေအာင္ရွိေနတဲ့ အစြန္းအကြက္ေတြကိုလည္း ေလ်ာ့ပါးသြားေစပါတယ္။ သင္က ေကာ္ဖီေသာက္တတ္သူျဖစ္ၿပီး ပန္းသီး၊ မုန္လာဥနီစတာေတြကို ၀ါးမစားျဖစ္ဖူးဆိုရင္ သြားေပၚမွာ အေရာင္ေတြ စြန္းထင္းေနတာကို ေတြ႕ျမင္ႏိုင္ပါတယ္။ ပန္းသီးရဲ႕အက္ဆစ္အေပ်ာ့စား အာနိသင္ဟာ အမွ်င္ဓာတ္နဲ႔ ေပါင္းစပ္လိုက္ရင္ သြားေတြကို သန႔္စင္ေတာက္ပေစတဲ့ အာနိသင္ကိုေပးႏိုင္ပါတယ္။

အေကာင္းဆုံး အာနိသင္ကို ရရွိေစဖို႔

အစာစားၿပီးတာနဲ႔ ပလုတ္မက်င္းျဖစ္ရင္ ဒါမွမဟုတ္ သြားမတိုက္ျဖစ္ရင္ ပန္းသီးကို စားေပးပါ။ ၿပီးရင္ ေရတစ္ခြက္ေသာက္လိုက္တဲ့အခါ သြာေႂကြလႊာေပၚမွာ သြားေခ်းဖတ္ေတြ ကပ္ၿငိေနတာမ်ိဳး မျဖစ္ႏိုင္ေတာ့ပါဘူး။

ေရကူးသည့္အခါ သင့္ရဲ႕ အၿပဳံးကို ကာကြယ္ပါ။

ကလိုရင္ခတ္ထားတဲ့ ေရကူးကန္က ေရေတြဟာ သြားေႂကြလႊာေတြကို တိုက္စားၿပီး သြားမွာ ကပ္ၿငိေနတဲ့ အစြန္းေတြကို ေလ်ာ့ပါးသြားေစတယ္လို႔ သြားဘက္ဆိုင္ရာေလ့လာသူေတြက ဆိုပါတယ္။ ဒါေၾကာင့္ေရကူးတတ္သူျဖစ္ရင္ ေရကူးကန္သြားတိုင္း မ်က္ႏွာသုတ္ပဝါႏွင့္အတူ သြားတိုက္တံကိုပါ ယူသြားပါ။ ေရကူးကန္ထဲမွာ ကလိုရင္မ်ားတာကလည္း ေရကူးကန္ထဲက Ph အဆင့္ကို ေလ်ာ့က်ေစၿပီး အႏၲရာယ္ ရွိေလာက္တဲ့ အက္ဆစ္အာနိသင္ကိုျဖစ္ေပၚေစေၾကာင္း အေမရိကန္သြားဘက္ဆိုင္ရာ အစည္းအေဝးက ဆိုပါတယ္။

အေကာင္းဆုံး အာနိသင္ကို ရရွိေစဖို႔

ေရကူးကန္ထဲမွာ အခ်ိန္တစ္နာရီေက်ာ္ၾကာ အခ်ိန္ျဖဳန္းၿပီးတိုင္း ဖ႐ို႐ိုက္ပါတဲ့ သြားတိုက္ေဆးနဲ႔သြားတိုက္ၿပီး ပလုတ္က်င္းေပးသင့္ပါတယ္။ သင္က မၾကာခဏ ေရကူးတတ္သူျဖစ္ရင္ သြားနဲ႔ ပတ္သက္ၿပီး မသက္မသာခံစားရတာနဲ႔ သြားဆရာဝန္ဆီ သြားျပသင့္ပါတယ္။

ဗီတာမင္စီ မ်ားမ်ား မွီဝဲပါ

ဗီတာမင္စီက ဆဲလ္ေတြကို အတူေပါင္းစည္းထာႏိုင္တဲ့ ေကာ္လိုမ်ိဳး အသုံးဝင္ပါတယ္။ ဒါေၾကာင့္ အေရျပားအတြက္ အေရးပါသလို သြားဖုံး တစ္သ်ဴးေတြရဲ႕ က်န္းမာေရးအတြက္လည္း အေရးႀကီးပါတယ္။

တစ္ေန႔မွာ ဗီတာမင္စီကို ၆ဝမီလီဂရမ္ေအာက္ ေလ်ာ့နည္းၿပီး မွီဝဲတဲ့သူေတြဟာ ၁၈၀ မီလီဂရမ္နဲ႔အထက္ မွီဝဲသူေတြထက္ သြားဖုံးေရာဂါ ျဖစ္ႏိုင္ေခ် ၁၅ ရာခိုင္ႏႈန္းပိုမ်ားေၾကာင္း ဘာဖလိုးနယူးေယာက္ တကၠသိုလ္ရဲ႕ လူႀကီး ၁၂,၀၀၀ ကို ေလ့လာမႈအရသိရပါတယ္။

အေကာင္းဆုံး အာနိသင္ကို ရွိေစရန္ ေန႔စဥ္ နံနက္စာစားတိုင္း လိေမၼာ္ရည္ တစ္ဖန္ခြက္ေသာက္ပါ။ ဒါဟာ တစ္ေန႔တာ လိုအပ္တဲ့ ဗီတာမင္စီပမာဏကို အမ်ားဆုံး ရရွိေစပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: