Home Lifestyle သင် ဘာကြောင့် အိမ်ထောင်ပြုသင့်တာလဲ

သင် ဘာကြောင့် အိမ်ထောင်ပြုသင့်တာလဲ

0
သင် ဘာကြောင့် အိမ်ထောင်ပြုသင့်တာလဲ

သင့်အနေနဲ့ တစ်ကိုယ်တည်း အပျိုကြီး၊ လူပျိုကြီးဘဝနဲ့ ရပ်တည်ဖို့မသင့်တဲ့အချက်တွေရှိနေပါတယ်။ လူအများစုက ဘာကြောင့်အိမ်ထောင်ပြုကြတာလဲလို့ သင်စဉ်စားမိရဲ့လား။ တကယ်တော့ သင်မွေးဖွားရာ မိသားစု၊ ဓလေ့စရိုက်မတူသူတစ်ယောက်နဲ့ ဘဝတစ်ခုရယ်လို့ပေါင်းစပ်ပြီး အိမ်ထောင်ပြုတာဟာ ဘာကြောင့်ကျန်းမာရေးနဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတာရော သင်တွေးမိရဲ့လား။ အိမ်ထောင်ပြုတာဟာ သင့်ကျန်းမာရေးကို ကောင်းမွန်စေတဲ့ အချက်တွေရှိနေတယ်လို့ သုတေသီတွေက ဆိုပါတယ်။ အိမ်ထောင်ပြုတာဟာ သင့်အတွက် ဘယ်လိုမျိုးကောင်းမွန်စေလဲ ဆိုတာ သိရှိစေဖို့ ရည်ရွယ်ရေးသားလိုက်ရပါတယ်။

စိတ်ဖိစီးမှုကိုလျော့ကျစေတယ်

ကယ်လ်ဖိုးနီးယား တက္ကသိုလ်မှ ပညာရှင်တွေရဲ့ လေ့လာမှုအရ ဘဝခရီးကို တစ်ကိုယ်တည်း ဖြတ်သန်းနေတဲ့သူတွေထက် ဘဝအဖော်မွန်ကို လက်တွဲပြီး သင့်ဘဝခရီးကို လျောက်လှမ်းတာက ပျော်ရွှင်မှုကို ပိုမိုရရှိစေပြီး စိတ်ဖိစီးမှုကို လျော့နည်းစေတာကို တွေ့ရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတော့ စိတ်ဖိစီးမှုကို လျော့နည်းစေတဲ့ ဟော်မုန်း ကော်တီဇောဓာတ်ကို လျော့ချပေးနိုင်တာကြောင့်လို့ သုတေသီတွေက ဆိုပါတယ်။

လေဖြတ်နိုင်ချေကိုလျော့နည်းစေတယ်

သာယာတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားနိုင်တဲ့ အိမ်ထောင်ရှင်အမျိုးသားတွေဟာ လေဖြတ်နိုင်ချေ လျော့နည်းနေတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ အိမ်ထောင်မပြုပဲ တစ်ကိုယ်တည်းနေသူနေတွေဟာ အိမ်ထောင်ပြုထားသူ အမျိုးသားတွေထက် လေဖြတ်ပြီးသေဆုံးနိုင်ခြေ ၆၄ရာခိုင်နှုန်းရှိတယ်လို့တွေရပါတယ်။

အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို လျော့နည်းစေတယ်

တစ်ကိုယ်တည်းနေသူ လူလတ်ပိုင်းတွေဟာ အိမ်ထောင်ရှင်အမျိုးသားတွေထက် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါတယ်။ လူလတ်ပိုင်းမှာ အိမ်ထောင်ကွဲတဲ့ အမျိုးသားတွေကတော့ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနိုင်ခြေ သုံးဆပိုမိုတာကို ဆွီဒင်တက္ကသိုလ်က ပြုလုပ်တဲ့ သုတေသနတွေအရ သိရပါတယ်။

သွေးတိုးကျစေတယ်

ဘရစ်ဟတ်ဒတက္ကသိုလ်မှ ပညာရှင်များက အိမ်ထောင်ရှင် အမျိုးသားနဲ့ အမျိုးသမီးတွေကို သုတေသန ပြုလေ့လာကြည့်တဲ့အခါ သွေးပေါင်မြင့်တက်မှုမရှိတာကို တွေ့ရပါတယ်။

စိတ်ကျရောဂါဖြစ်ပွားမှုမှ ကင်းဝေးစေတယ်

အိမ်ထောင်ပြုထားသူတွေဟာ တစ်ဦးနဲ့တစ်ဦးနဲ့တစ်ဦး ဖေးမကူညီမှုတွေ၊ လက်တွဲဖြေရှင်းမှုတွေ၊ ညှိနှိုင်း တိုင်ပင်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာ အထီးကျန်မှုတွေမရှိစေပဲ စိတ်ကျရောဂါဖြစ်ပွားမှုကို ကင်းဝေးစေပါတယ်။

စိတ်လေလွင့်မှုလျော့နည်းစေတယ်

အိမ်ထောင်မပြုမီ Single ဘဝတွေမှာ တစ်ခါတစ်ရံ အချိန်တွေကို အကျိုးရှိရှိ အသုံးမချမိပဲ အပေါင်းအသင်းတွေနဲ့ သွားလာလည်ပတ်တာ၊ မူးယစ်သောက်စားတာ၊ အိမ်ပြန်နောက်ကျတာတွေ လုပ်မိနိုင်ပါတယ်။ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာတော့ ဒီလိုလေလွင့်နေဖို့ အချိန်တွေ နည်းသွားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: