
Foxconn ကုမ္ပဏီသည် Apple ၏ iPhone အတွက် အဓိက ထုတ်လုပ်တပ်ဆင်သော စက်ရုံဖြစ်ပြီး လုံခြုံရေးတင်းကြပ်သော နေရတစ်ခု လည်းဖြစ်သည်။ သို့သော် ယခုလက်ရှိတွင် Foxconn ကုမ္ပဏီ၏ စီနီယာမန်နေဂျာ တစ်ဦးက iPhone အလုံးရေ ၅၇၀၀ ခန့်ကို ခိုးယူ ရောင်းချမှုဖြင့် တရားရင်ဆိုင်နေရသည်။ အဆိုပါ Foxconn ကုမ္ပဏီ ၏ စီနီယာမန်နေဂျာမှာ iPhone များအား စမ်းသပ်ဌာနတွင် တာဝန်ယူလုပ်ကိုင်ရပြီး iPhone 5 နှင့် iPhone 5s များအား ပြင်ပသို့ ခိုးယူရောင်းချခဲ့ခြင်းဖြစ်သည်။ အတော်များများကတော့ ဒီကိစ္စကို အံ့သြနေပြီး များပြားလှတဲ့ iPhone တွေကို လုံခြုံရေးတင်းကြပ်နေတဲ့ကြားထဲက ဘယ်လိုအပြင်ထုတ်သွားလဲ ဆိုတာပါဘဲ။
အဆိုပါ စီနီယာမန်နေဂျာမှာ စမ်းသပ်ဌာနမှာ လုပ်ကိုင်ရတဲ့အတွက် ဖုန်းများကို ရောင်းချမှုမပြုလုပ်မှီ အရင်စမ်းသပ်ပြီးမှ စာရင်းဌာနသို့ တင်ပြရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့ Foxconn ကုမ္ပဏီ၏ စီနီယာမန်နေဂျာ Tsai ကို စစ်ဆေးမှုများပြုလုပ်နေပြီး ပြစ် မှုထင်ရှားပါက ထောင်ဒဏ် ၁ဝနှစ်ခန့် ကျဖွယ်ရာရှိကြောင်း Asia One website မှ သတင်းများအရ သိရပါတယ်။ iPhone 5 နဲ့ 5s စုစုပေါင်း အလုံးရေ ၅၇၀၀ ကျော်ခန့်အတွက် တန်ဖိုးအားဖြင့် ဒေါ်လာ ၁.၅ သန်း တန်ဖိုးခန့်ရှိကြောင်း သိရပါတယ်။