Home How To အွန်လိုင်းပေါ်မှ သင်ယူနိုင်မယ့် အခမဲ့သင်ကြားရေး ဝက်ဘ်ဆိုဒ် ၅ ခု

အွန်လိုင်းပေါ်မှ သင်ယူနိုင်မယ့် အခမဲ့သင်ကြားရေး ဝက်ဘ်ဆိုဒ် ၅ ခု

0
အွန်လိုင်းပေါ်မှ သင်ယူနိုင်မယ့် အခမဲ့သင်ကြားရေး ဝက်ဘ်ဆိုဒ် ၅ ခု

အမှန်တစ်ကယ်တော့ အင်တာနက်ပေါ်မှာ ပညာတွေသင်ကြားနိုင်မယ့် အခမဲ့သင်ကြားရေး ဝက်ဘ်ဆိုဒ်တွေ မရေမတွက်နိုင်လောက် အောင် များပြားပါတယ်။ အခု ဒီပိုစ့်မှာ ဖော်ပြမယ့် ဝက်ဘ်ဆိုဒ် (၅) ခုကတော့ နာမည်ကြီး သင်ကြားရေးဆိုဒ် တွေ ဘဲဖြစ်ပါတယ်။ ယနေ့ခေတ်မှာ အင်တာနက်လိုင်းတွေ ယခင်ကထက် အဆပေါင်းများစွာ ကောင်းမွန်လာပြီ ဖြစ် သလို အင်တာနက်ကနေတစ်ဆင့် အသိပညာ၊ဗဟုသုတတွေကိုလည်း ယခင်ကထက် ပိုမိုလွယ်ကူစွာရှာဖွေလေ့လာနိုင်ပြီ ဖြစ်ပါတယ်။

အချို့ကတော့ အင်တာနက်ဆိုတာ Facebook, Viber, Beetalk လောက်ဘဲ သိကြသလို အတော်များများကိုလဲ Facebook လို လူမှု ကွန်ရက် တွေရဲ့ သတင်းကနေဘဲ ဖတ်ရှုကြတာများပါတယ်။ သုတေသီများရဲ့ လေ့လာမှုများအရ ဆင်းရဲတဲ့ နိုင်ငံအတော်များများမှာ Facebook တစ်ခုတည်းကိုသာ အရင်းအမြစ်ကဲ့သို့ အသုံးပြုနေကြပြီး အခြား ပြင်ပ ဗဟုသုတ ရှာဖွေမှတ်သားမှုမှာ အားနည်းကြတယ် လို့ စစ်တမ်းများက ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် အင်တာနက်ကိုအသုံးပြုပြီး ပညာလေ့လာရှာဖွေလိုသူများအတွက် ဆန်းသစ်မြန်မာ Staff Team ကနေ အခမဲ့ပညာသင်ကြားရေး ဝက်ဘ်ဆိုဒ် (၅) ခုကို စုစည်းဖော်ပြလိုက်ရပါတယ်။

၁။ Coursera

စတန်းဖို့ဒ်တက္ကသိုလ်၊အောက်စဖို့ဒ်တက္ကသိုလ်စတဲ့နာမည်ကြီးထင်ရှားတဲ့ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားပြီး Course များစွာရှိပါတယ်။ Course တစ်ခုကို တက်ရောက် အောင်မြင်ရင်တော့ Certificate ပါရရှိမှာ ဖြစ်ပါတယ်။ဒါပေမယ့်လုပ်ဆောင်ရမယ့် Project တွေကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ရင်တော့ Certificateရရှိမှာမဟုတ်ပါဘူး။

Address: http://www.coursera.org

coursera

၂။ Edx

Coursera လိုဘဲ နာမည်ကြီး တက္ကသိုလ်တွေနဲ့ချိတ်ဆက် သင်ကြားပေးခြင်းဖြစ်ပါတယ်။ သင်တန်း ပြီးမြောက်ရင် Certificate ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့်Project ကိုသတ်မှတ် အချိန်တွင်းမှာ ပြီးမြောက် အောင်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Address: http://www.edx.org
edx
၃။ Alison

Alison ကတော့ နည်းပညာ၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့သင်တန်းများအပြင် ဘာသာစကားများကို လည်းလေ့လာနိုင်ပါတယ်။ သင်တန်းပြီးဆုံးရင်Certificate ရရှိမှာဖြစ်ပါတယ်။

Address: http://www.alison.com
alison
၄။ Khan

လူသိများကျော်ကြားတဲ့ သင်ကြားရေး ဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်ပြီး ထူးခြားချက်က သင်ရိုးညွှန်းတန်းတွေကို မိမိလေ့လာလိုတဲ့ ဘာသာစကားအမျိုးမျိုးနဲ့ လေ့လာနိုင်ပါတယ်။

Address: http://www.khanacademy.org
khan
၅။ Memrise

Memrise ကတော့ ဘာသာစကား သင်ကြားရေး ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်ပါတယ်။ မိမိနှစ်သက်ရာ ဘာသာစကားကို အခြေခံမှစတင်၍ လေ့လာနိုင်ပါတယ်။

Address: http://www.memrise.com
memrise

အမွန္တစ္ကယ္ေတာ့ အင္တာနက္ေပၚမွာ ပညာေတြသင္ၾကားႏိုင္မယ့္ အခမဲ့သင္ၾကားေရး ဝက္ဘ္ဆိုဒ္ေတြ မေရမတြက္ႏိုင္ေလာက္ ေအာင္ မ်ားျပားပါတယ္။ အခု ဒီပိုစ့္မွာ ေဖာ္ျပမယ့္ ဝက္ဘ္ဆိုဒ္ (၅) ခုကေတာ့ နာမည္ႀကီး သင္ၾကားေရးဆိုဒ္ ေတြ ဘဲျဖစ္ပါတယ္။ ယေန႔ေခတ္မွာ အင္တာနက္လိုင္းေတြ ယခင္ကထက္ အဆေပါင္းမ်ားစြာ ေကာင္းမြန္လာၿပီ ျဖစ္ သလို အင္တာနက္ကေနတစ္ဆင့္ အသိပညာ၊ဗဟုသုတေတြကိုလည္း ယခင္ကထက္ ပိုမိုလြယ္ကူစြာရွာေဖြေလ့လာႏိုင္ၿပီ ျဖစ္ပါတယ္။

အခ်ိဳ႕ကေတာ့ အင္တာနက္ဆိုတာ Facebook, Viber, Beetalk ေလာက္ဘဲ သိၾကသလို အေတာ္မ်ားမ်ားကိုလဲ Facebook လို လူမႈ ကြန္ရက္ ေတြရဲ႕ သတင္းကေနဘဲ ဖတ္ရႈၾကတာမ်ားပါတယ္။ သုေတသီမ်ားရဲ႕ ေလ့လာမႈမ်ားအရ ဆင္းရဲတဲ့ ႏိုင္ငံအေတာ္မ်ားမ်ားမွာ Facebook တစ္ခုတည္းကိုသာ အရင္းအျမစ္ကဲ့သို႔ အသုံးျပဳေနၾကၿပီး အျခား ျပင္ပ ဗဟုသုတ ရွာေဖြမွတ္သားမႈမွာ အားနည္းၾကတယ္ လို႔ စစ္တမ္းမ်ားက ေဖာ္ျပခဲ့ပါတယ္။ ဒါေၾကာင့္ အင္တာနက္ကိုအသုံးျပဳၿပီး ပညာေလ့လာရွာေဖြလိုသူမ်ားအတြက္ ဆန္းသစ္ျမန္မာ Staff Team ကေန အခမဲ့ပညာသင္ၾကားေရး ဝက္ဘ္ဆိုဒ္ (၅) ခုကို စုစည္းေဖာ္ျပလိုက္ရပါတယ္။

၁။ Coursera

စတန္းဖို႔ဒ္တကၠသိုလ္၊ေအာက္စဖို႔ဒ္တကၠသိုလ္စတဲ့နာမည္ႀကီးထင္ရွားတဲ့ တကၠသိုလ္ေတြနဲ႔ ခ်ိတ္ဆက္ထားၿပီး Course မ်ားစြာရွိပါတယ္။ Course တစ္ခုကို တက္ေရာက္ ေအာင္ျမင္ရင္ေတာ့ Certificate ပါရရွိမွာ ျဖစ္ပါတယ္။ဒါေပမယ့္လုပ္ေဆာင္ရမယ့္ Project ေတြကို ၿပီးေျမာက္ေအာင္ မလုပ္ေဆာင္ႏိုင္ရင္ေတာ့ Certificateရရွိမွာမဟုတ္ပါဘူး။

Address: http://www.coursera.org

၂။ Edx

Coursera လိုဘဲ နာမည္ႀကီး တကၠသိုလ္ေတြနဲ႔ခ်ိတ္ဆက္ သင္ၾကားေပးျခင္းျဖစ္ပါတယ္။ သင္တန္း ၿပီးေျမာက္ရင္ Certificate ရရွိမွာျဖစ္ပါတယ္။ ဒါေပမယ့္Project ကိုသတ္မွတ္ အခ်ိန္တြင္းမွာ ၿပီးေျမာက္ ေအာင္လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။

Address: http://www.edx.org

၃။ Alison

Alison ကေတာ့ နည္းပညာ၊ စီးပြားေရး၊ က်န္းမာေရး စတဲ့သင္တန္းမ်ားအျပင္ ဘာသာစကားမ်ားကို လည္းေလ့လာႏိုင္ပါတယ္။ သင္တန္းၿပီးဆုံးရင္Certificate ရရွိမွာျဖစ္ပါတယ္။

၄။ Khan

လူသိမ်ားေက်ာ္ၾကားတဲ့ သင္ၾကားေရး ဝက္ဘ္ဆိုဒ္တစ္ခု ျဖစ္ၿပီး ထူးျခားခ်က္က သင္႐ိုးၫႊန္းတန္းေတြကို မိမိေလ့လာလိုတဲ့ ဘာသာစကားအမ်ိဳးမ်ိဳးနဲ႔ ေလ့လာႏိုင္ပါတယ္။

Address: http://www.khanacademy.org

၅။ Memrise

Memrise ကေတာ့ ဘာသာစကား သင္ၾကားေရး ဝက္ဘ္ဆိုဒ္တစ္ခုျဖစ္ပါတယ္။ မိမိႏွစ္သက္ရာ ဘာသာစကားကို အေျခခံမွစတင္၍ ေလ့လာႏိုင္ပါတယ္။

Address: http://www.memrise.com

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: