Home Knowledge ကိုယ်တန်ဖိုးထားရတဲ့သူ သေဆုံးသွားတဲ့အခါ ပူဆွေးဝမ်းနည်းမှုကို ဘယ်လိုဖြေဖျောက်မလဲ

ကိုယ်တန်ဖိုးထားရတဲ့သူ သေဆုံးသွားတဲ့အခါ ပူဆွေးဝမ်းနည်းမှုကို ဘယ်လိုဖြေဖျောက်မလဲ

0
ကိုယ်တန်ဖိုးထားရတဲ့သူ သေဆုံးသွားတဲ့အခါ ပူဆွေးဝမ်းနည်းမှုကို ဘယ်လိုဖြေဖျောက်မလဲ

ငိုတယ်ဆိုတယ်ဆိုတာ ဝမ်းနည်းကြေကွဲတာကိုဖော်ပြတဲ့ အရေးကြီးဆုံးခံစားမှုပါ။ မျက်ရည်မကျပဲ ရင်ထဲမှာ မျိုသိပ်ပြီး ဝမ်းနည်းကြေကွဲနေမယ်ဆိုရင် ပူဆွေးဝမ်းနည်းမှုက တော်တော်နည်းလျော့သွားမှာ မဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့သူတစ်ဦး သေဆုံးသွားတဲ့အခါ ပူဆွေးရတာက လူတိုင်းတွေ့ကြုံနိုင်တဲ့ အတွေ့အကြုံပဲ ဖြစ်ပေမဲ့ ပူဆွေးဝမ်းနည်းမှုကို တုံ့ပြန်တဲ့ ပုံစံကတော့ တစ်ဦးနဲ့တစ်ဦး မတူပါဘူး။ ဒါ့အပြင် ပူဆွေးဝမ်းနည်းမှု အပေါ်သက်ရောက်မှုရှိတဲ့ အချက်တွေ အများကြီးလည်းရှိပါသေးတယ်။ အဲ့ဒီအချက်တွေကတော့

သေဆုံးသူရဲ့ အသက်

သေဆုံးသူနဲ့ ထိတွေ့ဆက်ဆံခဲ့ရတဲ့သူတွေ ခံစားရတဲ့ သဘာဝပုံစံ (ဥပမာ- သေဆုံးသူရဲ့ မိဘ၊ ဘဝလက်တွဲဖော်၊ သားသမီး စတဲ့ သူတွေကပိုပြီးခံစားရလေ့ရှိသလို သေဆုံးသူက သူတို့အပေါ်ကောင်းရင်ကောင်းသလို ခံစားချက်က ကွဲပြားသွားနိုင်ပါတယ်။)

သေဆုံးတဲ့ ပုံစံ

နာတာရှည်ရောဂါကြောင့် သေဆုံးတာလား ဒါမှမဟုတ် ရုတ်တရက် မတော်တဆထိခိုက်မှုကြောင့် သေဆုံးတာလား။

ကျန်ရစ်သူရဲ့ ပင်ကိုစိတ်ဓာတ်

တချို့က လောကဓံကို ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ဓာတ်မျိုးရှိကြပြီး တစ်ချို့က အားငယ်တတ်တဲ့ စိတ်မျိုးရှိတတ်ကြပါတယ်။

တစ်စုံတစ်ဦးက သေဆုံးရတဲ့အတွက် ငိုကြွေးရတာကို မကြိုက်ဘူးဆိုရင်လည်း အဆင်ပြေပါတယ်။ ကိုယ်ပိုင်နည်းလမ်းနဲ့ ပူဆွေးမှုလျော့ပါးစေဖို့ အချိန်တော့လိုပါတယ်။ ကိုယ်ခံစားရတဲ့ ခံစားချက်အပေါ်မူတည်ပြီး အဆင်ပြေသလို သက်သာအောင် ကြိုးစားသင့်ပါတယ်။ ဥပမာ- အပန်းဖြေခရီးထွက်တာမျိုး၊ အလုပ်သစ်တစ်ခုကို ရှာပြီး ကြိုးစားလုပ်ကိုင်တာမျိုး။

သင်ဟာ အထီးကျန်တယ်လို့ ခံစားနေရရင် နေ့စဉ်လုပ်စရာရှိတဲ့ ကိစ္စတွေကို အချိန်ဇယားချပြီး မနားမနေလုပ်သင့်ပါတယ်။ ဒါမှမဟုတ် တစ်ချိန်လုံး ငိုချင်နေတဲ့ ဝမ်းနည်းကြေကွဲစိတ်ကို ခံစားနေရမယ်ဆိုရင် မိတ်ဆွေအပေါင်းအသင်းတွေကို ရင်ဖွင့်ပြောဆိုသင့်ပါတယ်။ စိတ်ဓာတ်ကျတာ အချိန်ကြာနေရင် ဆရာဝန်ဆီ သွားရောက်တွေ့ဆုံပြီး ဆေးကုသမှု ခံယူသင့်ပါတယ်။

ပူဆွေးဝမ်းနည်းမှု သက်သာပျောက်ကင်းသွားဖို့ဆိုရင် အချိန်အတိုင်းအတာတစ်ခုတော့ ပေးဖို့လိုပါတယ်။ အချိန်အကြာကြီး ခံစားနေရတဲ့ ပူဆွေးသောကဟာ စိတ်ကျရောဂါနဲ့ အခြားစိတ်ပိုင်ဆိုင်ရာ ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သက်သာပျောကင်ကင်းသင့်တဲ့ အချိန်အတိုင်အတာတစ်ခုကို ကျော်ဖြတ်ပြီးလို့မှ ပူဆွေးနေတုန်းပဲဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့လိုအပ်နေပါပြီ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: