Home News Facebook Messenger မှ ဂိမ်းကစားနိုင်မည့် လုပ်ဆောင်ချက်ကို ထည့်သွင်း

Facebook Messenger မှ ဂိမ်းကစားနိုင်မည့် လုပ်ဆောင်ချက်ကို ထည့်သွင်း

0
Facebook Messenger မှ ဂိမ်းကစားနိုင်မည့် လုပ်ဆောင်ချက်ကို ထည့်သွင်း

Facebook Messenger မှ တစ်ဆင့် ဂိမ်းကစားနိုင်မည့် လုပ်ဆောင်ချက်ကို မကြာမှီ Update အနေဖြင့် ထုတ်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ HTML 5 ဖြင့်ရေးသားတီထွင်ထားသည့် ဂိမ်းများကို ဒေါင်းလုပ်ဆွဲရန်မလိုဘဲ ပေါ့ပါးစွာ ကစားနိုင်မည်ဖြစ်ပြီး ကစားသူအချင်းချင်းကို အမှတ်ပေးသည့် စနစ်များလဲ ပါဝင်သည်။ လာမည့် Messenger update တွင် ဂိမ်းသင်္ကေတ အနေဖြင့် ပါဝင်လာမည်ဖြစ်ပြီး ဂိမ်းကစားရန် အဆိုပါ button ကိုနှိပ်၍ ဝင်ရောက်ရမည်ဖြစ်သည်။ ဂိမ်းများကို အုပ်စုဖွဲ့၍ လည်း ယှဉ်ပြိုင်ကစားနိုင်မည် ဖြစ်ကာ လက်ရှိတွင် ဂိမ်း ၁ရမျိုးသာ ကစားနိုင်မည်ဖြစ်သည်။ ကစားနိုင်မည့် ဂိမ်းများမှာ အောက်ပါပုံ အတိုင်း ဖြစ်ပါတယ်။

facebook instant game

Facebook Instant Game ကို လက်ရှိတွင် နိုင်ငံပေါင်း ၃ဝခန့်တွင် အသုံးပြု ကစားနိုင်ပြီဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင်မူ လက်ရှိ တွင် Instant Game Feature ကို အသုံးပြုရရှိနိုင်မည်မဟုတ်သေးချေ။ အောက်ပါ Video ကတော့ Facebook Instant Game ကို သရုပ်ဖော်ပြထားတာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: