Home News Snapchat ၏ Discover လုပ်ဆောင်ချက်ကဲ့သို့သော Feature ကို Facebook မှ News Feed တွင် မကြာမှီထည့်သွင်းဖွယ်ရှိ

Snapchat ၏ Discover လုပ်ဆောင်ချက်ကဲ့သို့သော Feature ကို Facebook မှ News Feed တွင် မကြာမှီထည့်သွင်းဖွယ်ရှိ

0
Snapchat ၏ Discover လုပ်ဆောင်ချက်ကဲ့သို့သော Feature ကို Facebook မှ News Feed တွင် မကြာမှီထည့်သွင်းဖွယ်ရှိ

Facebook မှ News Feed တွင် Snapchap ၏ Discover လုပ်ဆောင်ချက်နှင့် ဆင်တူသော Feature အသစ်တစ်ခုကို မကြာမှီထည့်သွင်း မည်ဖြစ်ကြောင်း The Verge မှ ဖော်ပြခဲ့သည်။ ဒါ့အပြင် နောက်ထပ်လာမည့် Feature ကို “Collection” ဟု အမည် သတ်မှတ်သွားမှာ ဖြစ်ပြီး သတင်းပေါင်းများစွာကို ဖော်ပြသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အသုံးပြုသူများက မိမိကြိုက်နှစ်သက်သော သတင်း ကို ဖတ်ရှုနိုင်မည်ဖြစ်ပြီး မဖတ်လိုသော သတင်းများကိုလည်း ကျော်ဖတ်နိုင်မှာဖြစ်ပါတယ်။ ၂၀၁၆ခုနှစ် မေလ မှာ မိတ်ဆက်ခဲ့တဲ့ Instant Articles Feature ကဲ့သို့ သတင်းတွေကို ဖတ်ရှုနိုင်မှာဖြစ်ပြီး ယခုထွက်ရှိမယ့် Collection Feature နဲ့တော့ အနည်းငယ်ကွဲ ပြားမှာ ဖြစ်ပါတယ်။ Instant Article Feature မှာ Website တစ်ခုခြင်းဆီရဲ့ သတင်းကိုသာ ဖတ်ရှုနိုင်မှာဖြစ်ပြီး Collection Feature အသစ်မှာတော့ Website ပေါင်းများစွာရဲ့ သတင်းတွေကို တစ်နေရာထဲကနေ ဖတ်ရှုနိုင်ဖို့ စီစဉ်ထားမယ်လို့ သိရ ပါတယ်။ ဒါကြောင့် Facebook က လူမှုကွန်ရက်လုပ်ငန်းကနေ မီဒီယာလုပ်ငန်းအသွင်သို့ချဉ်းကပ်လာပြီဖြစ်ပါတယ်။

ထို့သို့ Collection Feature အသစ်မှာ Facebook မှ သတင်းအတုအယောင်တွေကိုလည်း စစ်ထုတ်သွားမှာဖြစ်ပြီး မီဒီယာများနဲ့ ပူးပေါင်းခြင်း ဖြင့် ကြည့်ရှုသူပိုမိုများပြားလာအောင် လုပ်ဆောင်နေခြင်း လည်းဖြစ်ပါတယ်။ Snapchat ရဲ့ discover feature မှာက တော့ မီဒီယာများနဲ့ ပူးပေါင်းထားတာကြောင့် တစ်ရက်ကို ၁ဝဘီလီယံ ဗီဒီယိုကြည့်ရှုမှုနှုန်းရှိနေပြီ လူပေါင်း ၁၅ဝမီလီယံက အသုံးပြုလျက်ရှိပါ တယ်။ ဒါကြောင့် Snapchat ရဲ့ discover နဲ့ ဆင်တူတဲ့ Feature ကို Facebook မှ Collection ဟူသော Feature အသစ်နဲ့ ဖန်တီးသွား မှာဖြစ်ပြီး လက်တွေ့မှာ အလုပ်ဖြစ်မဖြစ်ဆိုတာကတော့ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။ တစ်ကယ်တမ်းမှာတော့ Snapchat ရဲ့ Feature အတိုင်း Facebook က ထပ်တူနီးပါးကျအောင် အကောင်အထည်ဖော်နေခြင်းသာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: