Home Knowledge အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်း မဖြစ်စေဖို့

အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်း မဖြစ်စေဖို့

0
အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်း မဖြစ်စေဖို့

အစားကို အလွန်အကျွံစားခြင်း

အစားကို ဝမ်းဗိုက်ကားနေအောင်စားတာကြောင့် သင့်ရဲ့ခါးအရွယ်ကိုတိုးလာစေပါတယ်။ ဒါဟာ နှလုံးရောဂါနဲ့ ဆီးချိုးသွေးချိုရောဂါအမျိုးအစား (၂)ခုရဲ့ လက္ခဏာတွေအစောဆုံးပြစေပါတယ်။ ဒီထက်ဆိုတာက အစာစားလွန်တာကြောင့် အစာအိမ်နံရံချဲ့ကားပြီး အနာတရဖြစ်စေပါတယ်။ ဒါကြောင့် သင် အစာစားတဲ့အခါ ဖြည်းဖြည်းချင်းဝါးစားပါ။ ဒီလို စားတာကြောင့် ခန္ဓာကိုယ်က ဗိုက်ပြည့်တယ်လို့ ထင်မြင်စေတာကြောင့် အစားအလွန်အကျွံစားမိတာကို ရှောင်ရှားနိုင်ပါတယ်။

တီဗီရှေ့မှာ အချိန်ဖြုန်းခြင်း

တီဗီကြည့်တာ၊ ဂိမ်းကစားတာ၊ အင်တာနက် အသုံးပြုတာ စတာတွေကို အချိန်များများပေးပြီးလုပ်ဆောင်နေတာကြောင့် သင့်ရဲ့ခါး၊ မျက်လုံးနဲ့ ဦးနှောက်တွေကို ဆိုးကျိုးဖြစ်စေပါတယ်။ တီဗီ၊ ကွန်ပျူတာ၊ ဖုန်းတွေရဲ့ဖန်သားပြင်ကို စူးစိုက်ကြည့်တာကြောင့် မျက်လုံးညောင်းစေပါတယ်။ လှုပ်ရှားမှုမရှိပဲ ထိုင်နေတာကြောင့် သင့်ခါးအရွယ်အစားဟာ နဂိုထက် တိုးလာစေပါတယ်။ တီဗီကြည့်တာ ဖုန်းနဲ့ ကွန်ပျူတာတွေ အသုံးပြုတာဟာ ဦးနှောက်ဆဲလ်တွေ ပျက်စီးတာကို ဟန့်တားနိုင်တဲ့ လှုံ့ဆော်မှုမရှိပဲ လေးလန်ထိုင်းမှိုင်းစေတာကြောင့် ဦးနှောက်ဉာဏ်ရည်ကို ထိခိုက်စေပါတယ်။ ဒါတွေဟာ အရွယ်မတိုင်မီ သင့်ကျန်းမာရေးကို ဒုက္ခပေးနိုင်တဲ့ အရာတွေပါ။

ဒေါသထွက်ခြင်း

ဖိစီးမှုတစ်ခုလို့ဆိုနိုင်တဲ့ ဒေါသက သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းရင်းတစ်ခုပါ။ သင့်နှလုံးခုန်နှုန်းတွေမြန်လာပြီး ဦးနှောက်ကလည်း လှုံ့ဆော်မှုတစ်ခုကို လုပ်ဆောင်ပေးပါတယ်။ သင့်အလုပ်မှာ၊ မိသားစုမှာ၊ ပတ်ဝန်းကျင်မှာ စတဲ့တစ်နေရာရာမှာ ဒေါသဟာ အစပျိုးဖြစ်ပေါ်လာနိုင်ပါတယ်။ သင့်ဒေါသကို လျော့ချနိုင်တာဟာ သင့်ရဲ့ အိုမင်းရင့်ရော်မှုကို ကာကွယ်နိုင်ပါတယ်။

လိင်ဆန္ဒ အားနည်းခြင်း

နိုးကြားတက်ကြွစေတဲ့ လိင်ဆန္ဒရှိတာဟာ သင့်ကို နုပျိုနေသေးကြောင်း သက်သေပြနေပါတယ်။ လိင်ဆက်ဆံမှုပြီးမြောက်တဲ့အခါ ခန္ဓာကိုယ်က ကျေနပ်မှုဖြစ်စေတဲ့ ဓာတုပစ္စည်းတစ်မျိုးထွက်ရှိပြီး သင့်ရဲ့ ခုခံအားစနစ်ကိုပါ မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် နှလုံးရဲ့ စွမ်းဆောင်ရည်ကိုပါ တိုးတက်စေပါတယ်။

သီချင်းကျယ်ကျယ် နားထောင်ခြင်း

နည်းပညာတွေ ဘက်စုံတိုးတက်နေတဲ့ ခေတ်ကြီးမှာ လူကြီးလူငယ်တွေဟာ ခေတ်ရဲ့တိုးတက်မှုကို ခံစားနေကြပါပြီ။ နေရာတိုင်လိုလိုသယ်ဆောင်သွားလို့ရတဲ့ Portable Music Box ကြီးတွေနဲ့လည်း သီချင်းတော်တော်များများကို ထည့်သွင်းကာ မြူးကြွခံစားကြတာ လူငယ်တွေ အကြိုက်တစ်မျိုးပါ။ ဒါပေမဲ့ အသံကို ကြားနိုင်ရုံအသံထက် ကျယ်ကျယ်လောင်လောင် ဖွင့်ပြီး နားထောင်တာကြောင့် အသက်မကြီးခင်မှာပင် အကြားအာရုံထိခိုက်မှုကို ဖြစ်စေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: